မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Wednesday, December 26, 2012

မြိတ်မြို့တွင် ကရင်အမျိုးသား နှစ်သစ်ကူးပွဲ ကျင်းပမည်

၁၃၇၄ ခုနှစ် ပြာသိုလဆန်း ၁ ရက် (၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်)တွင် ကျရောက်မည့် ၂၇၅၂ ခုနှစ် ကရင် အမျိုးသား နှစ်သစ်ကူးပွဲတော်ကို တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ မြို့မ အားကစားကွင်း၊  မြိတ်ခရိုင် အားကစား ခန်းမနှင့် ဘုရားငါးဆူ ကွင်းများတွင် ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်အထိ ငါး ရက်တိုင်တိုင်  စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။

Tuesday, December 25, 2012

မြိတ်မြို့၊ နောက်လယ်ဈေးအနီး မီးထိတ်လန့်မှုဖြစ်ပွား (၂၄-၁၂-၂၀၁၂)

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်၊ ညနေ (၂း၃၀) အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ နောက်လယ်ဈေးအနီး၊ ကျော်စိုးဝင်း ကုမ္ပဏီ၌ အမိုးနီးယား ယိုစိမ့်မှုကြောင့် မီးထိတ်လန့်မှု ဖြစ်ပွားခဲ့ပါသည်။ ဖြစ်စဉ်မှာ အမိုးနီးယားဓါတ်ငွေ့များ တစ်ဗူးမှ တစ်ဗူးသို့ ဖြည့်ထည့်ရာမှ ယိုစိမ့်မှုဖြစ်ခဲ့ရကြောင်း သိရှိရပါသည်။



မြိတ်မြို့၊ ကလွင်ရေပုန်းရပ်၌ မီးလောင်မှုဖြစ်ပွား (၂၃-၁၂-၂၀၁၂))

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့၊ ညနေ (၂း၄၀) အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ကလွင်ရေပုန်းရပ်ကွက် (မြိတ်တက္ကသိုလ်အနီး)၊ စိမ်းလဲ့ကန်သာယာလမ်း၊ အမှတ် (၁၀၁၁)၊ အိမ်ပိုင်ရှင် ဦးသောင်းညွန့် (၄၆ နှစ်)၊ အဘ ဦးတင်ငယ်၊ အမှတ်ပုံတင်အမှတ် ၆/မအရ(နိုင်) ၀၂၇၄၄၇ မှ ငှားရမ်းထားသော အိမ်ငှား ကိုရန်နိုင်လင်း (၃၁နှစ်)၊ အဘ ဦးငွေမြ၊ မှတ်ပုံတင်အမှတ် ၆/မမန(နိုင်) ၁၁၇၈၆၇ နေထိုင်သောနေအိမ်၌ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။


Saturday, December 22, 2012

မြိတ်မြို့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်၊ ညနေ (၃း၂၅) အချိန်ခန့်တွင် မြိတ် လေဆိပ်သို့ရောက်ရှိခဲ့ပါသည်။ ညနေ (၃း၄၅) နာရီအချိန်ခန့်တွင် ဦးစောဂျက် ကွင်းပြင်၌ မိနစ် (၃၀)ခန့် ပြည်သူလူထုအား ဟောပြောခဲ့ပြီး ညနေ (၅း၁၀) အချိန်ခန့်တွင် တည်းခိုအနားယူမည့် ကမ်းနားလမ်းရှိ ဦးစိုးသိန်း နေအိမ်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။ မနက်ဖြန် (၇) နာရီအချိန်တွင် ကျွန်းစုမြို့နယ် ကံမော်ကျေးရွာသို့ သွားရောက်ပြီး ပြည်သူ လူထုနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Friday, December 21, 2012

ကော့သောင်းကျောက်မီးသွေး စက်ရုံနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ လမ်းညွှန်မှာကြားချက်

ကော့သောင်းမြို့တွင် (၈) မဂ္ဂါဝပ်ထွက်ရှိသည့် ကျောက်မီးသွေး လျှပ်စစ်ဓာတ် အားပေးစက် တည်ဆောက်ပြီးစီးနေပြီ ဖြစ်ကြောင်း၊ သို့သော် အသုံးပြုသည်မှာ (၂) မဂ္ဂါဝပ် သာရှိသည်ဟု သိရှိရကြောင်း၊ ပိုလျှံသည့်လျှပ်စစ် ဓာတ်အားကို အသုံးချပြီး ကုန်ကြမ်းများကို တန်ဖိုးမြင့်ကုန်ချောများအဖြစ် ထုတ်လုပ်၍ စီးပွားရေး လုပ်ငန်းများ တိုးတက်လာအောင် တာဝန်ရှိသူများက ကြံဆလုပ်ဆောင်နေရန်လိုကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ (၁၇-၁၂-၂၀၁၂) ရက်နေ့ ကော့သောင်းမြို့ ခရီးစဉ်တွင် ကော့သောင်းမြို့ဧည့်ရိပ်သာ၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အားတွေ့ဆုံ အမှာစကားပြောကြားသည်။ 

Thursday, December 20, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မြိတ်တက္ကသိုလ်မှ ဆရာဆရာမများ၊ ၀န်ထမ်းများ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ အမှာစကား ပြောကြား

တနဿင်္ရီတိုင်းဒေသကြီး မြိတ်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒုတိယသမ္မတဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ၊တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ (၁၈)ရက်နေ့ နံနက် (၁၁)နာရီတွင် မြိတ်တက္ကသိုလ်သို့ရောက်ရှိကြရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာသက်ထွန်းအောင်၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်ဦး နှင့် ပါမောက္ခများ၊ တက္ကသိုလ် ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများက ကြိုဆိုကြသည်။

Tuesday, December 18, 2012

နိုင်ငံတော်သမ္မတ မြိတ်ခရိုင်၊ တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်



၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်၊ နံနက် (၈၄၀)နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်၊ပုလဲရတနာခမ်းမ၌ ပြုလုပ်ကျင်းပသော တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာများမှ ၀န်ထမ်းများ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ လူဦးရေ စုစုပေါင်း (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုမှ မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေကို ရှင်းလင်းတင်ပြကြောင်း၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနမှ ၀န်ကြီး ဦးတင်နိုင်သိန်း၊ ၀န်ကြီး ဦးစိုးသိန်း၊ ၀န်ကြီး ဦးလှထွန်းတို့မှ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြောင်းနှင့် နိုင်ငံတော်သမ္မတကြီးမှ လမ်းညွှန်အမှာစကားပြောကြားပြီး အခမ်းအနားကို (၁၀၄၅)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။




Friday, December 14, 2012

ဒေါ်အောင်ဆန်းစုကြည် လာရောက်ဟောပြောရန်အတွက် သန့်ရှင်းရေးလုပ်ပြီး အမှိုက်မီးရှို့ရာမှ spray ဘူးပေါက်၍ ထိခိုက်ဒဏ်ရာရ



၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့၊ ညနေ (၃း၀၀)နာရီအချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာ၊ ဘုံကျောင်းနံဘေး၊ စာသင်ကျောင်းလမ်း၊ ပျော်ပွဲရွှင်ပွဲပြုလုပ်နေသည့် ကွင်း တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များသည် ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့် အခါ ဟောပြောရန်အတွက် ကွင်းကို သန့်ရှင်းရေးလုပ်၍ အမှိုက်များကို မီးပုံရှို့ရာမှ အမှိုက်ပုံ အတွင်း၌ ပါလာသော (spray) စပလေးဘူး ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါသည်။ ၄င်းပေါက်ကွဲမှုကြောင့် ဒေါ်ဝင်းကြည် (၅၄)နှစ် ၀ဲမျက်လုံးအောက်တွင် ပွန်းပဲ့ဒဏ်ရာရ၊  ဒေါ်ကြူသန်း (၄၄)နှစ် ပေါင်နှစ်ဖက်တွင် ပွန်းပဲ့၊  မဇင်ဇင်အေး (၁၇)နှစ် ရင်ဘတ်တွင် အဖုတက် ၊ မမိုးပွင့်ဖြူ (၁၇)နှစ် ခါးတွင် ပွန်းပဲ့ဒဏ်ရာရရှိသွားကြောင်း ၄င်းတို့ကို ကံမော် ဆေးရုံတွင် ဆေးထည့်ပြီး နေအိမ်သို့ ပြန်ဆင်း သွားကြောင်း သတင်းရရှိပါသည်။
 

