မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Wednesday, February 27, 2013

မော့တောင် နယ်စပ် ကုန်သွယ်ရေးစခန်း ဧပြီ (၁)ရက်နေ့ ဖွင့်မည်

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မော့တောင်ဒေသ နယ်စပ် ကုန်သွယ်ရေးစခန်း အား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အစ ဧပြီလ (၁) ရက်နေ့ တွင် ဖွင့်လှစ်သွားမည် ဟု တနင်္သာရီတိုင်း ဒေသကြီး အစိုးရ၀န်ကြီး တစ်ဦးက အတည်ပြု ပြောကြားကြောင်း သတင်းရရှိသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံနှင့် လက်ရှိ ကုန်သွယ်ရေး စခန်းများမှာ တာချီလိတ်၊ မြ၀တီ၊ မြိတ်၊ ကော့သောင်း (၄) ခု ရှိသည်။ ယခု ဖွင့်လှစ်မည့် မော့တောင် နယ်စပ်ကုန်သွယ်ရေး စခန်းသည် (၅) ခုမြောက် ဖြစ်ပြီး ...

လူရည်ချွန် ရရှိသူကျောင်းသား၊ ကျောင်းသူများ

တနင်္သာရီတိုင်းအတွင်း လူရည်ချွန်ရရှိသူကျောင်းသား၊ ကျောင်းသူများ (၂၀၁၂-၁၃ ပညာသင်နှစ်)  ဒဿမ တန်းမောင် ဆက်လင်းမြတ် အထက-၁ မြိတ်မောင်ရဲမင်းထွဋ် အထက-၂ ကော့သောင်းမ၀တ်ရည်ဖွေး အထက-၁ မြိတ်မမြတ်သက်ခိုင် အထက ပုလောမောင်ကျော်မျိုးသန့် အထက လောင်းလုံးမငုသဇင် အထက ညောင်ဇင် (သရက်ချောင်း)န၀မတန်းမောင်မျိုးမြင့်ပိုင် အထက-၁ မြိတ်မောင်ဟိန်းဇော်ထွန်း အထက ပလ (ပုလော)မခိုင်လင်းအောင် အထက-၁ မြိတ်မသဇင်နှင်းနှင်းဖွေး အထက-၁ ကော့သောင်းမောင်ဟိန်းကျော်ညိမ်း အထက-၁ ထားဝယ်မဆုလာဒ်နန္ဒာ...

မွန်နဲ့ တနင်္သာရီမှ အရာရှိကြီးများ ရခိုင်ကလေး တစ်ဦး အရေး သနား ဂရုဏာ ထား၍ ဖြေရှင်း ပေးစေလို

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ရွှေ့ပြောင်းလာပြီး တနင်္သာရီ တိုင်းဒေသကြီး လောင်းလုံးမြို့နယ် ပြင်ကြီးကျေးရွာ ရော်ဘာခြံ (ဦးရွှေရိုးခြံအနီး)တွင် ခြံစောင့် အလုပ်သမားများဖြစ်ကြသော ဦးနီထွန်းဦးနှင့်  ဒေါ်အေးသန်းနုတို့၏ တစ်ဦးတည်းသော သားဖြစ်သူ မွေးသက္ကရာဇ် ၁၃၅၈-ခုနှစ်ဖွား အသက် ၁၆နှစ်ရှိ မောင်နိုင်ဇော်သန်း(ခ) မောင်မောင်ဦးကို ခြံပိုင်ရှင်ဖြစ်သော မွန်ပြည် နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်း ဘိုနက်ကျေးရွာနေ ဦးကျော်မင်းထွန်း(အဖ-ဦးထွန်းရွှေ)သည် ၁၃၇၃-ခု၊...

