မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Sunday, June 30, 2013

မြိတ်မြို့နယ် လုံးကျွတ် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ပြုလုပ်


ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် မှ ဦးစီး၍ မြိတ်မြို့နယ် လုံးကျွတ် သာသနာ့ နွယ်ဝင် သီလရှင် များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကို ဇွန်လ (၂၉) ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် မြိတ်မြို့ ရွှေဘေး ကျေးရွာရှိ  တိုင်းရန်အောင်ခန်းမတွင် ပြုလုပ်ရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေးနှင့် ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ ဦးစီးအရာရှိများနှင့် ဇနီးများ၊ တပ်ရင်း တပ်ဖွဲ့များ၊ မြိတ်ခရိုင် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ ၊ စေတနာရှင် အလှူရှင်များ စုစုပေါင်း (၄၅၀) ဦးခန့် တက်ရောက်ကြသည်။

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် မြိတ်မြို့၌ ကျင်းပ


၂၀၁၃ ခုနှစ်  မိုးရာသီ သစ်ပငိ စိုက်ပျိုးပွဲကို ဇွန်လ (၃၀) ရက်နေ့ နံနက် (၉)နာရီအချိန်တွင် မြိတ်မြို့ ကျောက်ဖြူတောင်ရွာရှိ  ကွန်ပျူတာ တက္ကသိုလ် (မြိတ်) ပင်မဆောင် ပတ်ဝန်းကျင်တွင် ပြုလုပ်ခဲ့ရာ  ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များနှင့် ပြည်သူများက ရတနာတန်းဝင် သစ်မျိုးဖြစ်သော ပျဉ်းကတိုးပင် (၅၄၀)ပင်ကို စိုက်ပျိုးခဲ့သည်။ 

မီးနီ ဖြတ်မောင်းသည့် မော်တော်ယာဉ် စစ်ဆေးရာမှ လိုင်စင်မဲ့ယာဉ်ဖြစ်၍ အရေးယူ

၂၀၁၃ ခုနှစ် ဇွန်လ (၂၇) ရက်နေ့ နံနက် (၁၀) နာရီ ကျော် အချိန်ခန့်တွင် ယာဉ်အမှတ် ၃ဂ/၅၂၄၇ Nissan နံသာရောင် သည် မီးပွိုင့်မီးနီအား ဖြတ်မောင်း သဖြင့်   မြိတ်မြို့ ကရာနီ မီးပွိုင်တွင် တာဝန် ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ၄င်းယာဉ်အား ရပ်တန်း၍ စစ်ဆေးခဲ့ရာ ၄င်းယာဉ်မောင်း တပ်ကြပ်ကြီး စိုးသူဝင်း ၊ အမှတ်(၉၄၅) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ် မြိတ်မြို့သည် ယာဉ်နှင့် ပတ်သက်ပြီး သက်သေခံ အထောက်အထား တစ်စုံတစ်ရာမှ ပြသနိုင်ခြင်း မရှိပဲ 

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ ကျွန်းစုမြို့၌ ကျင်းပ

မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ် မြေစိုက် ပိုစတာ စိုက်ထူပွဲနှင့် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို  ၂၀၁၃ ခုနှစ် ဇွန်လ (၂၉) ရက်နေ့ တွင် ကျွန်းစုမြို့၌ ကျင်းပပြုလုပ်ရာ ပထမဦးစွာ  မြေစိုက်ပိုစတာ စိုက်ထူခြင်း အခမ်းအနားအား နံနက်(၇း၃၀)နာရီအချိန် ကျွန်းစုမြို့ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်း၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာဝင်းနှင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း ၀င်များ၊ ပြည်သူလူထုများ  တက်ရောက် ခဲ့ကြပြီး မြေစိုက်ပိုစတာ ဆိုင်းဘုတ်အား မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင် ဒေါ်သီတာမျိုးနှင့် ဒေါ်တင်တင်ကြည်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

ထိုနောက်  မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲကို နံနက် (၈)နာရီ အချိန်တွင် အမှတ်(၃)ရပ်ကွက် မြို့မ အားကစားကွင်း အနီး စိုက်ကွင်းတွင် ကျင်းပရာ ပျဉ်းကတိုး(၂၀၀)ပင်၊ စိန်ပန်း(၁၅၀)ပင်၊ မဲဇလီ(၁၅၀)ပင်၊ ယူကလစ်(၅၅)ပင် စုစုပေါင်း(၅၅၅)ပင်ကို တနင်္သာရီရေ တပ်စခန်း ဌာနချုပ် ဒုတိယ ဌာနချုပ်မှူးနှင့် အရာရှိများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဌာန ဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၂၅၀)ဦးခန့်က စိုက်ပျိုးခဲ့ကြောင်း သတင်း ရရှိပါသည်။


Saturday, June 29, 2013

ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေး ဟောပြောပွဲ မြိတ်တက္ကသိုလ်၌ ပြုလုပ်


ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေး  ဟောပြောပွဲကို ဇွန်လ(၂၈)ရက် နံနက်(၁၀)နာရီ တွင် မြိတ်တက္ကသိုလ်၌ တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမဆောင်၌ ကျင်းပရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သက်ထွန်းအောင်နှင့် ဆရာ/ဆရာမများ ၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်နှင့် ဌာနဆိုင်ရာများ ကျောင်းသူ ကျောင်းသားများ စုစုပေါင်း အင်အား (၈၅၀) ဦးခန့်တက်ရောက်သည်။

Friday, June 28, 2013

မြိတ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုချီးမြင့်ပွဲ အခမ်းအနားကို ဇွန်လ (၂၆) ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် မြိတ်မြို့ အထက(၁)ပညာ့ ဗိမာန်ခန်းမ၌ ကျင်းပရာ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ ဌာနဆိုင်ရာများ ၊ ကျောင်းသူ ကျောင်းသားများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ကြသည်။

ကျွန်းစုမြို့နယ် စလွန်အော်ငယ် ကျေးရွာသူတစ်ဦးအား ဖုန်းကံစမ်းမဲပေါက်သည်ဟု ယုံကြည်အောင် ပြောပြီး ငွေ (၁၃)သိန်းကျော် လိမ်လည်ခဲ့


ကျွန်းစုမြို့နယ် ရေမြစ်ကြီး ကျေးရွာအုပ်စု စလွန်အော်ငယ် ကျေးရွာသို့ ရန်ကုန်မြို့မှ နေ၍ ဖုန်းကံစမ်းမဲ ပေါက်သည်ဟု တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောဆိုပြီး ငွေကျပ် (၁၃)သိန်းကျော် လိမ်လည် ရယူသွားမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့မှ မြိတ်မြို့ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ဇွန် ၂၇ ရက် နံနက် ၄ နာရီတွင် မြိတ်မြို့မှ ကော့သောင်းမြိုသို့ ထွက်ခွာမည့် မြိတ်တံခွန်၊ အောင်စည်မင်း၊ ရွှေသာရီ မှန်လုံမော်တော်ယာဉ်တို့ဖြင့် လိုက်ပါသည့် ခရီးသည်နှင့် ယာဉ်မောင်း များကို မြိတ်ခရိုင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ရဲအုပ် ဟန်သိန်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ Word Vision (မြိတ်)မှ စီမံချက် ၀န်ထမ်း ဦးသက်ကောင်းမြတ်ဦး တို့ ပါဝင်သော အဖွဲ့သည် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးလုပ်ငန်း များ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

