မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Monday, August 11, 2008

ကျွန်းစုမြို့နယ် သဲချောင်းကျေးရွာ မီးလောင်မှုဖြစ်ပွား၊ အိမ်ခြေ ၁၅၀ ခန့် ဆုံးရှုံး

ကျွန်းစုမြို့နယ် သဲချောင်းကျေးရွာ မီးလောင်မှုဖြစ်ပွား၊ အိမ်ခြေ ၁၅၀ ခန့် ဆုံးရှုံးမြိတ်ခရိုင် ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာအုပ်စု သဲချောင်းကျေးရွာတွင် ၂၀၀၈ခုနှစ်၊ သြဂုတ်လ ၉ ရက် ည၁၂ နာရီခန့်တွင် ဦးသိန်းကျော်စိုး နေအိမ်မှ တဆင့် မီးလောင်မှု ဖြစ်ပွားရာ သဲချောင်းကျေးရွာ ရွာလမ် လမ်းမကြီး နံဘေးရှိ နေအိမ် ၁၅၀ ခန့် မီးလောင် ကျွမ်းခဲ့ပြီး နံနက် (၀၇၀၀)နာရီတွင် မီးငြိမ်းသွား ခဲ့သည်။မီးလောင် ကျွမ်းမှုကြောင့် အိမ်ထောင်စု (၁၆၅)စု ၊ လူဦးရေ (၁၀၅၀)ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး မီးဘေး ဒုက္ခသည် များအား သဲချောင်းကျေးရွာ အောင်မြေဘုန်းတော်ကြီး ကျောင်းတွင် ကယ်ဆယ်ရေး...