Tuesday, February 26, 2013

မြိတ်မြို့သို့ ခိုးဝင်လာသည့် ဘင်္ဂါလီများအား စစ်ရေယာဉ်မှ ကျွန်းစု ရေပြင်တွင် ထပ်မံ ဖမ်းဆီးရမိ

မြိတ်မြို့သို့ ခိုးဝင်လာသည့် ဘင်္ဂါလီများအနက် ၄၁ ဦးအား မြိတ်မြို့တွင် ဖမ်းဆီးရမိပြီးနောက် စက်လှေဖြင့် ထွက်ပြေးသွားသည့် ဘင်္ဂါလီ (၂၁) ဦးအား ဖေဖော်ဝါရီလ (၂၆) ရက်နေ့ နေ့လည် (၁)နာရီခွဲအချိန်တွင် ကမ်းခြေစောင့် စစ်ရေယာဉ် (၁၁၄)မှ ကျွန်းစုမြို့နယ် ပန်းဇင်ကျေးရွာနှင့် ဖိနပ်ကျွန်းကျေးရွာ ကြားရှိရေပြင်တွင် ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။ ၄င်းဘင်္ဂါလီများ စီးနင်းလိုက်ပါလာသည့် စက်လှေမှာ အလျား (၄၅)ပေ၊ ၀မ်းဗိုက်(၉)ပေ၊ ဦးရာဇတိုင်၊ ပဲ့ပိတ် လှေဖြစ်ပြီး စက်လှေတွင်...

ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူ ဘင်္ဂါလီများအား မြိတ်မြို့တွင် ဖမ်းမိ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး ၄၀ ဦးအား  ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် (၀၀း ၁၅) နာရီ အချိန်ခန့်တွင် မြိတ်မြို့ ကုန်တိုက်အနီး ရှိ ကမ်းနားလမ်းတွင် နှင့် ရပ်ကွက်များအတွင်း ဖမ်းဆီးမိကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ ၂၅ ရက်နေ့ ည ၁၂ နာရီ အချိန်ခန့်တွင် ဘင်္ဂါလီ များသည်  စက်လှေဖြင့် ကမ်းနားလမ်း သို့ ရောက်ရှိလာပြီး ကမ်းပေါ် တက်နေကြောင်း ပြည်သူများ၏ သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်...

Monday, February 25, 2013

စာသင်ခန်းတွင် ရုတ်တရက် သတိမေ့မျှောသွား

မြိတ်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင်  အနှစ်(၂၀)နီးပါး တာဝန်ထမ်းဆောင်ခဲ့သော ဆရာဦးမြင့်ဦးသည် ကျောင်းသားများအပေါ် ဂရုဏာ ၊မေတ္တာထားပြီး၊  ပြုစုပျိုးထောင်းကာ ပညာရည်နို့တိုက်ကျွေးပေးနေပြီး၊ အ.ထ.က(၂)ကျောင်းတွင်ပညာသင်ကြားပေးနေသော  ကျောင်းဆရာတစ်ဦးဖြစ်သည့် ဆရာဦးမြင့်ဦးသည် (22-2-2013) သောကြနေ့တွင် စာသင်ခန်းအတွင်း၌ ကျောင်းသားများအား စာများပို့ချပေးနေရင်း  ဆီးချိုနှင့်သွေးတိုးတက်ပြီး စာသင်ခန်းတွင် ရုတ်တရက် သတိမေ့မျှောသွားကာ ဆရာ/ဆရာမများက  မြင့်မိုရ်ဆေးရုံသို့ပိုဆောင်ပြီး ဆေးကုသပေးခဲ့ပါသည်။ ...

