မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Wednesday, October 31, 2012

မြိတ်မြို့ အတွင်းရေပုန်းရပ်တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား

ဓာတ်ပုံ - tanintharyi tar ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်၊ နံနက် (၁း၅၅)မိနစ်  (သီတင်းကျွတ်လပြည့်နေ့အလွန်) အချိန်ခန့်တွင် ဦးအောင်ဆန်းဦး-ဒေါ်ဥမ္မာ၊ အမှတ် (၈၉)၊ အတွင်းရေပုန်းရပ်၊ မြိတ်မြို့ (အမှတ် ၅ ၊ အခြေခံပညာမူလတန်းကျောင်းအနီး) နေအိမ် (ကုန်စုံဆိုင်) တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ မီးလောင်မှုဖြစ်ပွားသော နေအိမ်တွင် အိမ်ရှင်များ မရှိကြောင်းကိုလည်း သိရှိရပြီး မည်သည့် အကြောင်းကြောင့် မီးလောင်မှုဖြစ်ပွားကြောင်းကို မသိရှိရသေးပေ။ သို့သော်လည်း...

Sunday, October 28, 2012

မြိတ်မြို့ အဘိဓမ္မာအခါတော်နေ့ စည်ကားစွာ ကျင်းပ

မြိတ်မြို့၊ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်ကြီးတွင်  အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ပြုလုပ်ကျင်းပလျက် ရှိရာ  အဘိဓမ္မာ (၇)ကျမ်း ပါဠိတော်ကောက်နုတ်ချက် ရွတ်ပွားပူဇော်ပွဲအား ၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁၀)ရက်မှ လပြည့်ကျော် (၁)ရက်နေ့အထိ ပြုလုပ်လျက်ရှိပြီး မြိတ်မြို့ ရပ်ကွက်နှင့် ကျေးရွာများနှင့် မြိတ်ခရိုင်အတွင်းရှိ ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ်တို့မှ ၀တ်ရွတ်အသင်းများ စုစုပေါင်း (၃၀၀) နီးပါးခန့်ဖြင့် ပြုလုပ်လျက် ရှိရာ တရားဓမ္မသံ...

မြိတ်မြို့၊ ကျွဲကူးကျေးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန်လိုအပ်လျှက်ရှိ

 မြိတ်မြို့၊ ကျွဲကူးကျေးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန်လိုအပ်လျှက်ရှိ  (ကျွဲကူးနေ ပြည်သူများ၏ တောင်းဆိုချက်အရ ပြန်လည်ဖေါ်ပြအပ်ပါသည်) မြိတ်မြို့နယ်၊ စန္ဒ၀တ်ကျေးရွာအုပ်စု၊ ကျွဲကူးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန်လိုအပ်လျှက်ရှိကြောင်း ရွာသူ/သားများ ၏ ပြောကြားချက်များအရ သိရှိရပါသည်။ မြိတ်မြို့နှင့် ကိုးမိုင်ခန့်ဝေးကွာသည့် ကျွဲကူးကျေးရွာတွင် ယခုလက်ရှိ ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လျှက် ရှိသော ဒေါ်ဝင်းဝင်းခိုင်သည် ကျွဲကူး ရွာသူ/သားများ တည်ဆောက်ပေး ထားသော ကျန်းမာရေးဆေးခန်းတွင် နေထိုင်ပြီး တာဝန်ထမ်းဆောင်...

Saturday, October 27, 2012

ရွာအုပ်ချုပ်ရေးမှူး၏ လူကုန်ကူးမှု တိုင်ကြားချက် အရေးမယူသေးဟုဆို

ရွာအုပ်ချုပ်ရေးမှူး၏ လူကုန်ကူးမှု တိုင်ကြားချက် အရေးမယူသေးဟုဆို ကွန်းချမ်း | ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၉ မိနစ် စံခလပူရီ (မဇ္ဈိမ) ။        ။ မြိတ်ခရိုင်အတွင်းရှိ ကျေးရွာအုပ်ချူပ်ရေးမှူးတဦး တိုက်ရိုက် ပါဝင်ပတ်သက်သည်ဟု ဆိုသော ရွာသား ၂ဝ လူကုန်ကူးမှုတခုကို တိုင်ကြားထားသည်မှာ နှစ်လတာ ကြာမြင့်ပြီ ဖြစ်သော်လည်း စစ်ဆေး အရေးယူမှု မရှိသေးကြောင်း တိုင်ကြားထားသူများနှင့် မြိတ်ခရိုင် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ပြောသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ရဲစခန်း အပါအဝင် သက်ဆိုင်ရာ မြိတ်မြို့နယ် ရုံးများသို့...

