ကမ်းရိုးတန်းဒေသ ပြည်နယ်နှင့် တိုင်းများသို့စီဒီအမ်အေ မိုဘိုင်လ်းဖုန်း ခြောက်သောင်းကျော် ချပေးတော့မည် မြန်မာ့ပင်လယ်ပြင် ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိသော ပြည်နယ်နှင့် တိုင်းများတွင် စီဒီအမ်အေမိုဘိုင်းလ်းဖုန်းများ ပထမဆုံး အသုံးပြုခွင့်ရနိုင်ရန်အတွက် ဖုန်းအလုံးရေ ခြောက်သောင်းကျော် မကြာမီ စတင်ချပေးတော့မယ်ဟု သိရသည်။ အဆိုပါ ကမ်းရိုးတန်း ဒေသတစ်လျှောက်တွင် စီဒီအမ်အေဖုန်းများ ဆက်သွယ် ပြောဆိုနိုင်ရေး အတွက် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုအပ်သော တာဝန်တိုင်များကို ၂၀၀၇ခုနှစ်၊ နှစ်လယ်ပိုင်းမှ စတင်ကာ ကြိုးစား တည်ဆောက်ပေးခဲ့ရပြီး...