ကော်ရှူနှုန်းများသွားပါကဦးနှောက်ထိခိုက်ကာစိတ်ရူးသွပ်သည်အထိဖြစ်နိုင်

လူငယ်များ အကြား ကော်ရှူနှုန်း မြင့်မားလာနေပြီး များများရှူပါက ဦးနှောက် ထိခိုက်ကာ စိတ်ရူးသွပ် သွားသည်အထိ ဖြစ်နိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ခင်မောင်ဆွေ ကပြောသည်။ “ကော်ထဲမှာပါတဲ့ တင်ဒါလို ဓာတုပစ္စည်းမျိုးက အဆုတ်ကို တိုက်ရိုက် အန္တရာယ်ပေးတာ။ များများရှူမိရင် ဦးနှောက်ပါ ထိခိုက်ပြီး ရူးတဲ့အထိ ဖြစ်နိုင်တယ်”ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ခင်မောင်ဆွေက ပြောသည်။ထို့အပြင် ကော်ရှူနှုန်းမြင့်မား လာခြင်းက လူမှု ပတ်ဝန်းကျင် အပြင် ယင်းတို့၏ ဘ၀ကိုပါ အလွန်အမင်း...

Saturday, February 23, 2013

အမှိုက်မီးရှို့ရာမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်း

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် (၁၁း၃၀)အချိန်တွင် မြိတ်မြို့ မြိတ်တောင်ကျေးရွာ အုပ်စု ကုန်းဖောက် ရပ်ကွက် ထူးထူးတိုး ဥစားကြက် မွေးမြူရေး ခြံ အရှေ့ ရှိ ဦးရဲလွင် + ဒေါ်မာမာသန်း နေအိမ် တွင် အမှိုက်မီးရှို့ရာမှ ခြေတံရှည် ပျဉ်ခင်း ယိုင်ကာ သွပ်မိုး နေအိမ်(၁)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဒေါ်မာမာသန်း ၊ အသက် (၄၂)နှစ်၊ သည် ၄င်းနေအိမ် အောက်ထပ် တွင် အမှိုက်များ မီးရှို့ရာမှ နေအိမ်သို့ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးလောင်ကျွမ်းရာသို့...

Wednesday, February 20, 2013

မြိတ်ခရိုင်လုံး ဆိုင်ရာ လူငယ် ဖိုရမ် ပြုလုပ်မည်

မြိတ်ခရိုင် အတွင်းရှိ ကွန်ယက်များ၊ ပရဟိတ အဖွဲ့များ၊  နိုင်ငံရေး ပါတီများ၊ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ်များမှ လူငယ်များ ပါဝင် ဆွေးနွေးမည် မြိတ်ခရိုင်လုံး ဆိုင်ရာ လူငယ် ဖိုရမ် (Myeik Youth Forum ) အား ၂၀၁၃ ခုနှစ် မေလ (၂) ရက်နေ့မှ (၃) ရက်နေ့ အထိ မြိတ်မြို့ ဘုရားငါးဆူ  ဘောလုံးကွင်း အနောက်ဖက် ရှိ  ရတနာ ဗောဓိကျောင်း တွင် ပြုလုပ်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ...

Tuesday, February 19, 2013

ကျေးရွာ ရာအိမ်မှူး နေအိမ် ဖဲဝိုင်းမှ ရန်ပွဲဖြစ်ပွား

၁၄-၂-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန်ခန့်တွင် ကျွန်းစုမြို့နယ်၊ မဲတော ကျေးရွာအုပ်စု၊ စန္ဒားငယ် ကျေးရွာ ရာအိမ်မှူး (ယခုလက်ရှိ) ဦးမြင့်သန်းစိန်၏ အိမ်ရှေ့ရှိ ဈေးဆိုင်ငယ်တွင် ဖဲဝိုင်းကျင်းပ ပြုလုပ်ရာမှ ရွာသူ/ရွာသားများအချင်းချင်း ခိုက်ရန် ဖြစ်ပွါးခဲ့ကြောင်း သိရှိရပါသည်။ ...

