Friday, February 1, 2013

တက္ကစီဆိုင်ကယ်အား ငှားရမ်းပြီး ခိုးယူထွက်ပြေးမှု ဖြစ်ပွား

မြိတ်မျြိ့ ကလွင်ရပ်ကွက်တွင် နေထိုင်သော မောင်ထက်ဝေစိုး (ခ) သားကြီးသည် ၂၇.၁.၀၁၃ (တနင်္ဂနွေ)နေ့တွင် ဆိုင်ကယ်တစ်စီး ပျောက်ဆုံးခဲ့သည်။ ဖြစ်စဉ်မှာ - ဗိုလ်ကြီးအောင်ပိုင် အမည်ခံထားသော ၀င်းမင်း(ခ) မျိုးထွေးသည် မောင်ထက်ဝေစိုး (ခ) သားကြီး၏ ဆိုင်ကယ် ( RLHHC 120 BY 059590, ၂၃ယ/98273  ကြည်ပြာရောင်,wave အတန်းသေး) အား ငှားစီးပြီး လိမ်ပြေးသွားခဲ့သည်မှာ ယခုဆိုလျှင် ၅ရက် တိုင်တိုင် ရှိပြီဖြစ်ကြောင်း သိရသည်။

 အဆိုပါ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုလောရဲစခန်းတွင် အမှုတိုင်ကြားရာ ပုလော ရဲစခန်းက အမှုဟောင်း ရှိနေပြီ ဖြစ်သောကြောင့် အမှုသစ်ဖွင့် မရဟုပြောကြားသဖြင့်  မြိတ်ရဲစခန်းတွင် တိုင်ကြားရာ မြိတ်ရဲစခန်းက ပုလော နယ်မြေတွင် ဖြစ်ပွားသည့် ဖြစ်ရပ်ဖြစ်သောကြောင့် လုပ်ပိုင်ခွင့်မရှိဟု ပြောကြားကြောင်း သိရှိရသည်။

ဆိုင်ကယ်ပျောက်ဆုံးသူ မောင်ထက်ဝေစိုး (ခ) သားကြီးသည် က ပြောရာတွင် '' ကျွန်တော်က ဆိုင်ကယ် owner ငှားပြီး taxi ဆွဲနေတာပါ။ ယခုဆိုလျှင် ဆိုင်ကယ်owner ပိုင်ရှင်ကလည်း ဆိုင်ကယ်ကို လျော်တောင်းနေပြီ အမှုကလည်း ဘယ်မှာမှ တိုင်ကြားလို့  မရဘူးဖြစ်နေတယ်။  ဒီအမှု ကို ဖြေရှင်းပေးနိုင်မည့် သူ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မရှိဘူးလို့  ထင်တယ်ခင်ဗျ။ ကျွန်တော်တို့  ဘယ်သူ့ကို  တိုင်ရမှာလဲဗျ။ အကြံညဏ် လေးရှိရင် ပေးကြပါဗျ ။ ကျွန်တော်တို့က ဘယ်ရုံးကိုသွားပြီး ဘယ်လို ပြောရမှာလဲဗျ။ ဟု ရင်ဖွင့် ပြောဆိုသည်။

မြိတ်မြို့တွင် ယခုကဲ့သို့ တက္ကစီ ဆိုင်ကယ် မောင်းသူများထံမှ ဆိုင်ကယ်များ ငှားရမ်းပြီး လိမ်လည် ထွက်ပြေးမှုများ မကြာခဏ ပေါ်ပေါက်လျက် ရှိပြီး တရားခံမှာ တစ်ဘက်နိုင်ငံ ယိုးဒယားသို့ စသည်တို့တွင် ထွက်ပြေး ရှောင်တိမ်းနေသဖြင့် အငှားဆိုင်ကယ် သမားများမှာ မိမိ ဆိုင်ကယ် အုံနာသို့ နေအိမ်များ ပေါင်နှံ ရောင်းချပြီး အလျော်ပေးရသည့် အထိ အခက်အခဲများ ကြုံတွေ့လျက် ရှိသည်။

0 comments: