မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Friday, August 28, 2015

မြိတ်မြို့ လုံခြုံရေး အတွက် ပိတ်ဆို့ ရှာဖွေ စစ်ဆေးစဉ် စိတ်ကြွဆေးပြားများ ဖမ်းဆီမိ

မြိတ်မြို့ လုံခြုံရေး အတွက် ပိတ်ဆို့ ရှာဖွေ စစ်ဆေးစဉ် စိတ်ကြွဆေးပြားများ ဖမ်းဆီမိ

၂၀၁၅ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ ည (၁၁)နာရီကျော်အချိန် မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးနှင့် ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများသည် မြိတ်မြို့ပေါ် ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၌ လုံခြုံရေးအတွက် ပိတ်ဆို့ ရှာဖွေ စစ်ဆေးနေပြီး မြို့ပေါ်၌ လှည့်ကင်းဆောင်ရွက်နေစဉ် မြိတ်မြို့ လေယာဉ်ကွင်းလမ်း မြိတ်လေဆိပ် VIP ၀င်ပေါက်အနီးတွင် အမျိုးသား (၅)ဦးမှာ မူးယစ်ဆေးဝါးများ ရောင်းချသုံးစွဲနေကြောင်း သတင်းအရ သွားရောက် ဖမ်းဆီးပြီး သက်သေများနှင့် ရှာဖွေ စစ်ဆေးခဲ့သည်။


ထိုသို့ သက်သေများနှင့် အတူ ရှာဖွေ စစ်ဆေးချက်များအရ ရဲထွဋ်အောင် အသက် (၂၂)နှစ်၊ ရွှေပြည်သာလမ်း၊ ဇေယျာသီရိ (၂)ရပ်ကွက်၊ မိုးဦး (ခ) နောင်မဲ အသက် (၂၄)နှစ်၊ သီတာလမ်း ၊ ထားဝယ်ကမ်းရပ်၊ ရန်နိုင်ဝင်း (၂၆)နှစ်၊ ဦးပေါစိန်လမ်း၊ ဇေယျာသီရိ (၃)ရပ်၊ အောင်ကျော်မိုး (ခ) မိုးငယ် (၂၃)နှစ်၊ မွေးမြူရေးဇုန်၊ မြိတ်တောင် ကျေးရွာ၊ ၀င်းလွင် (၂၄)နှစ်၊ တောင်ပုရွာ၊ ကျွန်းစုမြို့နယ် နေသူတို့နှင့်အတူ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်လျက် WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၁၁၈)ပြား၊ တန်ဖိုး (၉)သိန်း (၉)သောင်းနှင့် Huawei ဖုန်းတစ်လုံး၊ Samsung ဖုန်း (၂)လုံး၊ ZXET ဖုန်းတစ်လုံး စုစုပေါင်း တယ်လီဖုန်း (၄)လုံး (အားလုံး ဆင်းကဒ်ပါ)နှင့် TOYOTA တံဆိပ်ပါ Grande Mark II အမျိုးအစား အနက်ရောင် မော်တော်ယာဉ်တစ်စီး (ယာဉ်လိုင်စင် စိစစ်ဆဲ)၊ Click I အမျိုးအစား အနီရောင် ဆိုင်ကယ် တစ်စီး (ယာဉ်လိုင်စင် စိစစ်ဆဲ) ငွေစက္ကူရောရာ (၆)သောင်းတို့အား ရှာဖွေတွေ့ရှိခဲ့ပြီး သက်သေများ ရှေ့မှောက်၌ ဒုရဲအုပ် ရဲထွဋ်ကိုက ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထိုသို့ စိတ်ကြွဆေးပြားများအား သုံးစွဲရောင်းချဖြန့်ဖြူးရန် လက်ဝယ်ထားရှိ၍ ပူးပေါင်းဆောင်ရွက်သူ (၅) ဦးအား ဥပဒေအရ အရေးယူပေးပါရန် ဒုရဲအုပ် ရဲထွဋ်ကိုက တရားလို ပြုလုပ်တိုင်ကြားသဖြင့် မြိတ်မြို့ မြို့မ ရဲတပ်ဖွဲ့ စခန်းမှ မယ(ပ) ၇၁/ ၂၀၁၅၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