မိုးသက်လေပြင်းတိုက်၍ အိမ်နှစ်လုံးပျက်စီး လူနှစ်ဥိးဒဏ်ရာရ

သန္ဒုတ်ကျေးရွာအုပ်စု၊ တောနောက်လယ်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကျည်းပင်ကုန်း ရပ်ကွက်ရှိ ဦးလှခင် (၇၉)နှစ်နှင့် ဒေါ်သန်းရီ (၇၄)နှစ်တို့ နေထိုင်သော ဓနိမိုးဓနိကာအိမ်တစ်လုံးနှင့် ဦးထွန်းအေး +ဒေါ်ပွင့်ဖြူဝေတို့ မိသားစု ၄ ဦးနေထိုင်သော ဓနိမိုးဓနိကာအိမ်တစ်လုံး စုစုပေါင်း အိမ်နှစ်လုံးတို့သည် ပြိုသွားခဲ့ရာ ဦးလှခင်မှာ ၀ဲဘက်ပေါင်ကျိုးသွားခြင်းနှင့် ဒေါ်သန်းရီမှာ အတွင်းဒဏ်ရာများ ရရှိသွားသဖြင့် ကျေးရွာကျန်းမာရေးလုပ်သား၏ ကုသမှုကို ခံယူနေရပြီး ဦးထွန်းအေး+ဒေါ်ပွင့်ဖြူဝေတို့ မိသားစုမှာ ပြင်းထန်ဒဏ်ရာမရရှိကြောင်း သိရရှိပါသည်။ ...

ကမ်းနီးငါးဖမ်းလှေ၏ ပိုက်များအား ၀ါးလတ်လှေ မှ ပိုက်ဆွဲရင်း ပြတ်တောက်စေခဲ့

(၁၄-၂-၂၀၁၃) ရက်နေ့ နံနက် (၉) နာရီခန့် အချိန်တွင် ကျွန်းစုမြို့ ပထက်ကျေးရွာမှ ရေလုပ်သား ဦးဇော်နိုင်သည့် ကျွန်းစုမြို့နယ် ကွမ်းသီးကျွန်း အနီး ရေပြင်တွင် ရေအောက် ပိုက်ချ ငါးဖမ်းနေစဉ် သီတာ ရေလုပ်ငန်း ကုမ္ပဏီပိုင် လှေအမှတ် (၄၂) လင်းဖြိုးအောင် ၀ါးလတ်လှေသည် ပိုက်ဆွဲရင်း ဦးဇော်နိုင်၏ ငါးဖမ်းပိုက်များအား ငြိတွယ် ပြတ်တောက် စေခဲ့ကြောင်း သိရှိရသည်။...

Monday, February 18, 2013

တစည ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် ပါတီဝင်များ တွေ့ဆုံပွဲ မြိတ်မြို့၌ ပြုလုပ်

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးသန်းတင် ( ဗိုလ်မှူးချုပ် သန်းတင် - ငြိမ်း ) နှင့် မြိတ်ခရိုင် အတွင်းရှိ တစည ပါတီ ၀င်များ တွေ့ဆုံပွဲ အခမ်းအနားကို မြိတ်မြို့ သိဒ္ဓိအောင် ဘုန်းတော်ကြီး ကျောင်း ဆွမ်းစားဆောင်တွင် ဖေဖော်ဝါရီလ (၁၈)ရက်နေ့ နေ့လည် (၁) နာရီ အချိန် ကျင်းပပြုလုပ်ရာသည်...

(၁၀) ရက်နေ့ ထုတ် ကြေးမုံ သတင်းစာပါ ကမ်းရိုးတန်း အထူးအမြန်ရေယာဉ် ဆောင်းပါးနှင့် ပတ်သက်၍ စာရေးသူက ပြန်လည် တောင်းပန်ခဲ့

ဖေဖော်ဝါရီ ၁၀ ရက်နေ့ ကြေးမုံ သတင်းစာပါ စာရေးသူ ‘ဒီစိုး’ ၏ ‘ကမ်းရိုးတန်းအထူး အမြန်ရေယာဉ်များ အလေးထား စဉ်စားဖွယ်ရာ’ ဆောင်းပါးနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၆ တွင် စာရေးသူ ဒီစိုး၏ တောင်းပန်စာ ပါရှိလာခဲ့သည်။ ...

Sunday, February 17, 2013

ပြည့်ဖြိုးထွန်း ကုမ္ပဏီ အခြောက်ဆိုက် အလုပ်သမားများ အလုပ်သမား ရပိုင်ခွင့် တောင်းဆို

ပထက်ကျွန်း ပြည့်ဖြိုးထွန်း ကုမ္ပဏီ ငါး/ ပုဇွန် အအေးခန်း စက်ရုံတွင် အလုပ်လုပ်နေသော အအေးခန်း အလုပ်သမား ထက် အခြောက် ဆိုက် တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား အများအပြားသည် လုပ်ခ နည်းပါးခြင်း၊ အလုပ်ချိန် များပြားခြင်း များကြောင့် မကျေနပ်မှုများ ဖြစ်ပေါ်နေသဖြင့် တာဝန်ရှိသူများထံ တင်ပြ တောင်းဆိုမှုများ ရှိနေကြောင်း သိရှိရသည်။ ထိုသို့ တင်ပြတောင်းဆိုမှုများအပေါ် တာဝန်ရှိသူများက (၁၄-၂-၂၀၁၃) ရက်နေ့တွင် ခေါင်းဆောင် တချို့နဲ့ ဆွေးနွေးခဲ့သည်ဟု သတင်း ...

Saturday, February 16, 2013

လူငယ်ဖွံ့ဖြိုးရေး ဆင့်ပွား သင်တန်း ဆင်းပွဲ မြိတ်မြို့နယ် NLD ရုံးတွင် ပြုလုပ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြိတ်မြို့နယ် လူငယ် ဖွံ့ဖြိုးရေး ဆင့်ပွား သင်တန်း အမှတ်စဉ်(၂)  ဆင်းပွဲ အခမ်းအနား အား (၁၆.၂.၂၀၁၃) ရက်နေ့ နံနက်(၉) နာရီတွင် မြိတ်မြို့နယ် အဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။ ၄င်းသင်တန်း ဆင်းပွဲတွင် သဘာပတိ ဦးဟန်ထွန်းမှ သင်တန်းသား များအား နှုတ်ဆက် စကားများ ပြောကြားပြီး၊ တိုင်းညီလာခံ ကျင်းပရေး ကော်မရှင် ဦးသန်းထွန်းမှ အမှာစကား ပြောကြားကာ သင်တန်းဆရာ အဖြစ် ကိုဥက္ကာမင်းမှ သင်တန်းသား များအား နှုတ်ဆက် စကားပြောကြား...

မောင်းလှော်ကျေးရွာ အုပ်ချုပ်ရေးမှူး အတွက် အိတ်ဖွင့်ပေးစာ

ဒီမိုကရေစီ နှင့် တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့နယ် မောင်းလှော် ကျေးရွာအုပ်စု စတင်ပါပြီ ဒီနေ့ (၁၂.၂.၂၀၁၃) ခုနှစ်မှာ မောင်းလှော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးပြီပေါ့လေ….. မောင်းလှော်ကျေးရွာအုပ်စုရဲ့ အနာဂတ် အခြေနေ ဘယ်လိုလဲ စောင့်ကြည့်ကျတာပေါ့ ယခု အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ တက်လာတဲ့ ရတောင် အတွင်းရွာ ရာအိမ်မှူး ဦးသားငယ်ပု (အမဲလိုက်သမား)/ စာပေက တစ်လုံးမှမတတ် တိုမီး သေနတ်ကိုကိုင်ပြီး ခွေးနှစ်ကောင်နဲ့ အမဲလိုက်ပြီး အသက်မွေး လာတဲ့သူက အုပ်ချုပ်မှာပေါ့လေ ကဲရတောင်ရွာမှာ တိုးတက်ပြီး ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လူ...

Thursday, February 14, 2013

ရဲတပ်ဖွဲ့ဝင်များ စီးနင်း လိုက်ပါ လာသော စက်လှေ တိုက်မိ (၃)ဦး ဒဏ်ရာရ၊ စခန်းမှူး တစ်ဦး ပျောက်ဆုံး

တရားခံ ဖမ်းဆီးရာမှ ပြန်လာသည့် ရဲတပ်ဖွဲ့ဝင်များ စီးနင်း လိုက်ပါ လာသော လှေနှင့် အခြား လှေတစ်စင်း တိုက်မိပြီး (၃) ဦး ဒဏ်ရာ ရကာ ဒုရဲအုပ် စခန်းမှူး တစ်ဦး ပျောက်ဆုံးနေသည့် လှေတိုက်မှု ဖြစ်စဉ် တစ်ခု မြိတ်ခရိုင် တနင်္သာရီ မြို့နယ် သမီးလှ အရှေ့ကျေးရွာ ရှိ မြစ်ထဲတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ည (၇)နာရီ (၃၀)ခန့် အချိန်တွင် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ တနင်္သာရီ မြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ် မောင်မောင်လွင်၊ တကူ ကျေးရွာ စခန်းမှူး ဒုရဲအုပ် သောင်းငွေ၊ တပ်ကြပ် သူရ၊ တပ်ကြပ် ထွန်းကြည်နှင့် သိန်းချောင်း ရာအိမ်မှူး တို့သည့် အမှုတရားခံ အေးပို (ဘ) ဦးမောင်ဝင်း...

Wednesday, February 13, 2013

မြိတ်မြိုက တစ်ဖက်ကမ်းတွင် ဆီသယ်လှေ မီးလောင် (၄) ဦးဒဏ်ရာရရှိ

(၁၃-၂-၂၀၁၃) ရက်နေ့ နံနက် (၁)နာရီ (၁၅)မိနစ်အချိန်ခန့်တွင် မြိတ်မြို့ တစ်ဘက်ကမ်း ပထော်ပထက် ကျွန်းပေါ်ရှိ ဆင်မယဉ်သာ ဆိပ်ကမ်း အနီး  ဦးဝေလင်းပိုင် ဆီဗော ဘေးတွင် ဆိုက်ကပ်ထားသော ဦးဟုန်နု ပိုင် ဆီသယ်ရေယာဉ် မာလိန်စင်ပေါ်ရှိ လျှပ်စစ်မိန်းခုံ ၀ါယာရှော့ဖြစ်ရာမှ အနီးရှိ  ဆီ (၈) ဂါလန်ဝင် ပုံးအား မီးကူးစက်ကာ ပေါက်ကွဲလောင်ကျွမ်းသဖြင့် မာလိန်စင် အပေါ်ထပ်ရှိ တာလပတ်နှင့် အမိုးများ မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်ကျွမ်းမှုအား ဦးဝေလင်း ဆီဗောရှိ လုပ်သား အင်အား (၃၀) ခန့်မှ မီးသတ်ဆေးဘူး များဖြင့် ငြိမ်းသတ်နိုင်ခဲ့သဖြင့် (၁၀)မိနစ်အတွင်း မီးငြိမ်းသွားခဲ့သည်။  ထိုသို့...