မြန်မာ့မြေ လန်ပိကျွန်း ကျူးကျော်ခံနေ ရပြီလော


မြန်မာ့မြေ လန်ပိကျွန်း ကျူးကျော်ခံနေ ရပြီလော . . . 
မြန်မာတိုင်းရင်းမောင်နှမ မော်ကင်း တို့ မျိုးပျောက်တော့မည်လော . . .
ကယ်ရာမဲ့၊ တွယ်ယာမဲ့ ဖြစ်နေရှာသော မြန်မာ့ တောင်စွန်းဒေသ
သတင်းသစ်ဂျာနယ် မှ သတင်းထောက် အေးချမ်းမိုး ရေးသည်။

သတင်းသစ်ဂျာနယ် အတွဲ1၊ အမှတ် 38၊ 14-12-2012 သောကြာနေ့ထုတ် ဂျာနယ်တွင်ပါ၇ှိသော လန်ပိကျွန်း အကြောင်းက စိတ်ဝင်စားစရာဖြင့် ပြည့်နှက်နေသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်၊ ကိုယ့်ရေမြေ တောတောင်တို့အား ကာကွယ်ထိန်းသိမ်းရန်၊ ၀ိသမ လောဘသားများ၏ အနိုင်ကျင့် စိုးမိုးမှု ပပျောက်စေရန်၊ အကျင့်ပျက်သူတို့ ပပျောက်စေရန်၊ မြန်မာတို့၏ သယံဇာတ များအား နည်းအမျိုးမျိုးနှင့် ဂုတ်သွေးစုပ် နေမှုများအား ၀ိုင်းဝန်း ထိမ်းသိမ်းကြစေလိုရန် ရည်ရွယ်၍ မူရင်း စာသားများအား အနှစ်ချုပ်ပြီး ဖော်ပြပေးပါမည်။

- မြန်မာနိုင်ငံ၏ လူမျိုးများထဲတွင် မြန်မာသာမက ကမ္ဘာကပါသိသော ပင်လယ်ပျော် မော်ကင်းလူမျိုးတို့မှာ  ကျန်မာရေး၊ ပညာရေး ချို့တဲ့သည့် အပြင် မှတ်ပုံတင်ပင် မရှိသည့် အတွက် လူမျိုးပါ ပျောက်မည့် အရေးနှင့် ရင်ဆိုင်နေရခြင်း။

- ဆလုံ ခေါ် မော်ကင်းတို့၏ မြေသည် 1966 မှစပြီး မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဏ္ဏ၀ါ အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ခြင်း ခံရသော လန်ပိကျွန်း ဖြစ်သည်။ လန်ပိကျွန်းဟာ တနင်္သာရီတိုင်း ဒေသကြီး ဘုတ်ပြင်း ဒေသမှ မိုင် 40၊ မြိတ်မြို့မှ မိုင် 90၊ ကောသောင်းမှ မိုင် 60 ရေလမ်းဖြင့် သွားရောက်ရသော အဖိုးမဖြတ်နိုင်သည့် မြန်မာတို့၏ ဒေသဖြစ်ခြင်း။

- လန်ပိကျွန်းသည် အမြဲစိမ်းသစ်တော 22 ရာခိုင်နှုန်း၊ ဒီရေတော 2 ရာခိုင်နှုန်း၊ သဲသောင်သစ်တော 1ရာခိုင်နှုန်း၊ ရေသယံဇာတ 75 ရာခိုင်နှုန်း ဖြစ်ပြီး အကျယ်အ၀န်းအားဖြင့် 79 ဒသမ 9 မိုင်၊ ပေ 1500 အထက် တောင်များဖြင့် စုဖွဲထားပြီး ဆလုံလူမျိုးတို့ နေထိုင် ကျက်စားရာ ဒေသဖြစ်ခြင်း။

- လန်ပိကွန်းတွင် သန္တာကျောက်တန်း၊ ပင်လယ်မြက်ခင်း၊ ဒီရေတော၊ ရေချိုရေငန်၊  ရွှံ့နွံ့တောများ သာမက အပင်အမျိုးအစား 195 မျိုး (ကညင်နီ၊ ကညင်ဖြူ၊ ကညင်ရွက်သေး၊ သေခံ၊ ဦးပယ်၊ သင်္ကန်း၊ တောင်ဖြူ၊ ဟင်းချိုကြီးစသောအပင်ကြီးမျိုးများ)၊  ဒီရေတော အမျိုးအစား 69 မျိုး၊ နို့တိုက် သတ္တ၀ါ 19 မျိုး၊ ဖွတ် 228 မျိုး၊ တွားသွားသတ္တ၀ါ 19 မျိုး၊ ကုန်ရေနေသတ္တ၀ါ 10 မျိုး၊  ခရု၊ ဂုံး၊ ကမာ၊ ယောက်သွားအမျိုး 50၊ ပင်လယ်ရေညှိ 73 မျိုး၊ ပင်လယ်ငှက် 11 မျိုး၇ှသည်။ ပသျှူးသင်းခွေချပ်၊ ရေ၀က်၊ ကဏန်းစားမျောက်၊ ခြေသည်ငယ်ဖျံ  စသည့် ရှားပါးသတ္တ၀ါများမှာ လန်ပိကျွန်း တွင်ရှိပြီး မျိုးတုန်းပျောက်ကွယ်မည့် ရန်နှင့်ရင်ဆိုင်နေရခြင်း။

- လန်ပိကျွန်းရှိ ပင်လယ်ပျော် ဆလုံ(ခ)မော်ကင်း လူမျိုးတို့သည် အင်အားကြီး လူမျိုးစုများ  တစ်တစ်စ ၀င်ရောက်လာမှု၊ အခြား လူမျိုးများနှင့် အိမ်ထောင်ကျမှု၊ ရေကြည်ရာ မြက်နုရာေ၇ွှ့ပြောင်နေထိုင်မှု တို့ကြောင့်  လွန်ခဲ့သော 7 နှစ်ခန့်က နေထိုင်သော ဆလုံ လူမျိုးတို့ဟာ နည်းပါးလာပြီး မြန်မာ ကရင်အိမ်ထောင်စုများ 2 ဆကျော်များပြားလာခြင်း။

- အသိပညာ ရှာဖွေမှု အခွင့်အရေး အားနည်းသော စိတ်ရင်းဖြူသော  ဆလုံတိုင်း ရင်းသားများ ၇ှိရာသို့ စီးပွားေ၇းသမားများ ရောက်ရှိလာပြီး  ကဘန်းခေါ်ေ၇ှးဆလုံ အိမ်လှေကြီးများကို ၀ယ်ပြီး ဆလုံ လူမျိုးများကို  ကင်းမွန်မျှားရန် အငှားပြန်ချကြပြီး ကင်းမွန်မျှားရာတွင် မျှားမည့်နေရာ ရောက်မှသာ  အစားအစာ ထုတ်ပေးခြင်းခံနေရပြီး မူးယစ်ဆေးဝါး ၀ါးမျိုခြင်း ခံရသော ဆလုံအမျိုးသား ရှားပါးလာခြင်းကြောင့်  အမျိုးသမီးနှင့် ကလေးငယ်များသာ ထိုအလုပ်ကို လုပ်ကိုင်နေ၇ပြီး လုပ်ငန်းရှင်များ ထံသို့ ထက်ဝက်ဈေးဖြင့် မဖြစ်မနေေ၇ာင်းချနေရခြင်း အပြင်  အမိမြေ လန်ပိကျွန်းသို့  အိမ်နီးချင်း ထိုင်နိုင်ငံမှ တရားမ၀င် စီးပွားရှာမှုကြောင့် ဂေဟစနစ်မှာ တစ်နှစ်ထက် တစ်နှစ် သိသာစွာ ယိုယွင်းလာခြင်း။

- တစ်ခြားနိုင်ငံမှ တ၇ားမ၀င် သစ်ခိုထုတ်ခြင်း၊ ရေသယံဇာတများ ဖမ်းဆီးခြင်း၊ မိုင်းခွဲ ငါးဖမ်းခြင်း များကြောင့် သန္တာကျောက်တန်း များပင် ပျက်စီးနေခြင်း။