Tuesday, August 18, 2015

ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးပါရန်

သို့
ဝန်ကြီးချုပ်
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့
ထားဝယ်မြို့
                    ရက်စွဲ၊ ၂၀၁၅ခုနှစ်၊ သြဂုတ်လ ၁၇    ရက်
အကြောင်းအရာ။ ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန် တင်ပြခြင်း
၁။ ကျွန်းစုမြို့နယ်၊ သန္ဒုတ်ကျေးရွာအုပ်စုအား ယခုလက်ရှိအုပ်ချုပ်နေသော အုပ်ချုပ်ရေးမှူး ဦးစိုးလွင် သည် ကျေးရွာကို စတင်၍ အုပ်ချုပ်သည့်နေ့မှစပြီး ယနေ့အချိန်ထိ ကျေးရွာသူ/ကျေးရွာသားများ အပေါ်၌ ညီတူညီမျှမှု မရှိဘဲ ခွဲခြားဖိနှိပ်မှုများပြုလုပ်ပြီး အုပ်ချုပ်နေပါသည်။ ကျေးရွာအတွင်း သေးငယ်သော ပြဿနာများ ဖြစ်ပေါ်လာလျှင်လည်း အုပ်ချုပ်ရေးမှူး ကိုယ်တိုင် မဖြေရှင်းပေးဘဲ ရဲစခန်းများ၊ တရားရုံးများသို့သာ ရွာသူ/ရွာသားများ စေလွှတ်တိုင်ကြားစေခဲ့ပါသည်။ အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် သဘောထား မတိုက်ဆိုင်သူ ကျေးရွာသူ/ကျေးရွာသားများဖြစ်ပါက ပို၍သာဆိုးပါသေးသည်။ အကယ်၍ အမှုကိစ္စများ ဖြေရှင်းသည့် အခါများတွင်လည်း အမှုကိစ္စရှုံးသည့်အပေါ်၌ ပြစ်ဒဏ်အဖြစ် ငွေကျပ်(၁)သိန်း(၂)သိန်းစသည်ဖြင့် ဆုံးဖြတ် ဒဏ်ရိုက်တတ်၍ မရှိဆင်းရဲနွမ်းပါးသော ရွာသူ/ရွာသားများမှာ  များစွာဒုက္ခရောက်ကြရပါသည်။





Sunday, August 16, 2015

ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့် ရဟန်း၊ ရှင်လူ ပြည်သူများအတွက် မြိတ်မြို့ ပြည်သူများက လှူဒါနးသည့် သင်္ကန်းများနှင့် အလှူငွေများ၊ အ၀တ်အထည်၊ အစားအစာ၊ အသုံးအဆောင်များအား ကြည်ရှု့အားပေး

ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့် ရဟန်း၊ ရှင်လူ ပြည်သူများအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ဦးဆောင်၍ မြိတ်မြို့နေ သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းခဲ့သော သင်္ကန်းများ၊ အလှူငွေများ၊ အ၀တ်အထည်၊ အစားအစာနှင့် အသုံးအဆောင်များကို ပြည်ဖြိုးထွန်းကုမ္ပဏီ သင်္ဘောဖြင့် ဧရာဝတီတိုင်းဒေသကြီးသို့  သြဂုတ်လ ၁၅ ရက်နေ့တွင် ပို့ဆောင်သွားမည်ဖြစ်ရာ အဆိုပါ အသုံးအဆောင်များအား တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုမှ ကြည့်ရှု့ စစ်ဆေးခဲ့သည်။