Monday, February 11, 2013

ကာမရာဂစိတ်ကိုထကြွစေသည့် တရားမ၀င်ဆေးဝါးများ ထားဝယ်မြို့နှင့် မြိတ်မြို့တွင် ဖမ်းဆီးရမိ

၉-၂-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ ၀န်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထားဝယ်မြို့၊ ပုံကျွန်းရပ်ကွက်၊ ကညုံရပ်ကွက်နေ ဦးအောင်နိုင်(၄၈)နှစ်၏ ““အာရုဏ်ဦး” ”ဆေးဆိုင်သို့ သတင်းအရ ၀င်ရောက်ရှာဖွေရာ အမျိုးသမီးများအား တိုက်ကျွေးပါက ကာမရာဂ စိတ်ကို ထကြွစေသည့် တရုတ်နိုင်ငံထုတ် Hongzhizhu, Jita Kewang, Taiguofenနှင့် Cangyingfen စာတမ်းများပါ တရားမ၀င်ဆေးမှုန့် အထုပ်(၂၆၈)ထုပ်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ သဖြင့် ဦးအောင်နိုင်အား ထားဝယ်ရဲစခန်း(ပ)၅၉/၂၀၁၃၊...

Friday, February 1, 2013

မလုပ် .မရှုပ်. မပြုတ် (သို့မဟုတ်) အလုပ် မလုပ်သော မြိတ် စာရေးဆရာအသင်း

ဥက္ကဋ္ဌ ကြံတောဖိုးခွေး ဦးဆောင်သော အမှုဆောင် အဖွဲ့ဝင် ငါးဦးဖြင့် မြိတ်စာရေးဆရာ အသင်းကို (၂၉.၄.၂၀၁၂) တွင်ဖွဲ့စည်းခဲ့ ပါသည်။ သို့သော်လည်း ယနေ့ (၁.၂.၂၀၁၃) ထိတောင်အောင် အစဉ်အလာကြီးမားသော နှစ်စဉ်ထွက်နေကျ နှစ်ပတ်လည် မြိတ်မဂ္ဂဇင်း မထွက်နိုင်ခြင်း၊ အခါကြီး နေ့ကြီးရက် များတွင် ပြည်သူ့ အကျိုးပြု စာပေဟောပြောပွဲများ ကျင်းပရန် ပျက်ကွက်ခြင်း များ ရှိလာသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့မြင်ရပါသည်။ မြန်မာနိုင်ငံ စာရေးဆရာ အသင်း (ဗဟို)မှ အသိအမှတ်ပြုထုတ်ပေးသော စာရေးဆရာ အသင်းဝင်တံဆိပ်နှင့် ကတ်များကို ထုတ်ယူရန် မြိတ်စာရေးဆရာအသင်းသို့ အကြောင်း ကြားပြီးဖြစ်ကြောင်း သိရပါသည်။ သို့သော်လည်းယနေ့ထိ...

တက္ကစီဆိုင်ကယ်အား ငှားရမ်းပြီး ခိုးယူထွက်ပြေးမှု ဖြစ်ပွား

မြိတ်မျြိ့ ကလွင်ရပ်ကွက်တွင် နေထိုင်သော မောင်ထက်ဝေစိုး (ခ) သားကြီးသည် ၂၇.၁.၀၁၃ (တနင်္ဂနွေ)နေ့တွင် ဆိုင်ကယ်တစ်စီး ပျောက်ဆုံးခဲ့သည်။ ဖြစ်စဉ်မှာ - ဗိုလ်ကြီးအောင်ပိုင် အမည်ခံထားသော ၀င်းမင်း(ခ) မျိုးထွေးသည် မောင်ထက်ဝေစိုး (ခ) သားကြီး၏ ဆိုင်ကယ် ( RLHHC 120 BY 059590, ၂၃ယ/98273  ကြည်ပြာရောင်,wave အတန်းသေး) အား ငှားစီးပြီး လိမ်ပြေးသွားခဲ့သည်မှာ ယခုဆိုလျှင် ၅ရက် တိုင်တိုင် ရှိပြီဖြစ်ကြောင်း သိရသည်။  အဆိုပါ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုလောရဲစခန်းတွင် အမှုတိုင်ကြားရာ ပုလော ရဲစခန်းက အမှုဟောင်း ရှိနေပြီ ဖြစ်သောကြောင့် အမှုသစ်ဖွင့် မရဟုပြောကြားသဖြင့် ...