မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Saturday, November 29, 2014

မြိတ်မြို့ အဝေးပြေးကားဝင်း စားသောက်ဆိုင် မီးလောင်မှု ထပ်မံ ဖြစ်ပွားပြန်ပီ



မြိတ်မြို့ အဝေးပြေးကားဝင်း စားသောက်ဆိုင် မီးလောင်မှု ထပ်မံ ဖြစ်ပွားပြန်ပီ
( မြိတ် နိုဝင်ဘာ ၂၈ ရက် )

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တောရကျောင်းရပ် အဝေးပြေးကားဝင်း ပထမလမ်း ဆိုင်ခန်းအမှတ်(၅၈)တွင် စားသောက် ဆိုင်ပိုင်ရှင်သည် ဆိုင်ပိတ်ပြီး မြို့တွင်းသို့ သွားရာစဉ် မီးပလပ်ခုံတွင် တယ်လီဖုန်း အားသွင်းစက် အပူလွန်ကဲ ရာမှ အနီးရှိ မွေ့ယာသို့ကူးစက်၍ မီးလောင် ကျွမ်းမှု နိုဝင်ဘာလ(၂၈) ရက် ည(၇း၁၀)နာရီက ဖြစ်ပွားခဲ့သည်။


Thursday, November 20, 2014

မြိတ်မြို့တွင် မော်တော်ဆိုင်ကယ်စီးနှင်းသူများ အတွက် ဆိုင်ကယ်စီး ဦးထုပ်ဆောင်း ပညာပေး မြေစိုက်ပိုစတာ စိုက်ထူ



မြိတ်မြို့တွင် မော်တော်ဆိုင်ကယ်စီးနှင်းသူများ အတွက် ဆိုင်ကယ်စီး ဦးထုပ်ဆောင်း ပညာပေး မြေစိုက်ပိုစတာ စိုက်ထူ


မြိတ် နိုဝင်ဘာ ၁၉ ရက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သည် စီးပွားရေး လုပ်ငန်းများ၊ ရေလုပ်ငန်းများ၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လျက်ရှိရာ တိုးတက် ပြောင်းလဲလာသည့် လူနေထိုင်မှု စနစ်ကြောင့် မြိတ်မြို့နေ ပြည်သူများမှ မော်တော်ကား၊ မော်တော်ဆိုင်ကယ် အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချသည့် ဆိုင်များ များပြားလာ သကဲ့သို့ ပြည်သူ များမှ သွားလာရေးတွင် မရှိမဖြစ် လိုအပ် သည့် မော်တော်ကား၊ မော်တော် ဆိုင်ကယ် များကို ၀ယ်ယူ အသုံးပြုသူ များလည်း များပြားလျက် ရှိပေသည်။



Saturday, November 15, 2014

ကျွန်းစု့မြို့နယ် ရေပြင်အတွင်း မိုးကြိုးပစ်ခံရ၍ ၂ ဦးသေဆုံး

ကျွန်းစု့မြို့နယ် ရေပြင်အတွင်း မိုးကြိုးပစ်ခံရ၍ ၂ ဦးသေဆုံး
မြိတ် နိုဝင်ဘာ ၁၅

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၁၀ နာရီ အ ချိန်က မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပင်လယ်ပြင် အတွင်းရှိ ဂျာဘုတ်ကျွန်းအနီး၌ မိုးကြိုးပစ်၍ ပင်လယ်ပြင်တွင် ကျောက်ပုစွန်(ပဂဲ) ဖမ်းနေသူ (၄)ဦး အနက် ၂ ဦး သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပထော် ကျေးရွာ၌ မိုးကြိုးပစ်ခံရ၍ လူ(၂)ဦးသေဆုံးနေကြောင်း သတင်းအရ ပထက်ရဲကင်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ စုံစမ်း စစ်ဆေးရာ ပထော်ကျေးရွာနေ ဦးမောင်(ခ) ဖိုးအိုစိန် အသက် (၄၅)နှစ်နှင့် ဇော်မင်း (၂၆)နှစ်တို့ နှစ်ဦးတွင် လည်ပင်း အထက် မျက်နှာများ မဲနက်နေပြီး နားထင် သွေးထွက်၊ နှာခေါင်းမှ အမြှုပ်ထွက်၍ သေဆုံးနေကြောင်း တွေ့ရှိရသည်.

Wednesday, November 12, 2014

မြိတ်မြို့၌ ဆိုင်ကယ်ငှားစီးပြီး တက္ကစီသမားအား သတ်သူ နေ့ချင်း ဖမ်းဆီးမိ

မြိတ်မြို့၌ ဆိုင်ကယ်ငှားစီးပြီး တက္ကစီသမားအား သတ်သူ နေ့ချင်း ဖမ်းဆီးမိ
-----------------------------------------------------------------
၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်း အချိန်၌ မြိတ်မြို့ ကလွင်ကျေးရွာ အုပ်စု ကလွင်ရေပုန်း တက္ကသိုလ်ရပ် မြရိပ်ညို (၁၃) လမ်း မြေကွက်လပ်ပေါ်တွင် လူတစ်ယောက် လဲကျသေဆုံးနေကြောင်း သတင်းအရ မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးရာတွင် သေဆုံးသူမှာ ဦးခေါင်း နောက်စေ့ ၀ဲဘက် ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ယာဘက် နားရွက် ပြတ်ရှဒဏ်ရာ၊ ယာဘက် နဖူး ဆံစပ် ထိပ်ပြတ်ရှ ဒဏ်ရာများဖြင့် မှောက်လျက် သေဆုံးနေပြီး စစ်ဆေး ဖော်ထုတ်ချက်များအရ သေဆုံးသူမှာ မြိတ်မြို့ မြိတ်တောင် ရပ်ကွက် ဇေယျာသီရိ (၃) ရပ်ကွက် ခေမာလမ်းနေ ကိုညိုဝင်း အသက် (၂၉)နှစ် ဖြစ်ပြီး ၄င်းမှာ နေ့ခင်းဘက်တွင် သစ်ထမ်းပြီး ညဘက်တွင် ဆိုင်ကယ် တက္ကစီ မောင်းနှင်းကြောင်း သိရှိရကာ ၄င်း၏ ဇနီးသည်မှ သေဆုံးသူ ညိုဝင်းသည် နိုဝင်ဘာလ ၉ ရက်နေ့ ည ၈ နာရီ အချိန်ခန့်တွင် နေအိမ်မှ ၄င်းကိုယ်ပိုင် ဆိုင်ကယ် ၂၈ယ/--------- ၊ wave ၁၀၀ အမျိုးအစား ဗီယက်နမ်ထုတ် အနက် မီးခိုးရောင် ဆိုင်ကယ်နှင့် အတူ ထွက်သွား ကြောင်း ၊ အခုအခါ သေဆုံးသွားပြီ ဖြစ်၍ အရေးယူ ပေးပါရန် ဇနီးဖြစ်သူ မနွဲ့တင်၏ တိုင်ကြားချက် အရ လူသတ် တရားခံနှင့် သက်သေခံ ပစ္စည်းများ ဖမ်းဆီးရရှိရေး အတွက် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး တို့၏ အနီးကပ် ကြီးကြပ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။



Monday, November 10, 2014

ရေမျှော ဒုက္ခသည် (၆)ဦးအား ရွှေနီလာ ကုန်တင် သင်္ဘောမှ ကယ်တင် စောင့်ရှောက်ထား

ရေမျှော ဒုက္ခသည် (၆)ဦးအား ရွှေနီလာ ကုန်တင် သင်္ဘောမှ ကယ်တင် စောင့်ရှောက်ထား

ရန်ကုန်မြို့မှ မြိတ်မြို့သို့ ပဲ့နင်း ဦးမြင့်သိန်း မောင်းနှင်လာသည့် ရွှေနီလာ ကုန်တင် သင်္ဘောသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ နံနက် (၉)နာရီကျော် အချိန်ခန့်တွင် ဒဂုံမီးပြ၏ အရှေ့တောင်ဘက် မိုင် (၂၀) ခန့် အရောက်တွင် လွန်ခဲ့သော (၄) ရက်ခန့်က ရာသီဥတု ဆိုးဝါးပီး ဖောင်ပျက်၍ ရေထဲမျှော ပါနေသော ရေလုပ်သား (၆)ဦးအား တွေ့ရှိ ကယ်တင်ပြီးနောက် မြိတ်မြို့သို့ နိုဝင်ဘာ (၁၀) ရက်နေ့ နံနက် (၁၁)နာရီကျော် အချိန် ကျောက်ဖျာမြို့သစ်ရှိ ဦးစောဂျက် တံတားသို့ ရောက်ရှိ လာကြောင်း သိရသည်။

Thursday, November 6, 2014

အသုံးလုံး သင်တန်း မြိတ်အကျဉ်းထောင်တွင် ဖွင့်လှစ်

အသုံးလုံး သင်တန်း မြိတ်အကျဉ်းထောင်တွင် ဖွင့်လှစ်
မြိတ် နိုဝင်ဘာ ၄ ရက်

မြိတ်အကျဉ်းထောင်တွင် အကျူဉ်းကျနေသော အကျဉ်းသားများ အနက် စာပေ လုံးဝ သင်ကြားခဲ့ရခြင်း မရှိသည့် အကျဉ်းသားများ အကျဉ်းထောင်မှ လွတ်မြောက်သည့် အခါ အခြေခံ စာပေ ပညာဖြင့် လူမှု ၀န်းကျင်တွင် စီးပွားရေး ၊ လူမှုရေး ကိစ္စ ရပ်များ ဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ အခြေခံ စာတတ်မြောက်ရေး၊ အသုံးလုံ သင်တန်း အမှတ်စဉ် (၈)ကို နိုဝင်ဘာ (၃) ရက် နံနက် (၉)နာရီက အဆိုပါ အကျဉ်းထောင် အဆောင် (၁)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် မြိတ်အကျဉ်းထောင် တာဝန်ခံ ထောင်မှူး ဦးညွန့်ဝင်းတို့က ဆုံးမ သြ၀ါဒ စကား ပြောကြားခဲ့ကြပြီး တာဝန်ခံ ထောင်မှူးက သင်တန်း နည်းပြအား သင်ကြားမှု အထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် သင်ရိုးညွှန်းတမ်း၊ ဗလာစာအုပ်၊ စာရေးကိရိယာ များကို ထောက်ပံ့ ပေးအပ်ခဲ့သည်။ 

အဆိုပါ သင်တန်းတွင် အကျဉ်းသား ၂၀ အား နိုဝင်ဘာလ (၃) ရက်နေ့မှ ဇန်န၀ါရီလ (၃) ရက်နေ့ အထိ ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်သည်။ (MNA)

မြိတ် ပြည်ခိုင်ဖြိုးပါတီ တန်ဆောင်တိုင် မီးထွန်းပွဲတော် ကျင်းပ

မြိတ် ပြည်ခိုင်ဖြိုးပါတီ တန်ဆောင်တိုင် မီးထွန်းပွဲတော် ကျင်းပ
မြိတ် နိုဝင်ဘာ ၅ ရက်

မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၀ဏ္ဏကျော်ထင် ဦးဌေးမြင့်၏ ပံ့ပိုးကူညီမှုဖြင့် မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရပ်ကွက် လူငယ်များ ပူးပေါင်း ဆောင်ရွက် ပြုလုပ်သော တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို မြိတ်မြို့ ကန်ဖျားရပ် မြေနီလမ်း၊ မြိတ်တောင်ရပ်ကွက် အောင်ဆန်းလမ်းမကြီး၊ မြိတ်တောင် ကျေးရွာအုပ်စု အောင်မင်္ဂလာရပ်ကွက် သုခ လမ်း တို့တွင် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီ မှ စတင်၍ ကျင်းပပြုလုပ်ခဲ့သည်။


Tuesday, November 4, 2014

နှစ်ကျိပ်ရှစ်ဆူ ဘုရား ရုပ်ပွားတော်များ မြိတ်မြို့တွင်း ဒေသစာရီ ကြွချီ အပူဇော်ခံ

မြန်မာနိုင်ငံတွင် သက်တမ်း အရှည်ကြာဆုံး ဘုရားပွဲတော် အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး တနင်္သာရီတိုင်း အတွင်း ထင်ရှားကျော်ကြားပြီး စည်ကားသည့်  နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကြီးအား မြိတ်မြို့ ဗုဒ္ဓဘာသာ အသင်းကြီးမှ ကြီးမှူး၍ မြိတ်မြို့ ဘုရားငါးဆူကွင်း သာသနာ့ နယ်မြေ၌ အောက်တိုဘာလ  (၂၇) ရက်နေ့မှ (၂) ရက်နေ့ အထိ (၈၇) ကြိမ်မြောက် ကျင်းပခဲ့ပြီးနောက် ဘုရားငါးဆူကွင်း သာသနာ့ နယ်မြေ၌ ယာယီ သီတင်းသုံး ကိန်းဝပ် အပူဇော်ခံတော်မူသည့်  နှစ်ကျိပ် ရှစ်ဆူကုန်သော ဘုရားရှင်များသည် နိုဝင်ဘာလ (၃) ရက်နေ့ ည(၇) နာရီ အချိန်မှ စတင်၍  မြိတ်မြို့နယ် အတွင်း ညလုံးပေါက် ဒေသစာရီ လှည့်လည် အပူဇော်ခံကြွချီတော် မူသည်။