Monday, August 10, 2015

တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
----------------
တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဖိုင်နယ်အဆင့် လက်ဝှေ့ ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားနှင့် ပိတ်ပွဲ အခမ်းအနားအား ၂၀၁၅ ခုနှစ် ၊ သြဂုတ်လ ၇ ရက်နေ့ နေ့လည်ပိုင်းတွင် မြိတ်မြို့ ကန်ဖျားရပ် မြေနီလမ်းရှိ မိုးလုံလေလုံ အားကစား ရုံတွင် ကျင်းပပြုလုပ်သည်။



အခမ်းအနားတွင် အမျိုးသား အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်များ ပြုလုပ်ခဲ့ပြီးနောက် ၀ိတ်တန်း အလိုက် ပထမနှင့် ဒုတိယဆု ပြိုင်ပွဲဝင် အားကစား သမားများအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်လွင်က ငွေသားဆုများ ချီးမြှင့်ခဲ့ပြီးနောက် ပြိုင်ပွဲ ပွဲစဉ် အသီးသီးမှ ဆုရရှိသူ အားကစား သမားများအား လျှပ်စစ် စက်မှုဝန်ကြီး ဦးဝင်းဆွေ၊ သစ်တော သတ္တုဝန်ကြီး ဦးတင်စိုး၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ ဦးမောင်မောင်မြင့်၊ တိုင်းအားကာ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်နှင့် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီး တင်ထွန်း၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းတို့က ဆုချီး အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထိုနောက် မြန်မာရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ ဆက်လက်ကျင်းပခဲ့ရာ ပထမဆုများ ရရှိသော ထွန်းလင်း(မြိတ်)၊ ထွန်းမင်း(ကော့သောင်း)၊ ပသျှူးလေး (ကော့သောင်း) အဂ္ဂ (ထားဝယ်)တို့အား လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်လွင်က ဆုချီးမြှင့်ပေးအပ်ကြောင်း သိရသည်။

အဆိုပါ လက်ဝှေ့ပြိုင်ပွဲတွင် အမျိုးသား အကောင်းဆုံး လက်ဝှေ့ အားကစား သမားဆုအား ဇော်မျိုးလတ် (ထားဝယ်)မှ လည်းကောင်း၊ အမျိုးသမီး အကောင်းဆုံး လက်ဝှေ့ အားကစား သမားဆုအား အေးအေးစိုး (ထားဝယ်)ထားဝယ်မှ လည်းကောင်း ရရှိပြီး မြို့နယ်အလိုက် အကောင်းဆုံးဆုအား လောင်းလုံးမြို့နယ်နှင့် ဒုတိယ အကောင်းဆုံးဆုကို တနင်္သာရီ မြို့နယ်တို့မှ ရရှိကြောင်း သတင်းရရှိသည်။

Thursday, August 6, 2015

ကျွန်းစုမြို့နယ် ထိန်ချောင်းရွာနှင့် လိပ်ကြယ်ရွာ ကျေးရွာချင်းဆက် တံတား အသစ် တည်ဆောက်

ကျွန်းစုမြို့နယ် ထိန်ချောင်းရွာနှင့် လိပ်ကြယ်ရွာ ကျေးရွာချင်းဆက် တံတား အသစ် တည်ဆောက်

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ထိန်ချောင်းကျေးရွာနှင့် လိပ်ကြယ်ကျေးရွာ တို့၏ ကျေးရွာချင်းဆက် မေတ္တာ ပေါင်းကူး တံတား ပျက်စီးယိုယွင်း နေမှုအား တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ ဦးဆောင်၍ အသစ် ပြုပြင် တည်ဆောက် ပြီးစီးခဲ့ကြောင်း သိရသည်။ 





ယခုအခါ တံတားအသစ် ပြီးစီးသောကြောင့် ကျေးရွာသူ ကျေးရွာသားများ အနေဖြင့် အဆင်ပြေ ချောမွေ့စွာ ကူးသန်းသွားလာနိုင်သဖြင့် ၀မ်းသာပျော်ရွှင်လျက် ရှိကြောင်း သတင်းရရှိပါသည်။