- အမိမြေ လန်ပိကျွန်း ဂေဟစနစ် ပျက်ယွင်းလာမှုကို ထိုကျွန်းသို့ ကိုယ်တိုင် သွားလာ လေ့လာသူ သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဒေါက်တာစောမွန်သိမ့်က ပြောကြားရာတွင် - - -
- မြန်မာနိုင်ငံရဲ့ အဏ္ဏ၀ါ အမျိုးသားဥယျာဉ်ဟာ marine Resources ပေါကြွယ်ဝလို့ ကျွန်မတို့ အမြဲဂုဏ်ယူခဲ့ရတဲ့ နေရာပါ။  ဒါပေမယ့် အခုတော့ marine resources တွေဟာ တကယ့်ကို မျိုးတုန်း ပျက်စီးတော့မယ့်  အခြေအနေ အဖြစ် ခြိမ်းခြောက်ခံနေရပါပြီ၊ ကမ္ဘာမှာ ဒိုင်နိုဆောတွေ ပျောက်ကွယ်သလို ပျောက်ကွယ်တော့မယ့်  အပင် မျိုးစိတ်တွေ နေစဉ် ခုတ်လှဲခံနေရပါတယ်။ ကျွန်မတို့ သတိမပြုမိဘဲ မထိမ်းသိမ်းရင်မဖြစ်တော့တဲ့ အခြေအနေကိုရောက်နေပါပြီ တဲ့၊ - အဏ္ဏ၀ါါဥယျာဉ်ကို ကာကွယ်စောင့်ရှောက်ဖို့ 22 ဦးရှိတယ်လို့  ဌာနမှ ထုတ်ပြန်ချက်တွေမှာ တွေ့ရပေမယ့် တကယ့်လက်တွေ့ ရောက်သွားတော့ မ၇ှိဘူး။  အခုလိုဘာကြောင့် တစ်ဖက်နိုင်ငံက လူတွေလာပြီးလုပ်နေကြသလဲ၊ တရားဥပဒေ စိုးမိုးမှု ထုတ်ပြန်ထားတဲ့ ဥပဒေ တွေမစိုးမိုးလို့ပါ။ တရားမ၀င်  လုပ်ကိုင်နေသူတွေ ကိုယ်တိုင်က အဲ့ဒီနေရာရဲ့ အုပ်ချုပ်ရေးမှူးတွေဖြစ်နေတာ တွေ့ရတယ် လို့ ဒေါက်တာစောမွန်သိမ့်က ပြောပြပါတယ်။

- ထိုပြင် စာရေးသူ အေးချမ်းမိုး ကလည်း -- မော်ကင်းတို့၏ အမိမြေသည်လည်း  တရားမ၀င် သစ်ခိုးထုတ်မှုများ၊ တရားမ၀င်ငါးဖမ်းမှုများ၊  တရားမ၀င် ရေသယံဇာတများ ကုန်ကူးမှုတို့ကြောင့် မျိုးစိတ်များကွယ်ပျောက် ရာမှ ကျွန်းတစ်ခုလုံးပါ ကွယ်ပျောက်မည့် အန္တရာယ်ကို ရင်ဆိုင်နေရပြီဖြစ်သည်။  ထို့ကြောင့် သဘာဝဓလေ့၊ လူမျိုး၊ သဘာဝဥယျာဉ် စသည်တို့ မပျောက်ကွယ်စေရန် တာဝန်ရှိသူများမှသည်  စာဖတ်သူများပါ ထိန်းသိမ်းကာကွယ်စေရန် ရည်ရွယ်ပြီးေ၇းသားလိုက်ရပါသည် လို့တွေ့ရပါသည်။

-ထို့ကြောင့် ကျွန်တော်တို့ နိုင်ငံသည် မြေပေါ်မြေအောက်၊ ရေ သယံဇာတများ လွန်စွာပေါကြွယ်ဝသောကြောင့် ထိုကဲ့သိုသော အထင်ကရ၊ ၇ှားပါးနေရာများတွင် ၀ိသမာ လောဘ၊ ကိုယ်ကျိုးကြည့်သူ  တွေကြောင့်မည်မျှပင် ပျောက်ကွယ်နေမည်လဲဆိုသည်မှာ တွေးပင်မတွေးတက်အောင် ၇ှိခြင်းကြောင့် တိုင်းပြည်နှင့် လူမျိုးအတွက် တစ်စိတ် တစ်ဒေသက  ကူညီနိုင်မည့်သူများ သိရှိပြီး ကာကွယ်ပေနိုင်ရန် စေတနာဖြင့် တင်ပြလိုက်ပါတယ်။

မြန်မာ့လေကြောင်းမှ ဖော်ကာ F-28 လေယာဉ် ထားဝယ်လေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မြိတ်-ရန်ကုန် ခရီးစဉ်အဖြစ် ပျံသန်းခဲ့သည့် လေယာဉ်ခရီးစဉ် အမှတ် XY - AGA ဖော်ကာ F - 28 အမျိုးအစား လေယာဉ်သည် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၀၈၀၀ နာရီအချိန် တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ လေယာဉ်အမှုထမ်း ၅ ဦး၊ ခရီးသည် ၇၀ ဦးတို့ဖြင့် ထွက်ခွာလာရာ ၀၈၃၀ အချိန်ခန့်တွင် ညာဘက်အင်ဂျင်ချို့ယွင်းသဖြင့် ထားဝယ်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ကြောင်း သိရှိရသည်။

ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများအား မြန်မာ့လေကြောင်းနှင့် အဲကမ္ဘောဇ (AIR KBZ) လေကြောင်းလိုင်းတို့မှ လေယာဉ်များဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ပြီး ကျွမ်းကျင် အင်ဂျင်နီယာများမှ လေယာဉ်အားပြန်လည်ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

Mynamar Online News
 
 

Thursday, December 13, 2012

မြန်မာနိုင်ငံ၏ ပထမဆုံး အဏ္ဏဝါအမျိုးသား ဥယျာဉ်


အာဆီယံအမွေအနှစ် ဥယျာဉ်တစ်ခုဖြစ်သော လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်၏ သဘာဝ အလှတရားများနှင့် ဒေသခံ ဆလုံတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ ရေရှည်ထိန်းသိမ်းရေးနှင့် ယင်းတို့ကို အခြေခံကာ အနာဂတ် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ အဆိုပါကျွန်းသည် တိုင်းရင်းသား ဆလုံများ နေထိုင်ရာဒေသ ဖြစ်သည့်အပြင် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ထိန်းသိမ်းထား ဆဲဖြစ်သဖြင့် ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်မှု အကောင်းဆုံး သဘာဝ ဓလေ့စရိုက် များပင် ဖြစ်ပေသည်။ 

လန်ပိအဏ္ဏဝါ အမျိုးသား ဥယျာဉ်သည် တနသာင်္ရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် တည်ရှိပြီး ဧရိယာစတုရန်းမိုင် ၇၉ ဒသမ ၀၉ ကျယ်ဝန်းသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးအဏ္ဏဝါ အမျိုးသား ဥယျာဉ်ကြီးလည်းဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် နိုင်ငံတော် အစိုးရက ‘အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် စာရင်းတွင် ပါဝင်နိုင်ခဲ့သည်။ 

ယင်းဥယျာဉ်သည် လန်ပိကျွန်းကြီး၊ အချို့ကျွန်းငယ်များ အပါအဝင် မြိတ်ကျွန်းစု ဒေသအထိ ကျယ်ပြန့်သည်။ လန်ပိကျွန်းသည် ၄၈ ကီလိုမီတာရှည်ပြီး အကျယ်ဆုံးမှာ ၆ ကီလိုမီတာရှိသည်။ ကျွန်း အနေအထားသည် တောင်ကုန်းထူထပ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၇၀၊ အချို့နေရာများသည် မီတာ ၅၀၀ အမြင့်၌ တည်ရှိသည်။ ကမ်းရိုးတန်းသည် များသောအားဖြင့် ကျောက်ဆောင်များ ထူထပ်လျက်ရှိပြီး သဲသောင်ကမ်းခြေများ၊ ပင်လယ်အော်များနှင့် ရေလက်ကြားများလည်း ရှိသည်။ ယင်းအမျိုးသား ဥယျာဉ်သည် လိုဏ်ဂူကြီးများနှင့် ရေချိုအရင်းအမြစ် အများအပြား ရှိခြင်း၊ ကျွန်းငယ်များ ဝိုင်းရံကာ သန္တာကျောက်တန်း များဖြင့် ဖွဲ့စည်းတည်ရှိခြင်း တို့ကြောင့် ဝင့်ကြွားထည်ဝါလျက် ရှိသည်။ ကော့သောင်းမြို့မှ ရေမိုင် ၆၀၊ ဘုတ်ပြင်းမြို့မှ ရေမိုင် ၄၀၊ မြိတ်မြို့မှ ရေမိုင် ၉၀ ကွာဝေးသော ပင်လယ်ပြင်တွင် တည်ရှိပြီး တနင်္သာရိကမ်းရိုးတန်းနှင့် ၁၂ မိုင်ကွာဝေးကာ ရေကြောင်းလမ်းတစ်ခုသာ ရှိသည်။ လန်ပိကျွန်းသည် စင်ကာပူနိုင်ငံ အရွယ်ခန့်ရှိပြီး အလွန်ရှားပါးပြီး အဖိုးတန်သည့်ဒေသမျိုး မဟုတ်သော မြေနိမ့်ဒေသ မုတ်သုံ သစ်တော ပေါက်ရောက်ရာ နယ်မြေ တစ်ခုဖြစ်သည်။ 

လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်၌ တွားသွားသတ္တဝါ မျိုးစိတ် ၂၀၊ ငှက်မျိုးစိတ်ပေါင်း ၁၂၉၊ လမုပင်မျိုးစိတ် ၅၀၊ ပင်လယ်မြက်ခြောက်မျိုး၊ သန္တာကျောက်တန်း မျိုးစိတ် ၆၀ တို့ကို ထိန်းသိမ်းထားပြီး ဒီရေတောနှင့် အမြဲစိမ်းတော ဂေဟစနစ်များ၊ လင်းပိုင်၊ ပင်လယ်လိပ်မျိုးများ၊ ပင်လယ်ငှက်များ၊ ပင်လယ်ရေမှော်၊ ပင်လယ်မြက်၊ လမုပင်များ၊ သန္တာကျောက်တန်းများနှင့် ယင်း သန္တာကျောက်တန်းများ အကြား ခိုလှုံမျိုးပွားနေသော အဏ္ဏဝါမျိုးစိတ် များကို လေ့လာနိုင်ကြမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်း ခရီးစဉ် ရန်ပုံငွေ ဈေးရောင်းပွဲတော်နှင့် ဂီတ ဖျော်ဖြေပွဲ ပြုလုပ်မည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ၊ ကမ္ဘာငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်း ဒေသကြီး ခရီးစဉ် ရန်ပုံငွေ အဖြစ် မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဈေးရောင်းပွဲတော်နှင့် ဂီတ ဖျော်ဖြေပွဲကို ဒီဇင်ဘာလ (၁၅) ရက်နေ့ ည (၇) နာရီအချိန်တွင် မြိတ်မြို့ ကြံတောရပ်ရှိ ဦးစောဂျက် မင်္ဂလာ ခန်းမ၀င်းအတွင်း ပြုလုပ်မည် ဖြစ်ပါသည်။

ဂီတဖျော်ဖြေပွဲတွင် ဆိုတေး၊ ခင်ဘုဏ်၊ နီတာ၊ Blue Berry တို့မှ ပါဝင်ဖျော်ဖြေမည် ဖြစ်ပြီး လက်မှတ် တစ်စောင်လျှင်  (၃၀၀၀ိ) ကျပ်နှုန်းဖြင့် မြိတ်မြို့တွင်း လှည့်လည်ရောင်းချနေသည့် မော်တော်ယာဉ်တွင် လည်းကောင်း၊ ရပ်ကွက် အသီးသီးရှိ NLD ပါတီ ရုံးများတွင် လည်းကောင်း ၀ယ်ယူ အားပေးနိုင်ကြောင်း သတင်းရရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ (၂၂) (၂၃) (၂၄) ရက်နေ့များတွင် ကော့သောင်းမြို့ ၊ မြိတ်မြို့၊ ကျွန်းစုမြို့တို့သို့ သွားရောက်ပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရှိရပါသည်။



Wednesday, December 12, 2012

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကန်ခေါင်း၊ ဈေးတန်း၊ မြစ်ငယ် ရုံးဖွင့်ပွဲများ ကျင်းပ


မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရပ်ကွက်ရုံးများ ဖွင့်ပွဲ အခမ်းအနားကို ၁၂-၁၂-၂၀၁၂ ရက်နေ့ တွင် ပြုလုပ်ရာ ထိုနေ့  (၀၈၃၀) နာရီအချိန်တွင် ကန်ခေါင်းရပ်ကွက် ရုံးဖွင့်ပွဲ အခမ်းအနားအား မြကန်သာလမ်းရှိ ဦးလှမြင့် နေအိမ်တွင် လည်းကောင်း၊ ဈေးတန်းရပ်ကွက် ရုံးဖွင့်ပွဲ အခမ်းအနားအား ((၀၉၀၀) နာရီတွင် SB ရုံးလမ်း လမ်းသွယ်ရှိ ဦးဆန်းလွင် နေအိမ်တွင် လည်းကောင်း၊ မြစ်ငယ်ရပ်ကွက်ရုံး ဖွင့်ပွဲကို (၀၉၃၀) နာရီအချိန်တွင် ရွှေပြည်သာလမ်းရှိ  ဦးစိုးမိုး(ခ) ဦးသားကြီး နေအိမ်တွင် လည်းကောင်း ပြုလုပ်ကျင်းပကြပါသည်။

ကန်ခေါင်းရပ်ကွက် ရုံးဖွင့်ပွဲ အခမ်းအနားကို တနင်္သာရီတိုင်း ဒေသကြီး စည်ပင်သာယာရေး ၀န်ကြီး ဦးအောင်ကျော်ကျော်ဦးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ ကန်ခေါင်းရပ်ကွက် စည်းရုံးရေးမှူး ဦးလှမြင့်က ဆိုင်းဘုတ်ကြိုးဆွဲဖွင့်လှစ်၍ တိုင်းကော်မတီဝင် ဦးအေးအောင်က အဖွင့်အမှာစကား ပြောကြားသည်။

ဈေးတန်းရပ်ကွက် ရုံးဖွင့်ပွဲတွင် တနင်္သာရီတိုင်း ဒေသကြီး သစ်တော / သတ္တု ၀န်ကြီး ဦးတင်စိုးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ ဈေးတန်း ရပ်ကွက် စည်းရုံးရေးမှူး ဦးကျော်ကျော်စိုးက ဆိုင်းဘုတ်ကြိုးဆွဲ ဖွင့်လှစ်၍ တိုင်းကော်မတီဝင်  ဦးအေးအောင်က အဖွင့်အမှာစကား ပြောကြားသည်။

မြစ်ငယ်ရပ်ကွက် ရုံးဖွင့်ပွဲ အခမ်းအနားတွင် တနင်္သာရီတိုင်း ဒေသကြီး သစ်တော / သတ္တု ၀န်ကြီး ဦးတင်စိုးနှင့်  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင့်ရှန် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ မြစ်ငယ်ရပ်ကွက်   စည်းရုံးရေးမှူး ဦးကျော်ထွေးက က ဆိုင်းဘုတ်ကြိုးဆွဲ ဖွင့်လှစ်၍ တိုင်းကော်မတီဝင် ဦးအေးအောင်က အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားများသို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် ဦးတင်ရှန်၊ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်းလွင်၊ စည်ပင်သာယာရေး ၀န်ကြီး ဦးအောင်ကျော်ကျော်ဦး၊ သစ်တောနှင့် သတ္တု ၀န်ကြီး ဦးတင်စိုး နှင့် တိုင်းကော်မတီဝင်များ ၊ ခရိုင်အတွင်းရေးမှူး ဦးအောင်ဇော်မိုးနှင့်  ကော်မတီဝင်များ၊ မြိတ်မြို့နယ် အတွင်းရေးမှူး ဦးကိုကိုကြီးနှင့် ရပ်/ကျေး စည်းရုံးရေးမှူးများ၊ ပါတီဝင်များ  စုစုပေါင်း အင်အား (၁၀၀) ဦးခန့် တက်ရောက်ပါသည်။ 


Tuesday, December 11, 2012

မြိတ်မြို့တွင် လူထုအခြေပြု လူမှုဖွံ့ဖြိုးရေးသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး လူထု အခြေပြု လူမှု ဖွံ့ဖြိုးရေး သင်တန်း ဖွင့်ပွဲ အခမ်းအနားအား ဒီဇင်ဘာ ၁၁ နံနက် (၀၉၀၀) နာရီအချိန် မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ပြုလုပ်ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ ပုလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမော င်လှ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးသိန်းဝင်း၊ သင်တန်းနည်းပြများ၊ သင်တန်းသား သူများ တက်ရောက်ကြပါသည်။

ဖွင့်ပွဲ အခမ်းအနားတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကား ပြောကြားပြီးနောက် သင်တန်းတာဝန်ခံမှ သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားကာ သင်တန်း ဆက်လက် ပို့ချပါသည်။

အဆိုပါသင်တန်းကို မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင်များမှ သင်တန်းသား စုစုပေါင်း (၁၀၉) ဦး တက်ရောက်ကြပြီး သင်တန်းသား များမှာ ပြည်ခိုင်ဖြိုးပါတီက (၄၀) ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က (၂၅) ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက (၆) ဦး ၊ ရပ်ကွက် / ကျေးရွာများမှ လူငယ် (၃၈)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

ထိုသင်တန်းကို ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ဖွင့်လှစ်မည် ဖြစ်ပြီး စီးပွားရေး၊ နိုင်ငံရေး၊ အသွင်ကူးပြောင်းရေး၊ဒေသန္တရ အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေး ၊ အစိုးရစနစ် အတွင်း လူထု ပါဝင်ဆောင်ရွက်မှု၊ လူမှုေ၇း တာဝန်ခံမှု ၊ ဈေးကွက် စီးပွားရေးစနစ် စသည့် ဘာသာရပ်များအား Myanmar Egress အဖွဲ့က ဆွေးနွေးပို့ချ ရှင်းလင်းသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။