Thursday, June 27, 2013

အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး သံဃ ညီလာခံ သို့ မြိတ်မြို့မှ ဆရာတော် (၂)ပါး တက်ရောက်


ရန်ကုန်မြို့၊ အောင်ဆန်း မိုးကုတ်ရိပ်သာကျောင်း၌ အမျိုးစောင့် ဥပဒေ သံဃ ညီလာခံကို ယနေ့ (၂၇) ရက်နေ့ နံနက် (၉)နာရီအချိန် ပြုလုပ်လျက် ရှိရာ ထိုညီလာခံသို့ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ နိုင်ငံတော် သြ၀ါဒ စရိယ ဆရာတော်ကြီးများ၊ သြဇာ ကိတ္တိမ ကြီးမားသော ဆရာတော်များ၊ ကျောင်းထိုင် ဆရာတော်များ ၊ ကြွရောက် ဆွေးနွေးလျက် ရှိရာ မြိတ်မြို့နယ်မှ အောင်မင်္ဂလာ ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ ဓမ္မ၀ံသနှင့် ကောလိပ်ကုက္ကိုလ် ပရိယတ္တိစာသင်တိုက် တိုက်အုပ် ဆရာတော် ဘဒ္ဒန္တ စန္ဒ၀ံသ တို့ (၂) ပါး တက်ရောက် ဆွေးနွေးလျက် ရှိကြောင်း သိရသည်။ 

Wednesday, June 26, 2013

လယ်ယာမြေ အငြင်းပွားမှုများ အပေါ် မြေယာ ပြန်လည်ရရှိအောင် လုပ်ပေးမည်ဟု ကွန်ယက်နာမည် အမျိုးမျိုး အမည်ခံကာ ငွေကြေးတောင်းခံမှုများ မြိတ်မြို့နယ်အတွင်း ဖြစ်ပေါ်လျက်ရှိ

 
မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ကွန်ယက်အမျိုးမျိုး အမည်ခံပြီး ကျေးရွာများသို့ လာရောက်ကာ ကျေးရွာသားများ၏ ဥယျာဉ်ခြံမြေ ပိုင်ဆိုင်မှု / လုပ်ပိုင်ခွင့် အငြင်းပွားမှု၊ မြေသိမ်းဆည်း ခံနေရမှု များအပေါ် မြေယာ ပြန်လည် ရရှိအောင် လုပ်ပေးမည်ဟု ပြောဆိုကာ ငွေကြေးများ လိမ်မည် တောင်းခံမှုများ ဖြစ်ပေါ်လျက် ရှိသဖြင့် ကျေးရွာသူ/ကျေးရွာသားများ မနစ်နာ စေရေး အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်း အသီးသီး အနေဖြင့် ကြိုတင်ကာကွယ်ပေးများ ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရှိရသည်.။

Tuesday, June 25, 2013

မြိတ်ကျွန်းစုအတွင်း နေထိုင်သော ဆလုံတိုင်းရင်းသားတို့၏ နေထိုင်မှု ပုံစံများ ပြောင်းလဲလာ

မြိတ်ကျွန်းစု အတွင်းရှိ ကျွန်းများတွင် နေထိုင်လျက်ရှိသော ဆလုံ တိုင်းရင်းသား တို့၏  နေထိုင်မှုပုံစံများ ပြောင်းလဲလာကြောင်း သိရသည်။

ဆလုံ(မော်ကင်း) လူမျိုးများမှာ ပင်လယ်ပျော်များဖြစ်ပြီး မိုးတွင်းကာလ များတွင် ကျွန်းများပေါ်တွင် စုပေါင်း၍ လာရောက်နေထိုင်လေ့ ရှိကြောင်း သိရသည်။ ဆလုံလူမျိုးများကို အများအားဖြင့် မိုးရာသီ များတွင် တစုတဝေး တွေ့ရလေ့ရှိပြီး နွေရာသီများတွင် သက်ကြီး ရွယ်အိုများနှင့် ကလေးများသာ ကျွန်းများပေါ်တွင် နေထိုင်လေ့ ရှိကြောင်း သိရသည်။

''ဆလုံလူမျိုးတွေက နောက်ပိုင်းမှာ ပင်လယ်ထဲမှာ သွားလာနေတာမျိုး သိပ်မတွေ့ရတော့ဘူး။ နွေရောမိုးပါ ကျွန်းတွေပေါ်မှာ အနေများ လာတယ်။ ပင်လယ်ထဲမှာ သားငါးတွေဖမ်းလို့ မလွယ်တော့ဘဲ ရှားပါး လာနေတော့ ကုန်းပေါ်က အလုပ်တွေကို လုပ်နေရတာ တွေ့ရတယ်။ တချို့ဆို သစ်လှေတွေ၊ ငါးဖမ်းလှေကြီးတွေ လိုက်နေကြပြီး တချို့လည်း ကျပန်း အလုပ်တွေကို လုပ်နေရတာ တွေ့ရတယ်'' ဟု ဆလုံ လူမျိုးများကို သွားရောက်လေ့လာခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။


ကမ္ဘာလှည့် ခရီးသွားများမှာ ဆလုံလူမျိုးများ၏ အသက်မွေး ၀မ်းကျောင်း ပုံစံများနှင့် နေထိုင်မှုများကို စိတ်ဝင်စားကြပြီး မြိတ်ကျွန်းစုအတွင်း လာရောက်လေ့လာခြင်းမှာ ဆလုံလူမျိုး များ၏ နေထိုင်မှုဟန်ပန်နှင့် ကျန်းမာရေး ကိစ္စများ ထောက်ပံ့ရန်အတွက် ဖြစ်ကြောင်း သိရသည်။ ဆလုံလူမျိုးများမှာ ငါးရိုက်ခြင်း၊ သစ်မှိန်းများဖြင့် ရေငုပ်ငါးထိုးခြင်း စသည့် လုပ်ငန်းများလည်း လုပ်ကိုင်လေ့ရှိသည်။

''ကျန်းမာရေး၊ နာရေးတွေမှာ လည်း ပြောင်းလဲလာနေတာ တွေ့ရပါတယ်။ အရင်က အသုဘဖြစ်ရင် ရွာပြင်မှာ ကြပ်စင်ထိုးပြီး အသုဘကို ဒီအတိုင်း ထားရာ ကနေ ဒေသ အာဏာပိုင်တွေရဲ့ ပြောဆိုမှုတွေကြောင့် မြေမြှုပ်တာတွေ လုပ်လာကြပါတယ်။ ဖျားနာဖြစ်ရင်လည်း နတ်ဆရာ အစား ကျန်းမာရေး ၀န်ထမ်းတွေနဲ့ ပြသတာတွေ လုပ်လာကြပါတယ်'' ဟု ဒေသခံတစ်ဦးက
ပြောကြား ခဲ့သည်။

ဆလုံလူမျိုးများကို ရေမြက်ကြီး၊ မကျုံဂလက်၊ စရော့၊ ညောင်မှိုင်း၊ ဒုံးပုလဲအော်၊ ပလောဝမ်း၊ ညောင်ဝီး၊ ဇာဒက်ကြီး၊ လန်ပိကျွန်းတန်းကြီးနှင့် ဘုတ်ပြင်း၊ ကော့သောင်းအပိုင် ကျွန်းတချို့တွင် တွေ့ရှိနိုင်ပြီး ကျွန်းတစ်ကျွန်းတွင် အိမ်ခြေ ၃၀ ကျော်ခန့် စုပေါင်း နေထိုင်လေ့ရှိကြောင်း သိရသည်။



eleven media group
Tuesday, 25 June 2013

မိုးသည်းထန်စွာရွာသွန်း၍ တံတားပြိုကျပြီး သစ်ပင်ပြိုလဲ

၂၃-၆-၂၀၁၃ ရက်နေ့ ၁၆၂၀ အချိန် တနင်္သာရီ တိုင်းဒေသကြီး၊ တနင်္သာရီ -မောတောင် ကားလမ်း၊ မိုင်တိုင် အမှတ် (၆၈/၄)ရှိ အရှည်ပေ(၈၀)ခန့်ရှိသော ချောင်းနှစ်ပေါက်သစ်သားတံတားသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေကြီးကာ ရေတိုက်စား သဖြင့် ပြိုကျပျက်စီးသွားခဲ့သည်။ အဆိုပါ တံတား၏အရှေ့ဘက်ကမ်းရှိ ချဉ်းကပ် လမ်းမြေသား တမံအား လွန်ခဲ့သော (၃)ရက်ခန့်မှ စ၍ ရေတိုက်စားလျက် ရှိသဖြင့် တံတားပေါ်မှ ယာဉ်ဖြတ်သန်းမှု ပိတ်ထားခဲ့ပြီး မြေသား တမံပြိုကျ၍ တံတား တစ်ဝက်မှာ ရေထဲသို့ ကျသွားခဲ့ကာ ချောင်းရေများ တံတားပေါ်မှဖြတ်သန်း စီးဆင်းလျက် ရှိရာမှ ပြိုကျ ပျက်စီး သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်။

ထို့ပြင် အဆိုပါနေ့ ၁၁၁၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ အုတ်ဖိုမော် ကျေးရွာ အနောက်ဘက် သဲတန်းပိုင်းသို့ သွားသောလမ်းနံဘေး အလျား(၄၀)ပေခန့်ရှိမြေနံရံသည် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ရေ လှိုင်းပုတ်ခတ်ခြင်းတို့ကြောင့် ပြိုကျသွားခဲ့သည်။ ၁၄၀၀ အချိန်ခန့်တွင် အဆိုပါမြေပြိုသည့်နေရာနှင့် ကိုက်(၃၀)ခန့် အကွာရှိ ဦးတင်စိုး(၄၃)နှစ်၏ (၁၅x၃၀)ပေရှိ သစ်လုံးတိုင်/ ပျဉ်ခင်း/ ထရံကာ/ ဓနိမိုးနေ အိမ်ပေါ်သို့ လုံးပတ်(၁၈)ပေ၊ အလျား(၁၂၀)ပေရှိ သစ်ပင်ကြီး လဲကျသဖြင့် နေအိမ် ပျက်စီးပြီး တန်ဘိုးငွေကျပ်(၂၀၀၀၀၀ိ/-)ခန့် ဆုံးရှုံးခဲ့သည့် အပြင် ဦးတင်စိုးတွင် ထိခိုက်ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့၍ ကျေးလက်ကျန်းမာရေးဌာနတွင် ဆေးကုမှုခံယူလျက် ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

Monday, June 24, 2013

မြိတ်မြို့တွင် တတိယအကြိမ် အဖြစ် တန်ဖိုးနည်းဖုန်း CDMA (800) MံHz အလုံးရေ ၁၀၀၀ ရောင်းချမည်

၂၀၁၃ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့တွင် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း  မိုဘိုင်းဖုန်း ဆင်းကဒ် များကို ဒုတိယအကြိမ် အဖြစ် ရောင်းချလျက် ရှိရာ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် အနေဖြင့် အနေဖြင့် အလုံးရေ (၁၀၀၀) ရောင်းချခွင့် ခွဲတမ်း ရရှိကြောင်းနှင့် ခွဲတမ်း အလုံးရေ (၁၀၀၀)တွင် တပ်မတော် အတွက် အလုံးရေ (၂၀၀) ၊ ဌာနဆိုင်ရာ ၀န်ထမ်းများအတွက် အလုံးရေ (၂၆၈)လုံး၊ ပြည်သူလူထုအတွက် (၅၃၂)လုံး ခွဲတမ်းချထားကြောင်း သိရရှိသည်။

Saturday, June 22, 2013

မြိတ်ခရိုင် စိုက်ပျိုးစရိတ် ကျပ်သိန်းပေါင်း သုံးသောင်းကျော် ထုတ်ချေးမည်


မိုးစပါးစိုက် တောင်သူများအတွက် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြိတ်ခရိုင် ဘဏ်ခွဲမှ တနင်္သာရီတိုင်းရှိ
ခြောက်မြို့နယ်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း သုံးသောင်းကျော် ထုတ်ချေး သွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့ ကလွင်ရေပုန်းရပ်ကွက်၌ ဘိန်းစာမှုန့်များ ဖမ်းဆီး


(၂၁-၆-၂၀၁၃) ရက်နေ့ နေ့လည် (၂) နာရီ အချိန်ခန့်တွင် မြိတ်ခရိုင် ရဲတပ်ဖွဲ့ ဒုစရိုက် နှိမ်နှင်းရေး အဖွဲ့၊ မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်း၊ နယ်ထိန်းတပ်ဖွဲ့၊ အမှတ်(၁)နှင့် အမှတ်(၄) နယ်မြေ ရဲကင်းမှူးများနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များသည် သတင်းအရ မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ကလွင်ရေပုန်းရပ် တက္ကသိုလ်ရိပ်သာလမ်းရှိ အောင်ခန့် (ခ) အောင်အောင် (ဘ) ဦးအောင်မြင့်သိန်း ၏ နေအိမ်အား သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာ အောင်အောင်(ခ) အောင်ခန့် ပါ (၆) ဦးအား ဘိန်းစာမှုန့် အထုပ် (၇၀)နှင့် ဓားလှံ လက်နက် အချို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Friday, June 21, 2013

ကျွန်းစုမြို့၌ စုပေါင်း အမှိုက်ကောက်ပွဲ ပြုလုပ်

၂၀၁၃ ခုနှစ် ဇွန်လ (၂၁) ရက်နေ့ နေ့လည် (၁) နာရီမှ (၂း၃၀) နာရီအချိန်အထိ ကျွန်းစုမြို့ သံသရာအေး စေတီတော် ၀န်းကျင်နှင့် ကမ်းနားလမ်း တစ်လျှောက်၌ စုပေါင်း အမှိုက်ကောက်ပွဲ ပြုလုပ်ခဲ့ရာ တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ အရာရှိ စစ်သည် (၁၀၀) ကျော်၊ ဌာန ဆိုင်ရာ ၀န်ထမ်းများ ၊ လူမှုရေး အဖွဲ့အစည်းများ ၊ ပြည်သူများ စုစုပေါင်း အင်အား (၃၅၀) ကျော်ဖြင့် ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် စာရေး ကိရိယာ လှူဒါန်း

၂၀၁၃ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ နံနက် (၀၉၃၀) နာရီအချိန်တွင် ကျွန်းစုမြို့နယ် ကဘင် ကျေးရွာ အုပ်စု ကျောက်ပုံချောင်း ကျေးရွာ တွဲဖက် မူလတန်းကျောင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အနေဖြင့် ကျွန်းစု NLD ဥက္ကဋ္ဌ ဦးကိုကိုလေးနှင့် ပါတီဝင် (၃၈) ဦးတို့မှ ဗလာ စာအုပ် (၂၃၁) ဒါဇင်၊ ခဲတံ (၃၀) ဒါဇင်၊ မင်ဘူး (၂)ဘူး၊ ချွန်စက် (၁၀၀) ခု၊ ဘောပင် (၆) ချောင်း၊ (၂) ဆင့် ထမင်းချိုင့် (၉၉) လုံး၊ ကလေးစီ ဖိနပ် (၇)ရံ ၊ နံရံကပ် ကျောက်သင်ပုန်း (၂)ချပ်နှင့် ခေါက်စားပွဲ (၂)လုံး စုစုပေါင်း တန်ဖိုး (၄၁၅၀၀၀ိ/) ရှိ ပစ္စည်းများအား ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိပါသည်။

မျိုးစောင့် ဥပဒေ လက်မှတ် ရေးထိုးမှုများ မြိတ်မြို့တွင် ဆောင်ရွက်

၂၀၁၃ ခုနှစ် ဇွန်လ (၂၀) ရက်နေ့ နေ့လည်ပိုင်းမှ စတင်၍ မြိတ်မြို့နယ် အတွင်းရှိ ရပ်ကွက် အချို့တွင် မျိုးစောင့် ဥပဒေ ထိန်းသိမ်းရေး မေတ္တာရပ်ခံခြင်း ခေါင်းစဉ်ဖြင့် မျိုးစောင့် ဥပဒေအား သဘောတူ ကြောင်း တစ်အိမ် တက်ဆင်း လက်မှတ်ရေးထိုး လှုပ်ရှားမှုများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

မြိတ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် စတင်ထုတ်ချေး


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ မြိတ်ခရိုင်တွင် မိုးစပါး စိုက်ပျိုး စရိတ်ချေးငွေ အတွက် တစ်ဧကလျှင် ကျပ်တစ် သိန်းနှုန်းဖြင့် စတင် ထုတ်ချေးခဲ့သည်။ စိုက်ပျိုးစရိတ်ထုတ်ချေးခြင်းကို ဇွန်လ ၁၈ ရက်တွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်၊ မြိတ်မြို့နယ် ဘဏ်ခွဲ၌ ပေး အပ်ခဲ့ပြီး တုံးဗျောကျေးရွာ အုပ်စုမှ မိုးစပါး စိုက်တောင်သူ ၁ဝ၇ ဦးကို စိုက်ဧက ၈၃ဝ အတွက် ချေးငွေကျပ် သိန်းပေါင်း ၈၃ဝ ထုတ်ပေးခဲ့သည်။

Thursday, June 20, 2013

မြိတ်မြို့၌ ကျောင်းကြို/ပို့ယာဉ် တိမ်းမှောက်မှု (၁၅) ဦး ဒဏ်ရာ အနည်းအကျဉ်း ရရှိ




၂၀၁၃ ခုနှစ် ၊ ဇွန် ၁၉ ၁၆၀၀ နာရီအချိန်တွင် မြိတ်မြို့ စန္ဒ၀တ် ကျေးရွာအုပ်စု ကျွဲကူးကျေးရွာ အထက(၆)မှ ကလွင်ကျေးရွာ အုပ်စု သံသရာအေး ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်မည့် ကျောင်းသား/သူ ၃၆ ဦး လိုက်ပါကာ ယာဉ်မောင်း မောင်မောင် (၃၅)နှစ်၊ (ဘ) ဦးစိုးမြင့် မောင်းနှင်လာသည့် သံသရာအေး ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးသုဇာတ ပိုင်သည့် ယာဉ်အမှတ် ၃က/………….  (တောင်းအေစ့်) ကားသည် မြိတ်မြို့ ရွှေဘေး ကျေးရွာ ရှောင်ကွင်းလမ်း လမ်း အရောက်၌ ကားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလက်ဝဲဘက်သို့ တစ်စောင်း တိမ်းမှောက်သွားခဲ့သည်။ 

Tuesday, June 18, 2013

မောတောင်နယ်စပ် ကုန်သွယ်ရေးမှာ ထိုင်းဘက်မှ အဆင်သင့် မဖြစ်သေး သောကြောင့် ရေလမ်းခရီးဖြင့်သာ ကုန်သွယ်နေရ

ကုန်းတွင်းနယ်စပ်ဂိတ် တစ်ခုဖြစ်သော မောတောင်နယ်စပ် ကုန်သွယ်ရေးမှ ကုန်သွယ်မှု ပြုလုပ်ရာတွင် ထိုင်းနိုင်ငံဘက်မှ အဆင်သင့် မဖြစ်သေးသော ကြောင့် ရေလမ်းခရီးဖြင့်သာ ကုန်သွယ်မှု ပြုလုပ်နေရဆဲ ဖြစ်ကြောင်း မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

စီမံကိန်း သတင်းများကြောင့် မြိတ်မြို့တွင် အိမ်ခြံမြေဈေးနှုန်း အဆမတန် မြင့်တက်

မြိတ်မြို့တွင် စီမံကိန်း သတင်းများကြောင့် အိမ်ခြံမြေ ဈေးများမှာ အဆမတန် မြင့်တက်လာနေပြီး ဈေးကောင်းပေး ၀ယ်ယူနေမှုများလည်း ရှိနေကြောင်း သိရသည်။ မြိတ်ခရိုင် အတွင်းရှိ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ပြီးနောက်ပိုင်း မြိတ်မြို့နှင့် မောတောင်နယ်စပ် ဒေသရှိ မြေဈေးနှုန်းများမှာ တရိပ်ရိပ် တက်လာနေကြောင်း ယခင်က သိန်းရာဂဏန်းမျှသာ ရှိသော မြေနေရာများမှာ သိန်းထောင်ချီအထိ ဈေးနှုန်း မြင့်လာကြောင်း သိရသည်။

Monday, June 17, 2013

ကျောင်းချိန်အတွင်း ယာဉ်ထိန်းရဲ ထားရှိပေးစေလို (ပေးစာ )

မြိတ်မြို့ ကန်ကြီးရပ်ကွက်ရှိ အထက (၄) ကျောင်းအနီးရှိ ကွက်သစ်လမ်းဆုံသည် မြို့အလယ်တွင် ရှိသည့် လမ်းလေးဆုံ ဖြစ်သည့်နှင့် အညီ ယာဉ်အသွားအလာ ရှုပ်ထွေးပြီး ကုန်တင်ယာဉ်များ၊ အိမ်စီးကားများ၊ မော်တော်ဆိုင်ကယ်များသည် အရှိန်ပြင်းစွာ မောင်းနှင် သွားလာနေသည့် အတွက်  ကျောင်းတက် ကျောင်းဆင်း ချိန်များတွင် ကျောင်းသူ ကျောင်းသားများအတွက် ယာဉ်တိုက်မှု အန္တရာယ်များ ဖြစ်ပေါ်မည်ကို စိုးရိမ်နေရပါသည်။

Saturday, June 15, 2013

မြိတ်မြို့၌ သင်္ကန်းဝတ်ဖြင့် အလှူခံပြီး မူးယစ် သောက်စားနေသူများအား ဖမ်းဆီးအရေးယူ

မြိတ်မြို့နယ်အတွင်း သင်္ကန်းဝတ်ဖြင့် အလှူခံပြီး  မူးယစ်သောက်စားနေသူ သံဃာအတု (၃)ဦးအား မြိတ်ခရိုင် သာသနာရေး ဦးစီးဌာန၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူလူထု၏ သတင်းပေးချက်များအရ ၂၀၁၃ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့ ည (၉)နာရီ အချိန်ခန့်တွင် ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သိရှိသည်။ 

တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေးဟောပြော အခမဲ့တိုင်းရင်းဆေးကုသပေး



ပြည်သူများ တိုင်းရင်းဆေး နည်းပညာများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် အသိပညာပေး ဟောပြောပွဲနှင့် ဆေးဝါး အခမဲ့ ကုသပေးခြင်းကို ၂၀၁၃ ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့၊ နေ့လည် (၁၂)နာရီက မြိတ်မြို့ မြိတ်တောင် ကျေးရွာ၊ ရွှေပြည်တန် ရပ်ကွက် ဓမ္မာရုံတွင် ကျင်းပရာ ရှေးဦးစွာ မြိတ်ခရိုင် တိုင်းရင်းဆေးပညာ ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဝါ၀ါက မိုးရာသီ အတွင်း အဖြစ်များသော အအေးမိနှာစေးခြင်း၊ ချောင်းဆိုးခြင်းများနှင့် ပတ်သက်သော ဆေးဝါးများ အကြောင်းကို လည်းကောင်း၊ ကွမ်းရွက်၏ ဆေးဖက်ဝင်ပုံများကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

Thursday, June 13, 2013

မိုးသည်းထန်စွာရွာသွန်းပြီး စာသင်ကျောင်းခြံစည်းရိုးအုတ်တံတိုင်းနှင့်မြေပြိုကျ

၁၂-၆-၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်းကဖီးကျေးရွာတွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ချောင်းကဖီး တွဲဘက် အထက်တန်းကျောင်းရှေ့ မြေနံရံမှ အလျား ၁၅ ပေ၊ အမြင့် ၂၀ ပေရှိ မြေပြိုကျခဲ့သဖြင့် အလျား ၇၂ ပေ၊ အမြင့် ၅ ပေရှိ ကျောင်းခြံစည်းရိုး အုတ်တံတိုင်း ပြိုကျပြီး တန်ဘ...ိုးငွေကျပ်(၉၀၀၀၀၀ိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။ 

တရားမ၀င် ဇီဝဇိုး ငှက်သိုက် အံဖတ် သယ်ဆောင် လာသူအား အရေးယူ

၁၂-၆-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ ရန်ကုန်သို့ ထွက်ခွာမည့် မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့် ပို့ဆောင်မည့် ပစ္စည်းများအား လေဆိပ်လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း စစ်ဆေးရေး အဖွဲ့တို့မှ စစ်ဆေးစဉ် မြိတ်မြို့၊ ကန်ကြီး... ရပ်ကွက်နေ ဒေါ်ကြည်ကြည်(၄၈)နှစ်မှ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်မြောင်းဈေးအနီး၊ ကျားကွက်သစ် လမ်းနေ ဒေါ်ရီစုစုတင်နှင့်ဒေါ်မိုးမိုးအေး တို့ထံပေးပို့မည့် ကတ်္ထူပုံးအတွင်းမှ အလေးချိန်(၁၀) ကျပ်သားခန့်စီပါ ဇီဝဇိုး ငှက်သိုက် အံဖတ် ၈ ဗူး၊ (၁)ကျပ်သား ခန့်ပါ ၁ ဗူး၊ စုစုပေါင်း အလေးချိန်(၈၁) 

မြိတ်မြို့ရှိ အဟောင်းပစ္စည်းဆိုင်များ လမ်းပေါ်တွင် ပိတ်ဆို့နေခြင်းကို ဖယ်ရှားပေးရန် ပြည်သူများ လိုလားနေ

မြိတ်မြို့ပေါ်ရှိ နောက်လယ်ရပ်ကွက် ၊ မြိတ်တောင်ရပ်ကွက်၊ တလိုင်းစုရပ်ကွက် ကန်ခေါင်း ရပ်ကွက်များရှိ အဟောင်းပစ္စည်း ဆိုင်တစ်ချို့သည့် အများပြည်သူသုံး လမ်းပေါ်တွင် ပိတ်ဆို့ပြီး ပစ္စည်းများ စုပုံခြင်း ကို သက်ဆိုင်ရာမှ ဖယ်ရှားပေးရန် လိုအပ်နေကြောင်း သိရှိရသည်။ 