Friday, October 26, 2012

ကမ်းဝေး ၊ ကမ်းနီး ပင်လယ်ပြင် ငါးဖမ်းကိစ္စ လွှတ်တော်တွင် ထောက်ခံ ဆွေးနွေးသည့် ကိုယ်စားလှယ်သည် ပင်လယ်ပြင် မမြင်ဖူးသော ကချင်ပြည်နယ်မှ လွှတ်တော် အမတ် တစ်ဦး ဖြစ်နေပြီး ကမ်းရိုးတန်းဒေသနေ လွှတ်တော်အမတ်များ ၀င်ရောက် ဆွေးနွေးခြင်း မရှိ

ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထ ပုံမှန်  အစည်းအဝေး (၃၇)ရက်မြောက် နေ့တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးအုန်းတင် တင်သွင်းထားသည့် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသအတွင်း ကမ်းဝေး ငါးဖမ်း သင်္ဘောများအား ကမ်းနီး ငါးဖမ်း ဧရိယာအတွင်းသို့ ၀င်ရောက်  ငါးဖမ်းဆီးများအား ကြီးကြပ် တားဆီး ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းသည်။ ထိုအဆိုကို ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဦးစံပြည့်က ပင်လယ် ကမ်းဝေးတွင် ငါးဖမ်းဆီးခွင့် ရရှိသည့်...

Thursday, October 25, 2012

မြိတ်မြို့တွင် သဘာ၀၀န်းကျင် ထိန်းသိမ်းရေး အခွင့်အလမ်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်မည်

(စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း ဖိတ်ကြားပါသည်။ )  တနင်္သာရီတိုင်း ဒေသကြီး တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ပူးပေါင်း လုပ်ဆောင်နိုင်မည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အခွင့်အလမ်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ၊ Biodiversity And Nature Conservation Association နှင့် FAUNA & FLORA INTERNATIONAL တို့ ပူးပေါင်းပြီး မြိတ်မြို့ ပုလဲရတနာ ခန်းမတွင်...

လေဖိအားနည်းဆဲလ် 93W ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းသို့ ရောက်

လေဖိအားနည်းဆဲလ် 93W ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းသို့ ရောက်ရှိ By mmweather.ygn, on October 25th, 2012 အောက်တိုဘာလ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ လေဖိအားနည်းဆဲလ် 93W သည် ယမန်နေ့ ညပိုင်းတွင် ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိပြီးနောက် အနောက်တောင်ဘက်သို့ ရွေ့လျားကာ ကော့သောင်းမြို့ အနောက်ဘက် မိုင် ၁၉၀ ခန့် ပင်လယ်ပြင် တွင် ဆက်လက်တည်ရှိနေပါသည်။ ကွန်ပျူတာ မော်ဒယ်များ၏ ခန့်မှန်းတွက်ချက်ပုံဖေါ်မှု အရ(အောက်ပုံတွင် ကြည့်ပါ)...

ပြည်ပရောက် အလုပ်သမား များ ပြန်လာနိုင်ရေး တနင်္သာရီ ၀န်ကြီးချူပ် လုပ်ဆောင်မည်

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေရသည့် အလုပ် သမားများ ပြန်လာနိုင်သည် အခင်း အကျင်း ဖြစ်ရန် ပြုလုပ် နေကြောင်း တနင်္သာရီတိုင်း ၀န်ကြီးချူပ် ဦးမြတ်ကို က ပြီးခဲ့သည့် ရက်ပိုင်းက ထားဝယ်မြို့တော် ခန်းမ တွင် ပြုလုပ်သည့်  ထားဝယ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ လီမိတက် (DDPC) ၏  ရှယ်ယာရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။ ဒေသခံများ ပြန်လာနိုင်ရန် လုပ်ဆောင် ရာတွင် မိမိ တစ်ဦးတည်း အနေနှင့်  မဖြစ်နိုင်ဘဲ DDPC အပါအ၀င်...

မြိတ် ကျောက်မီးသွေး စက်ရုံ ဆန့်ကျင်မှု ထပ်ကြုံ

မြိတ် ကျောက်မီးသွေး စက်ရုံ  ဆန့်ကျင်မှု ထပ်ကြုံ   တနင်္သာရီ တိုင်းဒေသ ကြီးအတွင်း တတိယ မြောက် ဆောက်လုပ်ရန် စီစဉ်သည့် မြိတ်ဒေသရှိ ကျောက်မိးသွေး စက်ရုံသည်လည်း အခြား ထားဝယ်နှင့် ကော့သောင်း နည်းတူ ဒေသခံများ၏ ဆန့်ကျင်မှု ကြုံတွေ လျက်ရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မြိတ် အခြေစိုက် ၈၈ မျိုးဆက် ကျောင်းသားများက ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပြီး ကန့်ကွက်ကြောင်း ဒေသခံ တို့၏ လက်မှတ် များ လိုက်လံ စုဆောင်းလျက် ရှိသည်။ ၅၀ မဂ္ဂါဝပ်ရှိ ယင်း ကျောက်မီးသွေး စက်ရုံသည် လော့လော့ ကျေးရွာ အ.မ.က ကျောင်းနှင့် ခြံစည်းရိုး တစ်ခုသာ ခြားပြီး သမုတ် အထက် တန်းကျောင်းနှင့်...

