မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Saturday, August 30, 2014

MPT SIM ကဒ်များကို လက်လီ အရောင်းဆိုင်များ တွင် ဝယ်ယူရရှိ နိုင်တော့မည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိဘပြည်သူများအား SIM ကဒ်များ ပိုမို လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိရာ  မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ တန်ဖိုးနည်း SIM ကဒ်များကို နိုင်ငံ တစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီး များရှိ လက်လီ အရောင်းဆိုင်များတွင် စက်တင်ဘာလ (၁)ရက်နေ့မှ စတင်၍ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေး မည်ဖြစ်ကြောင်း၊  SIM ကဒ်များကို လစဉ်လတိုင်း ဝယ်ယူ ရရှိနိုင်ရေး နှင့် နိုင်ငံ အနှံ့ရှိ မြို့များနှင့် မြို့နယ်တိုင်းတွင် ရရှိနိုင်ရေး ဆက်လက် စီစဉ် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန က သြဂုတ်လ (၂၉) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

Saturday, August 23, 2014

သီးသန့် စီးပွားရေးဇုန် မိုင် (၂၀၀) အထိ စိုးမိုးနိုင်သော တပ်မတော်(ရေ)




မြန်မာ့တပ်မတော် (ရေ)သည် ပင်လယ်ပြင် စိုးမိုးရေး တာဝန်များကို ထမ်းဆောင် နေရာတွင် ကမ်းနီး ၀င်ရောက်၍ ငါးခိုးဖမ်း နေသော ကမ်းဝေး ရေယာဉ်များ သာမက ပင်လယ်ပြင်တွင် တရား ဥပဒေမဲ့ ဆောင်ရွက်နေမှု များကို ဖမ်းဆီးနိုင်လျက် ရှိသည်ကို  ယခု သီးသန့် စီးပွားရေးဇုံ အတွင်း ဖမ်းဆီး ရမိမှုက တပ်မတော်(ရေ) စွမ်းဆောင်ရည်ကို ပြသလျက် ရှိပါသည်။



Thursday, August 21, 2014

ဆိုင်ကယ်ခိုးယူသူအား ဖမ်းဆီးစစ်ဆေးရာမှ ယခင် ခိုးယူရောင်းချထား ခဲ့သည့် ဆိုင်ကယ်များပါ ထပ်မံသိမ်းဆည်းရမိ

၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၇)ရက် ည (၇း၁၅)နာရီအချိန်ခန့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မှုခင်းအကူတပ်ဖွဲ့မှ ရဲအုပ်ချိုလွင် နှင့် တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဆိုင်ကယ်ပျောက်ဆုံးမှုဖြင့် မြိတ်မြို့မရဲစခန်း (ပ) ၅၃၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/ကျင့် ၅၄ အမှုနှင့် (ပ) ၅၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/ကျင့် ၅၄ အမှုတို့မှ တရားခံ ထွန်းနိုင် (ခ) မင်းနိုင် (ခ) နိုင်ထွန်း (ခ) ဟိန်းငယ် (၂၄)နှစ် (ဘ) ဦးမောင်အေး၊ မြိတ်မြို့၊ ကျွဲကူးကျေးရွာ၊ ချမ်းမြေ့သာရီရပ်ကွက်နေသူ၏ စစ်ဆေးခဲ့ရာ ကွင်းဆက်ဖော်ထုတ်ချက် အရ ပုလောမြို့နယ်၊ ပလကျေးရွာနေ ကိုမြတ်လင်းသူ ထံတွင် ရောင်းချထားခဲ့သော ခဲရောင်နှင့် အမဲရောင် Wave S 100 အမျိုးအစား၊


Thursday, August 14, 2014

မြိတ်မြို့၌ အစ္စလာမ် ဘာသာဝင် အိမ်ထောင်စု (၉)စုက ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကိုးကွယ်ရာ ဘာသာ ကူးပြောင်း ခံယူပွဲ အခမ်းအနား ကျင်းပ