Tuesday, June 11, 2013

မြိတ်မြို့ ကန်ခေါင်းရပ်ကွက်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



၂၀၁၃ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့ ညနေ(၆)နာရီကျော် အချိန်ခန့်တွင် မြိတ်ခရိုင်အထူးမှုခင်းနှိမ်နင်းရေး အဖွဲ့မှ ရဲအုပ်ချိုလွင် ဦးစီး အဖွဲ့၊ မြိတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ ၊ အမှတ်(၂)နယ်မြေ ရဲကင်းမှ တပ်ဖွဲ့ဝင်များ၊ ကန်ခေါင်းနှင့် ဈေးတန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ မြိတ်မြို့နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ (MANA )မှ အဖွဲ့ဝင်များ ပါဝင်သော အဖွဲ့ သည် သတင်းအရ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးမှ ထုတ်ပေးသော မူးယစ်ဆေးဝါး ရှာဖွေ ဖမ်းဆီးခွင့် ဝရမ်းအမှတ် (၅/၂၀၁၃)ဖြင့် မြိတ်မြို့ ကန်ခေါင်းရပ်ကွက်၊ အမှတ်(၃၀၁) နေ ထွန်းလွင်(ခ) ရှာဖွီ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ထွန်းလွင် ထံမှ WY စိတ်ကြွဆေး ပြား(၁၆၄)ပြား၊ ဘိန်းစာမှုန့်(၇၀) ဂရမ်ပါ (၉)ထုပ်၊ ဆေးခြောက် (၁) ဂရမ်ပါ (၁)ထုပ်၊ မူးယစ် ဆေးဝါး ရောင်းရငွေ (၅၃၅၅၀၀ိ/)ကျပ်၊ ဆေးရှု ကိရိယာတို့အား ရှာဖွေသိမ်းဆီး ရမိသသည်။ 

Monday, June 10, 2013

မြန်မာ့လေကြောင်းမှ လေယာဉ် ကော့သောင်း လေဆိပ်တွင်ပြေးလမ်း ချော်၍ တောင်ပံနှစ်ဘက်ရှိ ပန်ကာများ ကျိုးပဲ့ပျက်စီး



ရန်ကုန်- မော်လမြိုင်- ကော့သောင်း- မော်လမြိုင်-ရန်ကုန် ပြေးဆွဲသည့် မြန်မာ့ လေကြောင်းမှ ခရီးစဉ် အမှတ် UB-309၊ လေယာဉ် အမှတ် XY-AIP၊ လေယာဉ် အမျိုးအစား MA-60 လေယာဉ်သည် Capt. မောင်မောင်လွင် ပါ လေယာဉ် အမှုထမ်း(၄)ဦး ... လိုက်ပါ မောင်းနှင်ပြီး ၁၀-၆-၂၀၁၃ ရက်နေ့ ၁၁၅၅ အချိန် မော်လမြိုင်မှ ခရီးသည် (၅၅)ဦး၊ ရင်ခွင်ပိုက်ကလေးငယ်(၅)ဦးတို့အား တင်ဆောင်၍ ကော့သောင်းသို့ ခရီးစဉ်အတိုင်း ဆက်လက် ထွက်ခွာလာခဲ့သည်။

မြိတ်မြို့ အောင်မင်္ဂလာရပ် သုခ(၄)လမ်း မီးလောင်ကျွမ်းမှု အနည်းငယ် ဖြစ်ပွား

၂၀၁၃ ခုနှစ် ဇွန်လ (၁၀) ရက်နေ့ နေ့လည် (၁)နာရီ (၂၀) မိနစ် အချိန်ခန့်တွင် မြိတ်မြှို မြိတ်တောင်ကျေးရွာ အုပ်စု အောင်မင်္ဂလာရပ်ကွက် သုခ (၄)လမ်းနေ ဦးမောင်မျိုး + ဒေါ်ကြွေ တို့၏ နေအိမ်တွင် လျှပ်စစ် ၀ါယာကြိုး ရှော့ခ် ဖြစ်၍ မီးလောင်မှု ဖြစ်ပွားရာ ပြည်သူလူထုနှင့် 

မြိတ်မြို့ သံသရာအေးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ အင်္ဂလိပ်စာ အခြေခံစကားပြော သင်တန်းဖွင့်လှစ်မည်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ အင်္ဂလိပ်စာ အခြေခံစကားပြော ပညာဒါန(အခမဲ့) သင်တန်းကို ဇွန်လ(၁၅)ရက်နေ့မှ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အင်္ဂလိပ်စာ အခြေခံ စကားပြော ပညာဒါန(အခမဲ့) သင်တန်းကို သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် မဟာသဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္ဒ သုဇာတ ၏ သြ၀ါဒဖြင့် ဆရာ ဦးချစ်ကိုကို ( INTERPRETER ) က သင်ကြားပေးမည် ဖြစ်သည်။

Saturday, June 8, 2013

မြိတ်မြို့၌ ကျောင်းသား ကျောင်းသူများ သွေးလွန်တုတ်ကွေး ရောဂါကင်းဝေးရေးနှင့် ခြင်အန္တရာယ် ကင်းစင်ရေး အတွက် ခြင်ဆေးဖြန်း

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့၌ ကျောင်းသား ကျောင်းသူများ သွေးလွန် တုတ်ကွေးရောဂါ ကင်းဝေး ရေးနှင့် ခြင်းအန္တရာယ် ကင်းစင်ရေးအတွက် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းကို ဇွန်လ(၈)ရက် နံနက်(၉) နာရီတွင် အထက(၃)ကျောင်း မြိတ်၌ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ စေတနာရှင်များ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။

တနင်္သာရီတိုင်း ဒေသကြီး ရေရှည် တည်တံ့သော ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဏ္က၀ါ ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ သုတေသနများနှင့် ထိန်းသိမ်း ကာကွယ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ မြိတ်မြို့၌ ကျင်းပ


တနင်္သာရီတိုင်း ဒေသကြီး ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဏ္က၀ါဇီဝ မျိုးစုံမျိုးကွဲ ဆိုင်ရာ သုတေ သနများနှင့် ထိန်းသိမ်း ကာကွယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ(၇)ရက် နံနက်(၉) နာရီတွင် မြိတ် ဟိုတယ် အစည်း အဝေးခန်းမ၌ ကျင်းပသည်။

မြိတ်မြို့၌ ထိုင်းနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် မြိတ်ခရိုင် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး


ထိုင်းနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် မြိတ်ခရိုင် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ ဆုံဆွေးနွေးပွဲကို ဇွန်(၆)ရက် မွန်းလွဲ(၂)နာရီတွင် မြိတ်ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ထိုင်းနိုင်ငံ စီးပွားရေး လုပ်ငန်းရှင် (၃၅)ဦးနှင့် မြိတ်ခရိုင်စီးပွားရေး လုပ်ငန်းရှင်(၂၄)ဦး တက်ရောက်ကြသည်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထုတ်ပြန် ကြေညာ မြိတ်မြို့နယ်မှ အောင်ချက် ၃၇.၂၀% ဖြင့် အောင်မြင်



၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဇွန်လ (၈) ရက်နေ့ နံနက် (၆) နာရီအချိန်မှ စတင်၍ သက်ဆိုင်ရာ ကျောင်းအသီးသီးရှိ စာစစ်ဌာနများတွင် တရားဝင် ကပ်၍ ကြေညာထားခဲ့ပြီး မြို့နယ် ပညာရေးမှူးရုံး၏ ထုတ်ပြန် ကြေညာ ချက်အရ ၂၀၁၃ ခုနှစ် အောင်ချက် ရာခိုင်နှုန်းမှာ (၃၇.၂၀%) ရှိကြောင်း သိရသည်။ မြိတ်မြို့နယ် အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ကျား (၁၁၄၃)ဦး၊ မ (၂၀၉၁)ဦး ၊ ပေါင်း (၃၂၄၃) ဦး ဖြေဆိုခဲ့သည့် အနက် ကျား (၄၃၉)ဦး၊ မ (၇၆၄)ဦး၊ ပေါင်း (၁၂၀၃) ဦး ဖြေဆို အောင်မြင်ခဲ့သည့် အတွက် အောင်ချက် ရာနှုန်းမှာ (၃၇.၂၀%) ဖြစ်သည်။

Friday, June 7, 2013

မြိတ်ခရိုင် NLD ရုံးခန်းနှင့် ဆိုင်းဘုတ် ဖွင့်ပွဲ ကျင်းပပြုလုပ်

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရုံးခန်း ဖွင့်ပွဲနှင့် ဆိုင်းဘုတ် တင်ပွဲ အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် မြိတ်မြို့ မြစ်ငယ်ရပ် ရွှေကျောင်းလမ်းရှိ မြိတ်မြို့နယ် NLD ရုံးတွင် ကျင်းပပြုလုပ်ရာ ကျွန်းစုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ နှင့် မြိတ်ခရိုင်၊ မြိတ်မြို့နယ် NLD ပါတီဝင်များ ၊ ပြည်ခိုင်ဖြိုး ပါတီ၊ (၈၈) မျိုးဆက် ကျောင်းသား အဖွဲ့ဝင်များ စုစုပေါင်း အင်အား (၉၀) နီးပါးခန့် တက်ရောက်ခဲ့သည်။

မြိတ်မြို့၌ အသေးစား ချေးငွေများ ထုတ်ချေး


မြိတ်မြို့ သီရိမင်္ဂလာ ဈေးသူဈေးသား များအား အသေးစား ချေးငွေများ ထုတ်ချေးခြင်း အခမ်းအနားကို ဇွန်လ (၅) ရက်နေ့  မွန်းလွဲ ၂ နာရီက မြိတ်မြို့ ပုလဲရတနာ ခန်းမ၌ ကျင်းပခဲ့ရာ မြိတ်မြို့နယ် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက အမှာစကား ပြောကြားသည်။ ယင်းနောက် သီရိမင်္ဂလာ ဈေးသူဈေးသား ၁၁၇ ဦးအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ၁၁၇ သိန်းကို မြိတ်မြို့နယ် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထုတ်ချေး ပေးကြသည်။

Thursday, June 6, 2013

မြိတ်ခရိုင် NLD ပါတီဝင်များ စွမ်းရည်မြှင့် သင်တန်း ဖွင့်ပွဲ ကျင်းပ




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ မြိတ်ခရိုင် ပါတီဝင်များ စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၁၃)အား ဇွန်လ (၄) ရက်နေ့   နံနက်(၉) နာရီ အချိန်တွင်ြ မြစ်ငယ်ရပ်ကွက် ရွှေကျောင်းလမ်းရှိ မြိတ်မြို့နယ် NLD ပါတီရုံးတွင် ရုံးတွင် ကျင်းပပြုလုပ်သည်။  ဖွင့်ပွဲ အခမ်းအနားတွင် မြိတ်ခရိုင် ဥက္ကဋ္ဌ ဦးသန်းနွယ်က နုတ်ခွန်းဆက် စကား ပြောကြားကာ မြိတ်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးဖြိုးဝင်းထွန်းက မိတ်ဆက် စကား ပြောကြားပြီး သင်တန်းနည်းပြ ဆရာမ ဒေါ်ကြည်ပြာက မိတ်ဆက်စကား ပြောကြားပြီးနောက် သင်တန်းမှူး ဦးဥက္ကာမင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။ ထိုသင်တန်းတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ဒီမိုကရေစီ သဘောတရားများ၊ လူ့အခွင့်အရေးဘာသာရပ်၊ ဝေဖန် ပိုင်းခြား စဉ်စားခြင်း ဘာသာရပ်၊ ခေါင်းဆောင်မှု စွမ်းရည် ဘာသာရပ် ၊ ဒီပလိုမေစီ ဘာသာရပ်များအား ပို့ချ သွားမည်ဖြစ်ကြောင်း သိရှိသည်။

Tuesday, June 4, 2013

တနင်္သာရီတိုင်းဒေသကြီး ( မြိတ်ခရိုင်) ရှေးဟောင်း သမိုင်းဝင် သိမ်များ

မြိတ်ခရိုင်အတွင်းရှိ ရှေးဟောင်းသိမ်များ

ထောင့်ကွာမြို့ (အိန္ဒိယ မဇ္ဈိမ ဒေသ ကောသမ္ဗီ ပြည်မှ ကုန်သွယ်သူများ လာရောက်သဖြင့် ကောသမ္ဗီ ဟုလည်း ခေါ်သည်)တွင် ဗြမုန္ဒရီမင်းမှ စ၍ မင်း ၄၉ ဆက်တိုင် နှစ်ပေါင်း ၂၅ဝ ခန့် အုပ်ချုပ်စိုးစံ ခဲ့ကြပြီးနောက် ပျက်ပြား ခဲ့သဖြင့် တနင်္သာရီမြို့ကို တည်ထောင်ခဲ့ကြသည်။ အနော်ရထာမင်းကြီးက သက္ကရာဇ် (၄၁၉)ခုနှစ်တွင် တနင်္သာရီကို သိမ်းသွင်းနိုင်ခဲ့သည်။ အနော်ရထာမင်းကြီးသည် အင်အားတောင့်တင်းသော နိုင်ငံတော်ကို တည်ထောင်ရန် နိုင်ငံခြားကူးသန်းရောင်းဝယ်ရေး အခြေစိုက်ရာ တနင်္သာရီ (ယခုမြိတ်ဒေသ)၏ တောင်ဘက် ကရားကျွန်းဆက် နေရာကို ချုပ်ကိုင်ထားနိုင်ခဲ့သဖြင့် ပုဂံခေတ် ကာလကပင် ပုဂံသားများ ရောက်ရှိ နေထိုင်ခဲ့ကြသည်။ ပုဂံကောင်းစားစဉ် ရာဇဌာန (၂၈)ပြည် ရှိသည့် အနက် တနင်္သာရီ ပြည်လည်း ပါဝင်သည်။ တနင်္သာရီသည် လေးသိန်းပြုမြို့ ဖြစ်သည်။