Wednesday, October 24, 2012

(၈၈) မှ ဦးဆောင်၍ မြိတ်မြို့တွင် ငါးမှုန့်စက်ရုံ နှင့် ကျောက်မီးသွေး ကိစ္စပေါင်းပြီး ဆန္ဒပြမည်

မြိတ်မြို့ပေါ်ရှိ ငါးအမှုန့်ကြိတ် စက်ရုံမှ ထင်းလောင်စာများ  တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းရှိမှာရှိတဲ့ ငါးမှုန့်စက်ရုံတွေက ထွက်ပေါ်လာတဲ့ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ တွေဟာ လေထုညစ် ညမ်းမှုဖြစ်စေတဲ့ အပြင် စက် ရုံ လည်ပတ် ရာမှာ လောင်စာအဖြစ် ထင်းတွေကို အဓိက အသုံးပြုနေတာ ကြောင့် သစ်တော ပြုန်းတီးပျက်စီးမှု တွေဖြစ် ပေါ်နေ တယ်လို့ မြိတ်ခရိုင် ၈၈ ကျောင်းသား အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ငါးမှုန့်စက်ရုံကြီး တွေမှာ ထင်းလောင်စာအသုံးပြုမှုကို...

မြိတ်မြို့ ထားဝယ်ကမ်း ရပ်ကွက်တွင် မီးလန့်မှု ဖြစ်ပွား တရားမ၀င် ဓာတ်ဆီဆိုင်များ များပြားလာမှုကြောင့် မီးဘေး စိုးရိမ်နေရ

ပြီးခဲ့သော တနင်္ဂနွေနေ့က မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ် တားဆီးရေး အတွက် မီးငြိမ်းသတ်မှု သရုပ်ပြပွဲ ပြုလုပ်ပြီး ၂ ရက် အကြာ ယနေ့ (၂၄) ရက်နေ့ နံနက် (၁၁၃၀) အချိန်ခန့် တွင် မြိတ်မြို့ ထားဝယ်ကမ်း (၂) ရပ်ကွက် သီတာလမ်း အိမ်အမှတ် (၃၀)တွင် နေထိုင်သော ဒေါ်အေးမြင့်၏ နေအိမ်တွင် မီးလန့်မှု တစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ငါးဖမ်းပိုက်များကို ၄င်းနေအိမ် မီးဖိုအနီးတွင် ထားရှိ ရာမှ မီးဖိုမှ မီးပွား လွှင့်စင်ပြီး ငါးဖမ်းပိုက်ဖုံပေါ် ကူးစက်လောင်ကျွမ်းမှုကြောင့် မီးသတ်ကား (၂) စီးဖြင့် ငြိမ်းသတ်ရာ (၅) မိနစ်အတွင်း မီးငြိမ်းသွားခဲ့သည်။ ထိုဖြစ်စဉ်နှင့်...

Tuesday, October 23, 2012

မြိတ်မြို့၏ ဂုဏ်ယူစရာ ကျွဲကူး - ကျောက်ဖျာ တံတား

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကျွဲကူးကျောက်ဖျာတံတားမှာ နေ့ပိုင်းအချိန် ဆိုင်ကယ်ဖြတ်သန်းခ တစ်စီးကို ၅၀ ကျပ်ပေးဆောင်ရပါတယ်… ည ၆း၀၀ နာရီအချိန်ဆိုရင် တံတားမှာ ပိုက်ဆံပေးရတဲ့ဂိတ် နှစ်ခုဖြစ်သွားပါတယ်.. မြို့အ၀င် တံတားရဲ့ ပထမဂိတ် (စစ်တပ်)မှာ ဆိုင်ကယ်တစ်စီး (၅၀၀)ကျပ်ပေးဆောင်လိုက်လို့ ပြီးသွားပြီလို့ထင်နေပေမယ့် တံတားဖြတ်သန်းလို့ ပြီးခါနီးမှာ ဟော.. လြာ ပန်ပြီ.. ၀ါးတားဂိတ်လေးတစ်ခု.. အမယ်.. ကိုယ်တော်က အရောင်ပြပြီး တံတားမှာ ခါးလေးထောက်ပြီး စောင့်နေရှာပါတယ်.. “ဟေ့... မြို့ထဲဝင်မလို့လား”တဲ့ မေးလိုက်ပုံက..(သိသားနဲ့မေးတာ).. “လ္ဘက်ရည်ဖိုး ဆိုင်ကယ်တစ်စီး...