အစ္စလာမ် ဘာသာဝင် အိမ်ထောင်စု (၉)စုမှ မိသားစုဝင် (၄၃)ဦးတို့သည် အစ္စလာမ် ဘာသာဝင် အဖြစ်မှ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းခံယူပွဲ အခမ်းအနားအား မြိတ်မြို့ မြစ်ငယ်ရပ် ရွှေကျောင်း ပရိယတ္တိ စာသင်တိုက် ၌ သြဂုတ်လ (၁၄) ရက်နေ့ နေ့လည် (၁)နာရီ အချိန်၌ ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီး သံဃမဟာနာယက အဖွဲ့နှင့် မြိတ်မြို့နယ် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်များ၊ မြိတ်မြို့နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် ဆရာတော် သံဃာတော်များ ၊ မြိတ်မြို့ပေါ်ရှိ လူမှုရေးနှင့် ဘာသာရေး အသင်းအဖွဲ့များ ၊ ဗုဒ္ဓဘာသာဝင်များ စုစုပေါင်း အင်အား (၁၀၀၀) ကျော်ခန့် တက်ရောက် ကြသည်။ 


ဆရာတော်ကြီးများထံမှ သြ၀ါဒ ခံယူစဉ်


ဘာသာကူးပြောင်းလာသူ မိသားစုဝင်များ

Saturday, August 9, 2014

ရေဘေးကြိုတင်ကာကွယ်ရေး ပူးပေါင်းတာဖို့ခြင်း တနင်္သာရီ၌ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် စက်မှုဇုံရပ်
ပြွန်ပေါက်ရှိ အဓိက ရေဝင်ရေထွက်နေရာဖြစ်သော အမှတ်(၁)ရေထိန်း တံခါးတာရိုးအား
မြစ်ရေ အလွန် ကြီးမြင့်ပြီး ရေစီးသန်သည့်အခါ တာရိုး ကျိုးပေါက်ခြင်းမရှိဘဲ ခိုင်ခန့်မှု ရှိစေရေးရည်ရွယ်လျက် သဲအိတ် စီခြင်း၊ သဲအိတ်ထပ်ပိုးခြင်း ပြည်သူ့အကျိုးပြု လုပ်ငန်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန အုပ်ချုပ်ရေးမှူးဦးကျော်သူနှင့်ဝန်ထမ်းများ၊ အမှတ်(၅၅၇)ခြေမြန် တပ်ရင်း ယာယီတပ်ရင်းမှူး ဗိုလ်မှူးဖြိုးဝေအောင် ဦးဆောင်သည့် အရာရှိနှင့်စစ်သည်များ၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းလျက် သြဂုတ် လ(၈)ရက်နေ့ မွန်းလွှဲ(၂)နာရီ အချိန်မှစတင်၍ ပူးပေါင်း လုပ်အားပေး ဆောင်ရွက်ကြသည်။

Myanmar Egress ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု သင်တန်း မြိတ်မြို့၌ ဖွင့်လှစ်

မြိတ်ခရိုင် အတွင်းရှိ နိုင်ငံရေး ပါတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင် သင်တန်းသား သင်တန်းသူ (၆၀)ဦး တက်ရောက်ပြီး Myanmar Egress Capacity Development Center မှ သင်တန်းနည်းပြ (၅)ဦး လာရောက် ဆွေးနွေး ပို့ချသည့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်မှု အထောက်ကူပြု သင်တန်းကို သြဂုတ်လ(၉)ရက် နံနက်(၉)နာရီက မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး ၀ါကျွတ်(အိဒ်) ပွဲတော် မိတ်ဆုံ စားပွဲ မြိတ်မြို့၌ ကျင်းပ၊ တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးမြတ်ကို တက်ရောက် အမှာစကား ပြောကြား

ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး ၀ါကျွတ်(အီဒ်) ပွဲတော် အထိမ်းအမှတ် မိတ်ဆုံစားပွဲ ကို သြဂုတ်လ (၈)ရက် ည(၆း၃၀) နာရီက မြိတ်မြို့ မြစည်းစိမ် မင်္ဂလာခန်းမတွင် ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ချီးမြှင့်ပြီး အမှာစကား ပြောကြား သည်။



Friday, August 8, 2014

မြိတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာ သတင်းများ

ပလောက်မြို့နယ်ခွဲ၌ အခြေခံပညာအလယ်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်

