ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် မှ
ဦးစီး၍ မြိတ်မြို့နယ် လုံးကျွတ် သာသနာ့ နွယ်ဝင် သီလရှင် များအား ဆွမ်းဆန်စိမ်း
လောင်းလှူပွဲ ကို ဇွန်လ (၂၉) ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် မြိတ်မြို့ ရွှေဘေး
ကျေးရွာရှိ တိုင်းရန်အောင်ခန်းမတွင်
ပြုလုပ်ရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေးနှင့်
ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ ဦးစီးအရာရှိများနှင့် ဇနီးများ၊ တပ်ရင်း တပ်ဖွဲ့များ၊
မြိတ်ခရိုင် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်
ပြည်သူများ ၊ စေတနာရှင် အလှူရှင်များ စုစုပေါင်း (၄၅၀) ဦးခန့် တက်ရောက်ကြသည်။
...