မြိတ်ကျွန်းစုလေးတွေကို Vote ပေးကြမလားမောင်ရဲခေါင် (စီလီကွန် လွင်ပြင်)San Francisco Bay Area ရှိ လူငယ် ဗုဒ္ဓဘာသာ သင်တန်း တစ်ခုတွင် ဖြစ်ပါသည်။ လူငယ်သင်တန်း ဆိုပေမယ့် အမေရိကန်ပြည်တွင် ကြီး၍ အင်္ဂလိပ် စကားသာ အဓိကပြောသော အသက် (၁၀) နှစ်မှ (၁၇) နှစ်ခန့် အထိ အရွယ်စုံ ပါဝင်သော မျိုးဆက်သစ် မြန်မာ လူငယ်လေးများ အတွက် ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မြန်မာ့ ယU်ကျေးမှု ရေးရာများကို အဓိက မိတ်ဆက် သင်ကြားပေးသည့် လစဉ်သင်တန်း တစ်ခု ဖြစ်ပါသည်။ ထို တစ်လက မြန်မာ့ ယဉ်ကျေးမှု မိတ်ဆက်ကဏ္ဍ အတွက် ကျွန်တော့် တာဝန်ကျရာ ယဉ်ကျေးမှုများအား အမိ မြန်မာပြည် အကြောင်းကို အရင် မိတ်ဆက်ပြောပြရန် ပြင်ဆင်ထားမိသည်။သင်တန်း...