ပလောက် သြဂုတ် ၈ ရက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့နယ်ခွဲ၊ ကျောက်တောင်ကျေးရွာတွင် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအလယ်တန်းကျောင်းအဖြင့် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနား ကို သြဂုတ်လ(၇)ရက် နံနက်(၁၁)နာရီက အဆိုပါကျောင်း၌ ကျင်းပရာ ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦး၊ တနင်္သာရီတိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းရီနှင့် ပုလောမြို့နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှစိုးတို့က အခြေခံပညာအလယ်တန်းအဆင့် တိုးမြှင့်ခြင်းအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

ထိုနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးမှ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်သည် အရေးကြီး ကြောင်း၊ ကျောင်းသားလူငယ်များအား ပညာရည်ပြည့်ဝအောင် သင်ကြားပြသမွေးထုတ်ပေးနိုင်ရန် ဆရာဆရာမများနှင့်
ကျေးရွာနေ မိဘပြည်သူများပူးပေါင်း ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက အခြေခံပညာအလယ်တန်းအဆင့် တိုးမြှင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၍ မူလတန်းနှင့်အလယ်တန်းအဆင့်ကို အခမဲ့သတ်မှတ်၍ ကျောင်းနေအရွယ်ကလေးတိုင်း
ကျောင်းနေနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ သားသမီးများ၏ ပညာရည်တိုးတက် ရေး မိဘဆရာလက်တွဲဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။

ထိုနောက် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ပညာရေးညွှန်ကြားရေးမှူးနှင့် မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းတို့က ကျောင်းသားကျောင်းသူများအား ဗလာ စာအုပ်များ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြိတ်မြို့၌ အစ္စလာမ်ဘာသာဝင် (၁၄) ဦးမှ ဗုဒ္ဓဘာသာဝင်များ အဖြစ် ခံယူကူးပြောင်း



မြိတ်မြို့ မြိတ်တောင် ကျေးရွာအုပ်စု ……………… ရပ်ကွက် ၊ (               ) လမ်းနေ ဦးစိုးသိန်း(ခ) ဦးရာရှင် အသက် (၄၄)နှစ် ၏ အိမ်ထောင်စုမှ မိသားစုဝင် (၈)ဦး၊ ဦးမျိုးမင်းထိုက် ၏ အိမ်ထောင်စုမှ မိသားစုဝင် (၄) ဦး၊ ဦးချစ်ဦး ၏ အိမ်ထောင်စုမှ မိသားစုဝင် (၄)ဦးတို့ အနက်မှ စုစုပေါင်း အစ္စလာမ် ဘာသာဝင် (၁၄) ဦးတို့သည် အစ္စလာမ် ဘာသာဝင် အဖြစ်မှ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်း ခဲ့ကြပြီးနောက် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့ နံနက် (၉)နာရီ အချိန်တွင် မြိတ်မြို့ 

Thursday, August 7, 2014

မြိတ်မြို့တွင် မျက်စိရောဂါ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးရန် စတင်စမ်းသပ်

မြိတ်ခရိုင် အတွင်းရှိ မျက်စိရောဂါ ဝေဒနာရှင် များအား ပြည်ဖြိုးထွန်းကုမ္ပဏီမှ ကြီးမှူး၍ နီပေါနိုင်ငံမှ မျက်စိ အထူးကု ဆရာဝန်ကြီးနှင့် ဆေးပညာရှင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ မျက်စိ အထူးကု ဆရာဝန်ကြီးများ ပူးပေါင်း၍ မြိတ်မြို့ ပြည်သူ့ ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ် ကုသပေးရေး အတွက် ခွဲစိတ်ရ မည့်ဝေဒနာရှင် များကို သြဂုတ်လ(၇)ရက် နံနက်(၁၀)နာရီက မြိတ်ပြည်သူ့ ဆေးရုံကြီးတွင် စတင် စမ်းသပ် စစ်ဆေးလျက် ရှိသည်။

မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု ဝင်ငွေ တိုးမြှင့်ရရှိ

တနင်္သာရီတိုင်း ဒေသကြီး   မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင် ကုန်သွယ်ရေးဂိတ်တွင် မြန်မာ-ထိုင်းနယ်စပ် ပရာချွတ်ကိရိခံ(ပကျွတ်) ဗန်ကောက်မြို့မှ ဝင်ရောက်လျက် ရှိသည့် လူသုံးကုန် ပစ္စည်းအမျိုးမျိုး၊ မီးဖိုချောင်သုံးနှင့် လျှပ်စစ်ပစ္စည်း အမျိုးမျိုး၊ ဆောက်လုပ်ရေးသုံး ဘိလပ်မြေများကို တစ်ပိုင်တစ်နိုင် ကုန်သွယ်သူများအား တရားမဝင် ကုန်ပစ္စည်း တားဆီး ထိန်းချုပ်ရေး ဗဟိုကော် မတီက ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တစ်ဦးချင်း ကုန်သွယ်ရေး ကတ်များဖြင့် တင်သွင်းခွင့် ခွင့်ပြုခဲ့ခြင်းကြောင့် ကုန်သွယ်မှု ဝင်ငွေတိုးတက် မြင့်မား ရရှိခဲ့ကြောင်း သိရသည်။

မြိတ်- ကျွန်းစု- ဘုတ် ပြင်း မြို့ နယ် အ တွင်း ရှိ ပင်လယ် ကျွန်းရွာ ခရီးစဉ် များသို့ ဧရာ နဒီ-၅၅၅ ရှပ်ပြေး အမြန်ယာဉ်လိုင်း တိုးချဲ့ ပြေး ဆွဲမည်

တနင်္သာရီတိုင်း ဒေသကြီး မြိတ်- ကျွန်းစု- ဘုတ်ပြင်း မြို့နယ် အတွင်းရှိ ပင်လယ် ကျွန်းရွာများ ခရီးစဉ် သစ်ကို ဧရာနဒီ ကမ်းရိုးတန်းသွား ရှပ်ပြေးအမြန် ရေယာဉ် လိုင်းမှ ခရီးသည် ၁၅ဝ ဦးခန့် လိုက်ပါ စီးနင်း နိုင်သော ဧရာနဒီ -၅၅၅ ခေတ်မီ အဲကွန်းရှပ်ပြေး အမြန်ရေယာဉ်ကြီးဖြင့် သြဂုတ် ၄ရက်မှ စတင်ပြေးဆွဲပေးမည် ဖြစ်ကြောင်း မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ကမ်းနားလမ်းရှိ  ဧရာနဒီ အမြန် ရေယာဉ်လိုင်း လက်မှတ် အရောင်းဌာနမှ သိရသည်။

သတိထား စားသုံးရမည့် အကောင်းအဆိုး ရောနေသည့်“တညင်းသီး”



နွေအကုန် မိုးအကူး  ဧပြီလ၊  မေလများမှစ၍ တညင်းသီးများကို ဟင်းသီးဟင်းရွက်များ နှင့် အတူဈေးများတွင် ရောင်းချလာပါပြီ၊ မြန်မာနိုင်ငံ အပါအ၀င်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စသည့် အရှေ့တောင်အာရှ နိုင်ငံပြည်သူများသည် တညင်းသီးကို နှစ်ခြိုက်စွာ စားသုံးကြ ပါသည်။


Sunday, August 3, 2014

အထက(တနင်္သာရီ) မြတ်ဆရာ ပူဇော်ပွဲ ကျင်းပမည်

၁၉၇၁-ခုနှစ်မှ စတင်ကာ ဖွင့်လှစ်ခဲ့သော တနင်္သာရီမြို့ အခြေခံပညာ အထက်တန်းကျောင်း၏ ပထမအကြိမ် မြတ်ဆရာ ပူဇော်ပွဲအား ၂ဝ၁၄ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် အောင်မြင် ခမ်းနားစွာ ကျင်းပနိုင်ရေး အတွက် မြို့ခံ ကျောင်းသား/ သူဟောင်းများ အနေဖြင့် အစွမ်းကုန် ကြိုးစား၍ အကောင်အထည်ဖော်လျက် ရှိပါသည်။