Monday, December 10, 2012

မြိတ်မြို့ရှိ တရားပွဲများတွင် အမျိုး၊ ဘာသာ၊ သာသနာတော်ကို ကာကွယ် စောင့်ရှောက်မည့် ဂဏ၀ါစက သံဃာ့ကွန်ယက် မိတ်ဆက် အခမ်းအနား DVD အခွေများ ဖြန့်ဝေ ကုသိုလ်ယူ

ယခု ရက်သတ္တပတ် အတွင်း မြိတ်မြို့ပေါ်တွင် ကျင်းပ ပြုလုပ်လျက် ရှိသော ဆရာတော်ဘုရားကြီးများ၏ တရားဟောပွဲများတွင် အမျိုး ၊ ဘာသာ၊ သာသနာတော်ကို ကာကွယ် စောင့်ရှောက်မည် ဂဏ၀ါစက သံဃာ့ ကွန်ယက် မိတ်ဆက် အခမ်းအနား DVD အခွေများ ဖြန့်ဝေ ကုသိုလ်ယူသူများ များပြားလာကြောင်း သတင်း  ရရှိသည်။

အဆိုပါ ဂဏ၀ါစက သံဃာ့ကွန်ယက် သည် သာသနာ့ တာဝန် ထမ်းဆောင်နေကြသည့် သံဃာတော် အချင်းချင်း  အပြန်အလှန် ဆက်သွယ်မှု ဖြစ်ရန်၊ ဘာသာရေး ဗဟုသုတများအား နှီးနှော ဖလှယ်ကျစေရန်၊ ဗုဒ္ဓဘာသာဝင်  ရင်သွေးငယ်များအား ဘာသာရေး အသိအမြင်များ ပေးရန်၊ အမျိုး ၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး တရားများ ဟောကြားရန် စသည့် ရည်ရွယ်ချက် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန် အတွက် ၂၀၁၂ ခုနှစ် အောက်တိုဘာ (၄) ရက်နေ့တွင် မော်လမြိုင် မြို့တွင် စတင် ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့၌ KNU (ငြိမ်းချမ်းရေးအဖွဲ့) ရန်ပုံငွေကောက်ခံ

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကြိမ်ချောင်းကျေးရွာ အလွန် ကျောက်ခွက်တောင်၌ (၇-၁၂-၂၀၁၂) ရက်နေ့ နံနက် (၁၀)နာရီ အချိန်ဝန်းကျင်း ခန့်တွင် KNU ငြိမ်းချမ်းရေးအဖွဲ့မှ ဖဒို ဆေးဟဲ ဦးစီးသော အဖွဲ့ဝင် (၄) ဦးသည် ၄င်းလမ်းပေါ်တွင် သွားလာနေသည့် မော်တော်ဆိုင်ကယ်များအား တစ်စီးလျှင် ၁၅၀၀၀ိ/ (တစ်သောင်းငါးထောင်) နှုန်းဖြင့် ဆိုင်ကယ်အစီး (၅၀) ခန့်အား ရန်ပုံငွေ ကောက်ခံ ခဲ့ပြီး ငွေရပြေစာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sunday, December 9, 2012

အမျိုးသားနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် သဘောလိပ်ကျေးရွာ၌ ကိုယ့်အားကိုယ်ကိုး ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ ပြုလုပ်


(၉၂)နှစ်မြောက် အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်  ညောင်ပင်ကွင်းကျေးရွာအုပ်စု သဘော့လိပ်ကျေးရွာ၏ ကိုယ့်အား ကိုယ်ကိုး  ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနားကို (၈-၁၂-၂၀၁၂) ရက်နေ့ နေ့လည် (၁၂) နာရီအချိန် ယင်းကျေးရွာရှိ စက်ရုံတွင် ပြုလုပ်သည်။ ထိုဖွင့်ပွဲ အခမ်းအနားတွင် သဘောလိပ်ကျေးရွာ ၀ဏ္ဏသီရိကျောင်းထိုင် ဆရာတော် ဦးတေဇောဘာသ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး တို့က အဖွင့်အမှာ စကား  ပြောကြားပြီးနောက် ရပ်မိရပ်ဖ ဖြစ်သူ ဦးအေးလွင်က ကျေးဇူးတင်စကား ပြောကြားသည်။  ထိုနောက် သဘောလိပ်ကျေးရွာ ၀ဏ္ဏသီရိကျောင်းထိုင်ဆရာတော် ဦးတေဇောဘာသ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ညောင်ပင်ကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးဦးတို့က စက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။

(၉၂)မြောက် အမျိုးသားနေ့ အထိမ်းအမှတ် မြိတ် ပြည်ခိုင်ဖြိုးပါတီက စုပေါင်း သွေးလှူဒါန်း

၂၀၁၂ ခုနှစ် ဒီဇင်ဘာ (၈) ရက်နေ့တွင် ကျရောက်သော (၉၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က စုပေါင်း သွေးလှူဒါန်း ခြင်း အား  မြိတ်မြို့ အထွေထွေ ရောဂါကု ဆေးရုံကြီး သွေးလှူဘဏ်တွင် ပြုလုပ်ရာ သွေး (၁၅) ပုလင်းအား  လှူဒါန်းခဲ့သည်။ 

ယင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် ဦးတင်ရှန်၊ တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်းလွင်၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးတင်စိုး တို့ တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။


Friday, December 7, 2012

လူထုအခြေပြု၊ လူမှု ဖွံ့ဖြိုးရေး သင်တန်း မြိတ်မြို့တွင် ဖွင့်လှစ်မည်

Myanmar Egress ၏ ဆွေးနွေးပို့ချမှုဖြင့် လူထုအခြေပြု၊ လူမှု ဖွံ့ဖြိုးရေး သင်တန်းအား  ၂၀၁၂ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့မှ (၁၄) ရက်နေ့ အထိ  မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၄) နာရီအချိန်  ဖွင့်လှစ်ပို့ချသွား မည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ ပြည်ခိုင်ဖြိုး ၊NLD နှင့် ရပ်ကွက်နှင့်ကျေးရွာ လူငယ်များ စုစုပေါင်း (၈၀)  ဦးခန့် တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။  ထိုသင်တန်းတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘာသာရပ်များ ဆွေးနွေးပို့ချမည် ဖြစ်ကြောင်း သိရှိရသည်။

Thursday, December 6, 2012

ကျွန်းစုမြို့နယ် မရမ်းချောင်းကျေးရွာ ဇာတ်ပွဲတွင် လောင်းကစား ၀ိုင်းများ ထည့်သွင်း ပြုလုပ်



ကျွန်းစုမြို့နယ် ကပကျေးရွာ အုပ်စု ၊ မရမ်းချောင်းကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် ကျေးရွာ စာကြည့်တိုက် ရန်ပုံငွေ ခေါင်းစဉ်ဖြင့် ညီညီအောင် ဇာတ်ပွဲသဘင်ကို ဒီဇင်ဘာလ (၄) ရက်နေ့မှ (၈) ရက်နေ့အထိ ပြုလုပ် ရာ လောင်းကစားဝိုင်းများဖြင့် စည်ကားလျက် ရှိပြီး လောင်းကစား ဒိုင်များမှာ အနီထောင် (၃)ဒိုင်၊ လေးကောင်ဂျင် (၁၃)ဒိုင်၊ အံစာတုံး (၁၈) ဒိုင်၊ မြှားပစ် (၁) ဒိုင် ရှိကြောင်း နှင့် နေ့လည်ပိုင်းတွင်လည်း ၄င်းကျေးရွာရှိ ဒေါ်ရှုဟုန် ခြံဝင်းအတွင်း ကြက်တိုက် လောင်းကစား ပွဲများ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

မြိတ်ခရိုင်အတွင်း အခါမဲ့မိုးကြောင့် ရိတ်သိမ်းပြီး စပါးများ ပျက်စီး

မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ်များရှိ ရိတ်သိမ်းရန်နှင့် ရိတ်သိမ်းစ စပါးစိုက်ခင်းများတွင် နိုဝင်ဘာလ နောက်ဆုံးပတ်နှင့် ဒီဇင်ဘာလ ပထမပတ်များအတွင်း အခါမဲ့မိုး များ ရွာသွန်းမှုကြောင့် စပါးများ ရိတ်သိမ်းရန် အခက်အခဲ ရှိခြင်း၊ ရိတ်သိမ်းပြီး စပါးများမှာလည်း  ရေစို ပျက်စီး ဆုံးရှုံး မှုများ ရှိနေကြောင်း သိရှိရပါသည်။

မြိတ်ခရိုင်အတွင်း မိုးစပါး စိုက်ဧက အနေဖြင့် မြိတ်မြို့နယ်တွင် ဧက(၆)သောင်းခန့်၊ ကျွန်းစုမြို့နယ်တွင် ဧက(၂)သောင်းခန့်၊ ပုလောမြို့နယ်တွင် ဧက (၄)သောင်းခန့်၊ တနင်္သာရီမြို့နယ်တွင် ဧက (၃) သောင်းခန့်  စုစုပေါင်း ဧက (၁.၅)သိန်းခန့် စိုက်ပျိုးရန် လျာထားခဲ့သည်။  ယခု စပါး ရိတ်သိမ်းချိန်တွင် အခါမဲ့ မိုးများ ရွာသွန်းမှုကြောင့် မှည့်ဝင်းနေသည့် စပါးခင်းများအတွင်း  ရေ၀င်ခြင်း၊ ရိတ်သိမ်းပြီးစ စပါးများမှာလည်း မိုးရေစို ပျက်စီးခြင်း၊ အမိုးအကာ အောက်သို့ ရောက်ရန်မှာလည်း လယ်ယာလုပ်သားများ ရှားပါးခြင်း ၊ ရိတ်သိမ်းခြွေလှေ့စက် အသုံးပြုရန် လက်လှမ်းမမှီခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ကျွန်းစုမြို့နယ်ရှိ လယ်သမား တစ်ဦးကလည်း မိမိတွင် ဧက (၅၀)ခန့် စိုက်ပျိုးထားကြောင်း ၊ အခု မိုးရွာသွန်းမှုကြောင့် စပါးများ ရိတ်သိမ်းရန် အခက်အခဲ ရှိကြောင်း ၊ လယ်ယာ လုပ်သား များမှာလည်း ရှားပါးလာကြောင်း၊ တစ်နေ့ ရိတ်သိမ်းခ စပါး တစ်တင်းနှုန်း (၃၅၀၀ိ)ကျပ် ခန့် ပေးသော်လည်း ရိတ်သိမ်းမည် သူ မရှိကြောင်း၊ အရွယ်ရောက်လာသည့် သူများမှာ လယ်ယာ လုပ်ကိုင်ခြင်း မရှိဘဲ တစ်ဘက်နိုင်ငံသို့ သွားရောက်အလုပ်လုပ် ကိုင်ကြ သဖြင့် လယ်ယာ လုပ်သားများ ရှားပါးလာကြောင်း၊ စက်ဖြင့် ရိတ်သိမ်း ခြွေလှေ့ရန်မှာလည်း အခက်အခဲ ရှိကြောင်း ၊ မိမိမှာ အခု စိုက်ပျိုးပြီးသည့် ဧက အားလုံး အနက် တစ်ဝက်သာ ရိတ်သိမ်းရပြီး ကျန်သည့် စပါးခင်းများအား လက်လွတ် ဆုံးရှုံး ခဲ့ပြီ ဖြစ်ကြောင်း၊ ဒီနှစ် မိမိ အတွက် အရှုံး ပေါ်ကြောင်း အစိုးရ အနေဖြင့် အတတ်နိုင်ဆုံး အကူ အညီ ပေးသင့်ကြောင်း ပြောကြားပါသည်။ 




Tuesday, December 4, 2012

တနင်္သာရီမြို့နယ် တကူအုပ်စု သံတိုက်ရွာ ပတ်အင်း၌ ကလေး (၃)ဦး ရေနစ် သေဆုံး

မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု သံတိုက်ကျေးရွာ၌  ဦးညီကိုကိုလင်း +ဒေါ်မိုးဝေယံ နှင့် ဦးနောင်တို + ဒေါ်သီတာခိုင် တို့သည် ကလေးငယ်များအား အိမ်နီးနားချင်းထံ အပ်နှံပြီး အလုပ်ခွင်သို့ ထွက်သွား ခဲ့ကြရာ ၄င်းတို့၏ ကလေးများ ဖြစ်သည့် မောင်ဝေယံ အသက် (၃)နှစ်၊ (ဘ) ဦးညီကိုကိုလင်း၊ မောင်သန်းဇော်ညီ အသက် (၄)နှစ် (ဘ) ဦးနောင်တို၊ မောင်ဆန်းလင်းနိုင် အသက် 

အရေပြား အထူးကု ဆရာဝန် ဦးအောင်နိုင်၏ သား ကိုအောင်ကျော်ဇော (မောတောင်)တွင် ကွယ်လွန် သည့် ကိစ္စနှင့် ပတ်သက်၍ ဖခင်ဖြစ်သူ၏ တိုင်ကြားစာ

အရေပြား အထူးကု ဆရာဝန် ဦးအောင်နိုင်၏ သား ကိုအောင်ကျော်ဇော (မောတောင်)တွင် ကွယ်လွန် သည့် ကိစ္စနှင့် ပတ်သက်၍ ဖခင်ဖြစ်သူ၏ တိုင်ကြားစာ  

 


အရေပြားအထူးကု ဆရာဝန် ဦးအောင်နိုင်၏ သား ကိုအောင်ကျော်ဇော (မောတောင်)တွင် ကွယ်လွန် သည့် ကိစ္စနှင့် ပတ်သက်၍ (ကျော်ငြိမ်း (ခေါ်) စစ်မှူးပိုင် နဲ့ သူရငြိမ်း) တို့၏ ပေးစာ



အရေပြား အထူးကု ဆရာဝန် ဦးအောင်နိုင်၏ သား ကိုအောင်ကျော်ဇော (မောတောင်)တွင် ကွယ်လွန် သည့် ကိစ္စနှင့် ပတ်သက်၍  (ကျော်ငြိမ်း (ခေါ်) စစ်မှူးပိုင် နဲ့ သူရငြိမ်း) တို့၏ ပေးစာ

ကျော်ငြိမ်း (ခ)  စစ်မှူးပိုင်၏ FACEBOOK မှ ကူးယူ ဖော်ပြပါသည်။
https://www.facebook.com/sintmuu.paing

ပထမဆုံး ဒီစာကို  တင်ပေးရချင်း အကြောင်းအရင်းမှာ ကြောင်ငယ်ရပ်နေ အရေပြားဆရာဝန် ဦးအောင်နိုင်၏သား ကိုအောင်ကျော်ဇော် အသက်(၃၃)နှစ် မောတောင်တွေ သေဆုံးရချင်း အကြောင်းအရင်း (အမှန်အကန်) အား မြိတ်သူမြိတ်သား လူကြီးမိဘများ သိစေရန် ရည်ရွယ်ချင်း ဖြစ်ပါသည်။ 

၁၆ရက်နေ့ ၁၁လပိုင်း ၂၀၁၂ နေ့လည် ၂နာရီအချိန်ခန့်တွင် ကျနော် ဆိပ်ငယ်ရပ်နေ မောင်ကျော်ငြိမ်း (ခေါ်) မောင်စစ်မှူးပိုင်နဲ့ ရေကန်ဘောင်ရပ်နေ သူရငြိမ်း တို့သည် ဆိပ်ငယ်ရပ် ဦးဝင်းနိုင် လက်ဖက်ရည်ဆိုင်တွင် ရှိနေစဉ် ကိုအောင်ကျော်ဇောက ရောက်လာပြီး မောတောင်သို့ အလည်သွားရန် လာရောက် ခေါ်ဆိုခဲ့ပါသည်။ ကျနော်တို့က ပထမဆုံး မလိုက်ရင် ငြင်းဆိုခဲ့သော်လည်း ကိုအောင်ကျော်ဇောက တစ်ယောက်တည်း ဖြစ်နေသဖြင့် ကျနော်တို့လဲ မောတောင်သို့လိုက်ရန် သဘောတူခဲ့သည်။ ကိုအောင်ကျော်ဇောက ဆေးလိပ်ဖြန့်ချီရန် ဖြစ်ပီး ကျနော်တို့က အဖော်အဖြစ် အလည်သွား၇န် ဖြစ်သည်။
ည၇နာရီခန့်တွင် ဆိပ်ငယ်ရပ်ကျနော်၏ နေအိမ်ဉ် သူရောင်းချရန် ဆေးလိပ်များ လာရောက်ထားရှိခဲ့ပီး ည၁၀နာရီခန့်တွင် ကမ်းနားလမ်းရှိ ကိုစိုးနိုင် အေးဆိုင်သို့သွားပီး ထမင်းစားအေးသောက်ကြရာ ကိုအောင်ကျော်ဇောက အရက်သောက်ခဲ့သည်။ပြီးနောက် အိမ်သို့ပြန်လာပီး ၁၇ရက်နေ့ ည (2:00 am) နာရီခန့်တွင် မောတောင်သို့သွားရန် စတင်ထွက်ခွာခဲ့သည်။ လမ်းတွင် အရက်မသောက်ရန် ကျနော်တို့က တားမြစ်လာခဲ့ရသည်။ မောတောင်သို့ ည(8:00 pm ) ခန့်တွင် ရောက်ရှိခဲ့ပါသည်။ ကိုအောင်ကျော်ဇောက သူ့တွင်ပါသော ဆေးလိပ်များကို စတင်ရောင်းချပါသည်။ ပြီးနောက် တည်းခိုခန်းသို့ သွားပီး ရေချိုး ထမင်းစားကြသည် ။ ကျနော်တို့ နှစ်ယောက်က ခရီးပန်းလာသဖြင့် တည်းခိုခန်းတွင် အိပ်ကျန်ခဲ့သည်။ကိုအောင်ကျော်ဇောက သူ့ဆေးလိပ်များကို လိုက်လံရောင်းချမည် ဆိုပီးထွက်သွားခဲ့ သည်။ ထို့ပြင် မောတောင်တွင်ရှိသော သူ့မိတ်ဆွေအပေါင်းသင်းများနဲ့ အရက်သောက်ခဲ့ပါသည်။ သူနဲ့ကျနော်တို့က အခန်းခွဲအိပ်သဖြင့် သူဘယ်အချိန် ပြန်ရောက်မှန်း ကျနော်တို့ မသိခဲ့ပေ။ 

၁၈ရက်နေ့မနက် ၇နာရီခန့်တွင် အိပ်ယာမှနိုးပီး သူနဲ့တွေ့သဖြင့် မုန့်အတူသွားစားခဲ့သည်။ နံနက်၁၀နာရီခန့်တွင် ကျနော်တို့က ထိုင်းနိုင်ငံထဲသို့ သွားရောက် လည်ပတ်ရန် သူ့ကိုခေါ်ခဲ့ပါသည်။ သူက မလိုက်ရ န်ငြင်းဆန်သဖြင့် ကျနော်တို့နှစ်ယောက်ထဲ သွားရောက် လည်ပတ်ခဲ့ပါသည်။ မောတောင်သို့ ညနေ၃နာရီ ခန့်တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။ တည်းခိုခန်းတွင်ပဲ့ အနားယူကာ ည၆ နာရီခန့်တွင် ကိုအောင်ကျော်ဇောက ကျနော်တို့ အခန်းထဲသို့ ၀င်လာပီး သူတော်တော် မူးနေပီဆိုတဲ့ အကြောင်းပြောပါသည် ကျနော်တို့က မသောက်ရန် တားမြစ်ပါသေးသည်။ သူက သူ့အိမ်နဲ့ အဆင်မပြေလို့ သောက်နေသဖြင့်ကျနော်တို့ တားလို့မရခဲ့ပါ သူက ခရီးသွားရာ ၃ယောက်ထဲတွင်အသက်အကြီးအဆုံးဖြစ်ပါသည် ကျနော်ကျော်ြ့ငိမ်း (ခေါ်) စစ်မှူးပိုင်က အသက်၂၀ သူရငြိမ်းက အသက် ၂၂ ကိုအောင်ကျော်ဇောက ၃၃ဖြစ်ပါသည်။ ထိုနောက်သူက သူ့အား အရက်တိုက်နေတဲ့သူ ရှိတယ်ဆိုပီး ကျနော်တို့ကို ထပ်ခေါ်ပါသည်။ ကျနော်တို့ကလဲ မလိုက်ရန်ထပ်မံငြင်းဆိုပီး သူ့ကို ထပ်မသောက်ရန် တားမြစ်ရာ လက်မခံပဲ့ တည်းခိုခန်းမှ ရေချိုးပီး ည၆း၃၀ ကျော်ကျော် လောက်တွင် တည်းခိုခန်းမှပြန်လည် ထွက်ခွာသွားခဲ့ ပါသည်။ ကျနော်တို့လဲ ရေချိုးပီး ထမင်းထွက်စားခဲ့ပါသည် ထိုနောက် အအေးဆိုင် ထိုင်ပီး ည၉း၀၀ခန့် တွင် တည်းခိုခန်းသို့ ပြန်လာခဲ့ပီး အိပ်စက် အနားယူခဲ့ပါသည်။ သူ ည၆း၃၀ ကျော်ကျော်လောက် ထွက်သွားတဲ့ အချိန်က စပီး သူ့ကို နောက်ဆုံး တွေ့ရချင်းဖြစ်သည်။ 
၁၉ရက်နေ့ မနက်၆၇နာရီခန့်တွင် တည်းခိုခန်းမှ လူကြီးများလာရောက် နိုးသဖြင့် ကျနော်တို့ တံခါး ထဖွင့်ရာ လူကြီးများက"မင်းတို့ သူငယ်ချင်းတစ်ယောက် မြောင်းထဲမှာ သေနေတာလားမသိဘူး သွားကြည့်လိုက်ပါဦး" ဟုပြောသဖြင့် လူကြီးများနဲ့ အတူတူ ချက်ချင်းသွားကြည့်ရာ နာရီစဉ်အလွန် မြောင်းထဲတွင် သေဆုံးနေသော ကိုအောင်ကျော်ဇော အားတွေ့ရှိခဲ့ရပါသည်။ ကျနော်တို့လဲ နီးရာ ဖုန်းဆိုင်သို့သွားပီ မြိတ်သို့ ချက်ချင်းအကြောင်းကြားခဲ့ပါသည်။ ပြီးနောက်တည်းခိုခန်းသို့ ပြန်လည် ရောက်ရှိလာခဲ့ပါသည်။ ရေမိုးချိုးပီး ရဲများက လာရောက်ခေါ်သဖြင့် သွားရောက်ပီး အစစ်ခံခဲ့ပါသည်။ ထိုနောက် ကိုအောင်ကျော်ဇော အလောင်းအား မောတောင်မှ တနသာင်္ရီသို့ သယ်ယူရန် စီစဉ်ကြသည်။ သူသေဆုံးနေစဉ် ကျနော်တို့ တွေ့ရှိခဲ့သလောက် ဒဏ်ရာများ ကတော့ (လည်ပင်းတွေ အုပ်ကျွတ်ပြား ထိုးမိပီး အပြတ်ရာရှိခြင်း။ ဇက်ကျိုးနေခြင်း။ ရင်ဘတ်တွေ အညို့ရာပါရှိခြင်း) ဖြစ်သည် ဆိုင်ကယ်ကတော့ ပြင်းပြင်းထန်ထန် ထိခိုက်ချင်းမရှိခဲ့ပေ။ သူ့သေဆုံးချိန်အား ရဲများ၏် မှန်းဆချက် အရ ၁၈ရက်နေ့က ၁၁နာရီကနေ ၁၂နာရီ အတွင်းဟု သတ်မှတ်ခဲ့ပါသည်။ ထိုနောက်ရဲများက သူ၏် အခန်းအတွင်းသို့ သွားရောက်ရှာဖွေရာ သူ၏် ပိုက်ဆံ မြန်မာငွေ ၂သိန်းနဲ့ ရှမ်းဘတ်(၁၁၀၀၀) ကိုတွေ့ရှိ သိမ်းဆည်းယူဆောင်လာခဲ့ပါသည်။ သူ၏ ခန္ဒာကိုယ်အတွင်း တွင်လည်း ရှမ်းဘတ် ၂၀၀၀ ခန့်တွေ့ရှိ သိမ်းဆည်းခဲ့ပါသည်။ ထိုနောက်၁၉ရက်နေ့ မနက် ၁၀နာရီခန့်တွင် အလောင်းအား ကားနဲ့တင်ပီး စတင် ထွက်ခွာခဲ့ရာ ချောင်းပေါက်ဝသို့ ည၆နာရီခန့်တွင် ရောက်ရှိခဲ့ပါသည်။ တနသာင်္ရီမှ အလောင်း သယ်မည့်ကား ရောက်လာရန် စောင့်ဆိုင်း နေခဲ့ရပါသည်။ ည၁၁နာရီခန့် တွင် ကားရောက်ရှိလာပီး ကိုအောင်ကျော်ဇော အလောင်းအား သယ်ဆောင်သွားခဲ့ပါသည်။ ကျနော်တို့က ညဘက် ဆိုင်ကယ်မောင်းရမှာ အန္တရယ်များ သဖြင့် ချောင်းပေါက်ဝတွင် ညအိပ်ကျန်ခဲ့ပါသည်။

၂၀ရက်နေ့ မနက်၆နာရီ ခန့်တွင် ချောင်းပေါက်ဝမှ စတင် ထွက်ခွာရာ တနသာင်္ရီသို့ ၁၀နာရီခန့် တွင်ေ၇ာက် ရှိခဲ့ပါသည်။ ရောက်ရောက်ချင်း ၇ဲစခန်းသို့သွားပီး ရောက်ရှိကြောင်း သွားရောက် အကြောင်းကြားခဲ့ ပါသည်။ ထိုနောက် တနသာင်္ရီရှိ သူငယ်ချင်း၏ အိမ်တွင် အနားယူကာ နေ့လည် ၁ နာရီခန့်တွင် ရဲစခန်းသို့သွားပီး ထပ်မံအစစ်ဆေးခံခဲ့ပါသည်။ ကိုအောင်ကျော်ဇောအား မြေမြုပ်ရာ ကျနော်တို့ မလိုက်သွားနိုင်ခဲ့ပေ။ ကိုအောင်ကျော်ဇော၏ အဖေဦးအောင်နိုင်က မြိတ်သို့ ပြန်လည် မဆင်းမှီရဲစခန်းသို့ သွားရောက်ပီး ကိုအောင်ကျော်ဇော ၏ ငွေများကို သွားရောက် ထုတ်ယူကာ မြိတ်သို့ ပြန်သွားခဲ့ပါသည်။ သူလာရောက် ထုတ်ယူသွားကြောင်း ၇ဲများ၏ ပြောဆိုမှုကြောင့် သိရှိခဲ့ချင်း ဖြစ်ပါသည်။ ကျနော်တို့က သေဆုံးသူ မောင်းနှင်သော ဆိုင်ကယ်အား ပြန်လည်ထုတ်ယူပီး ည၆နာရီခန့်တွင် တနသာင်္ရီမှ ထွက်ခွာလာရာ ည၁၁နာရီခန့်တွင် မြိတ်သို့ေ၇ာက်ရှိပါသည်။ 

၂၁ရက်နေ့ည ၆နာရီခန့်တွင် ကိုအောင်ကျော်ဇော ဌားရန်းထားသော ဆိုင်ကယ်ဖြစ်ကြောင်း သွားရောက် အသိပေးခဲ့ပါသည်။ ဒေါက်တာ ဦးအောင်နိုင်၏ ဇနီးက သူ့သား သေဆုံးမှုသည် သူတို့နဲ့ မဆိုင်ကြောင်း သူ့သားအား ဒီခရီးကို သူသွားခိုင်းတာလဲ မဟုတ်ရကြောင်း ဆိုင်ကယ်ကိုလဲ သူဌားရန်းခိုင်းတာ မဟုတ်ရကြောင်း ပြောဆိုခဲ့ပါသည်။ ထိုနောက် အခြေအတင်ပြောကြပီး ဒေါက်တာဦးအောင်နိုင်က ထွက်လာပီး အိမ်ရှေ့သို့ နှင်လွတ်သလို အပြုမူ ပြုလုပ်ခဲ့ ပါသည်။ ကျနော်တို့လဲ လူကြီးလူကောင်း သားသမီးဆန်စွာ ဒီအတိုင်း ငြိမ်ခံပီး အိမ်သို့ပြန်လာခဲ့ပါသည်။ သူ၏ ဆိုင်ကယ် ဌားရန်းခနဲ့ အပြင်စရိတ်အား ကျနော်တို့ သူငယ်ချင်း နှစ်ယောက်က တာဝန်ယူ လျော်ပေးခဲ့ပါသည်။ ကျန်ရက်များတွင် မိတ်ဆွေတစ်ယောက်၏ ပြောကြားချက်အရ ဒေါက်တာ ဥိးအောင်နိုင်က သူ့သား သေဆုံးမှုသည် လုပ်ကြံခံရမှုဖြစ်ကြောင်း သူ့သား ဆေးလိပ်ရောင်းငွေ မရရှိကြောင်း ပြောဆိုသံကြားခဲ့ ရပါသည်။ တချို့ အကြောင်းရင်းမှန် မသိသော လူများကလဲ ကျနော်တို့က ကိုအောင်ကျော်ဇောအား ပိုက်ဆံလိုပီး သတ်ခဲ့သလို ပြောဆိုသံများ ကြားခဲ့ရပါသည်။ ယခုပြောသောစကားများကလဲ သူတို့မိသားစုအား စော်ကားခြင်း မဟုတ်ပေ။ သူ၏် ဆေးခန်းတွင် သွားရောက် ပြသသော ကျနော့် မိတ်ဆွေ၏ ပြန်လည်ပြောပြသော ဦးအောင်နိုင်၏ စကားများအရ ပြန်လည် ပြောကြားချင်းဖြစ်သည်။ မောတောင်မှ တနသာင်္ရီသို့ သယ်ရန် ကားစရိတ် ကားဆီ စရိတ် အခေါင်းတလား အားလုံး မောတောင်ရွာမှ စီစဉ်ပေးခဲ့သည်။ ပိုက်ဆံပေးခဲ့ရချင်း မရှိခဲ့ပါ။ ကျနော်တို့က လမ်းတွင် ပါလာသော စစ်သား အကိုကြီးများက ထမင်းကျွေြး့ပုစုခဲ့ပါသည်။ တနသာင်္ရီတွင် စစ်သားနှစ်ယောက်က ဦးအောင်နိုင်၏ ဇနီးအား မောတောင်သို့ပြန်ရန် ဆိုင်ကယ်အဌားစရိတ်တောင်းရာ မပေးချင် ပေးချင်ဖြင့် ပေးလိုက် ရသည်ကို တွေ့ရှိရပါသည်။ လမ်းတွေ စားသောက်ရန် စ၇ိတ်တောင်မပေးခဲ့ပါ။ ကျနော်တို့က ဒီခရီးလမ်းကို သွားရောက်ခဲ့ဖူးသဖြင့် စစ်သားအကိုကြီးများ၏ ကျေးဇူးကို သိရပါသည်။ သူတို့ကောင်းမွန်စွာ စောင့်ရှောက်မှုကြောင့် တနင်္သာရီသို့ ကျနော်တို့နဲ့ တကွ ကိုအောင်ကျော်ဇော၏ အလောင်းပါ ချောမောစွာ ရောက်ရှိချင်း ဖြစ်သည်။ အထက်တွင် ကိုအောင်ကျော်ဇော သေဆုံးသည့် နေရာပုံနဲ့ လမ်းတွင် အလောင်းသယ်လာပုံတို့ကို တင်ပြပေထား ပါသည်။
ကျနော် အထူးသိစေချင်တာက အကြောင်းအရင်းအမှန်ကို ဘာမျှသေသေချာချာ မသိပဲ ရမ်းသမ်းပီး ပြောဆိုနေကြသော လူများအား သိစေ လိုချင်းဖြစ်သည်။ ကျနော်တို့ နောက်ဆုံးရဲများ စစ်ဆေးချက်အရ ကိုအောင်ကျော်ဇော သေဆုံးမှုနဲ့ ပတ်သက်ပီးကျနော်တို့နဲ့ မသက်ဆိုင်ကြောင်း ကျနော်တို့က တည်းခိုခန်းတွင် အိပ်နေခဲ့ကြောင်း မောတောင်ရွာမှ လူကြီးများ ထောက်ခံပေးခဲ့ပါသည်။ ရဲများကလဲ သိရှိပါသည်။ ၇ဲများ၏ စစ်ဆေးချက်အရ ကိုအောင်ကျော်ဇော သည် အမူးလွန်ရ် ဆိုင်ကယ်မှောက်ပီး မြောင်းထဲသို့ကျရ် လည်ပင်းတွင် အုတ်ကျွတ်အပိုင်းအစ ထိုးမိပီး သေဆုံးခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။ ယခုလဲဒီအမှုအား ဆက်လက်ရ် စုံစမ်းစစ်ဆေးနေ ကြပါသည်။ ဦးအောင်နိုင်၏ မမှန်မကန်ပြောဆိုမှုများ ကြားသိရသဖြင့် သေဆုံးသူကိုအောင်ကျော်ဇော အတွက် စိတ်မကောင်း ဖြစ်ရပါသည်။ ကျနော်တို့ သူငယ်ချင်းများသည် သူသေဆုံးပီး ၇ရက်ပြည့်သောနေ့တွင် ပလောကျောင်းသို့သွားပီး သံယာတော်များ အားဆွမ်း ကပ်လှူပီး အလှူငွေထည့်ကာသူ့အတွက် ကောင်းမှုလုပ်ပီး အမျှ ဝေပေးခဲ့ပါသည်။ ဒီစာပါ အကြောင်းအရာများကို ဖတ်ပီးသောမြိတ်သူမြိတ်သား လူကြီးမိဘများ တတ်နိုင်သမျှ (Share) လုပ်းပေးစေချင် ပါသည်။ အားလုံးကိုလဲ အဖြစ်အပျက် အမှန်အား သိစေချင်ပါသည်။
မြိတ်သူ မြိတ်သား လူကြီးမိဘများ ကျန်းမာရွင်းလန်းကြပါစေ။
 (ကျော်ငြိမ်း (ခေါ်) စစ်မှူးပိုင် နဲ့ သူရငြိမ်း)