Monday, June 3, 2013

အတောင်းအရမ်းကြမ်းသော ကျောင်းအုပ်ဆရာမကြီးအား အရေးယူ ပေးစေလို (ပေးစာ)



ယခုနှစ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတွင် ကျောင်းအပ်နှံကြေးများ ကောက်ခံခြင်း မပြုရန် နိုင်ငံတော် အစိုးရမှ တရားဝင် ထုတ်ပြန် ကြော်ငြာထားပြီး ဖြစ်သည်။ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် အတွင်းရှိ ကျောင်းများမှာလည်း ယင်းကြော်ငြာချက်ကို သိရှိပြီး၊ တောင်းခံခြင်း မရှိသော်လည်း၊ အထက်တန်းကျောင်း တစ်ကျောင်းဖြစ်သော အ.ထ.က(၃)မှ ကျောင်းအုပ် ဆရာမကြီး ဒေါက်တာ ဒေါ်သင်းသင်းခိုင်မှာ မိမိကိုယ်ကျိုး အတွက် ကျောင်းအပ်နှံ လာကြသော မိဘရှင်များ ထံမှ နည်းမျိုးစုံဖြင့် တောင်းခံလျက် ရှိသည်။ အကြောင်းမှာ သူငယ်တန်း ကျောင်းသား တစ်ဦးလျှင် အနည်းဆုံး တစ်သိန်းကျ ကောက်ခံလျက်ရှိပြီး၊ ငွေကြေးမပေးနိုင်သော ကျောင်းသားများ ကိုမူ ကျောင်းဝင် ခွင့်မပြုပါ။ ဒေါက်တာ ဒေါ်သင်းသင်းခိုင်မှာ ငွေအလွန်မက်ပြီး မိမိ၎င်းနေရာ ရောက်ရန်အတွက် သိန်းရာနှင့် ချီပြီးပေးခဲ့ရကြောင်း ကိုလည်း ကျောင်းထဲတွင် မကြာခဏ ပြောဆိုလျက် ရှိသည်။ အခုအခါ ဒေါ်သင်းသင်းခိုင်သည့် ဗနုလ လမ်းထိပ်တွင် တိုက်ကြီးတစ်လုံးဆောက်လုပ်လျက်ရှိသည်။

Sunday, June 2, 2013

မြိတ်မြို့၌ ပရိယတ္တိသာသနာ့ပါလ စာမေးပွဲအောင်ဆု ချီးမြှင့်ဆက်ကပ်သည့် ဆုနှင်းသဘင် ကျင်းပ

 ၁၃၇၄ ခုနှစ် ပရိယတ္တိသာသနာ့ပါလ စာမေးပွဲအောင်ဆု ချီးမြှင့် ဆက်ကပ်သည့် ဆုနှင်းသဘင် အခမ်းအနားကို ဇွန်လ (၂)ရက် မွန်းလွဲ (၁) နာရီတွင် မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်ကြီး ဗုဒ္ဓသာသနာ့ ဗိမ္ဗာန်တော်၌ ကျင်းပခဲ့ရာ စေတီတော် သြ၀ါဒစရိယ ဆရာတော်ကြီးများ၊ စာမေးပွဲ ဦးဆောင်ဆရာတော်များ၊ လေးကျွန်းဆီမီး စေတီတော်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ဌာနဆိုင်ရာများ၊ တပည့်တကာ တကာမများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

နယ်လှည့်ဆေးကုသရေးအဖွဲ့ ရွှေပြည်တန်ကျေးရွာတွင် အခမဲ့ဆေးကုသပေး

ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေးအတွက် သံသရာအေး ဘုန်းတော် ကြီးသင် ပညာရေးကျောင်း ဆရာတော်နှင့် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး တို့ဦးဆောင်မှုဖြင့် (၅/၁၀၀) တပ်မတော် ဆေးရုံမှ အထူးကုပါရဂူကြီးများ၊ အထူးကု ဆရာဝန်ကြီးများနှင့် သူနာပြုဆရာ/ ဆရာမများသည် ဇွန်လ (၂ )ရက် နံနက် (၈)နာရီတွင် မြိတ်တောင်ကျေးရွာ အုပ်စု ရွှေပြည်တန် လမ်းမကြီးနှင့် ရာပြည့် (၂)လမ်း ထောင့်အိမ်၌ အခမဲ့ဆေးကုသပေး ခဲ့သည်။

အဆိုပါ ဆေးကုသရေး အဖွဲ့သည် ရွှေပြည်တန်၊ ရာပြည့်၊ အင်းလေးမြိုင်၊ ကုန်းဖောက် ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသား (၂၅၈)ဦးအား ကလေးအထူးကု ဆရာဝန်ကြီး၊ မျက်စိအထူးကု ဆရာဝန်ကြီး ၊ သားဖွား မီးယပ်အထူးကု ဆရာဝန်ကြီး၊ အရိုးအထူးကု ဆရာဝန်ကြီး၊ အထွေထွေ ရောဂါကု ဆရာဝန်ကြီး များနှင့် သူနာပြု ဆရာ/ ဆရာမများဖြင့် ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး အခမဲ့ ဆေးကုသ ပေးခြင်းနှင့် လိုအပ်သော ဆေးများကို အခမဲ့ပေးဝေ ခဲ့သည်။ မြိတ်တောင် ကျေးရွာအုပ်စု လမ်းများ ဖွံ့ဖြိုးမှု အကျိုးတော်ဆောင် အဖွဲ့မှ နယ်လှည့် ဆေးကုသရေး အဖွဲ့အား ဆေးဝါးများဝယ်ယူရန် အလှူငွေ (၁)သိန်းကျပ် လှူဒါန်း ခဲ့သည်။

မြိတ်မြို့မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေး တပ်စု စုဖွဲ့ ဇာတ်တိုက်လေ့ကျင့်

မြိတ်ခရိုင်အတွင်း သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်လာပါက တုန့်ပြန်ရန် စုဖွဲ့ထားသော မြိတ်မြို့ မီးသတ်တပ်ဖွဲ့ ရှာဖွေ ကယ်ဆယ်ရေး တပ်စု စုဖွဲ့ ဇာတ်တိုက် လေ့ကျင့်ခြင်းကို မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍  ဇွန်လ(၁)ရက် ည(၈)နာရီတွင် မြို့နယ် မီးသတ် တပ်ဖွဲ့စခန်း၌ ပြုလုပ်ခဲ့ကြသည်။

Saturday, June 1, 2013

မြိတ်မြို့၌ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း အသိပညာပေး ဆွေးနွေး

ပြည်သူများ သွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများအသိပညာပေး ဆွေးနွေးပွဲ ကို မေလ(၃၀) ရက် နေ့လည် (၂)နာရီတွင် မြိတ်မြို့ အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။