Tuesday, February 26, 2013

မြိတ်မြို့သို့ ခိုးဝင်လာသည့် ဘင်္ဂါလီများအား စစ်ရေယာဉ်မှ ကျွန်းစု ရေပြင်တွင် ထပ်မံ ဖမ်းဆီးရမိ

မြိတ်မြို့သို့ ခိုးဝင်လာသည့် ဘင်္ဂါလီများအနက် ၄၁ ဦးအား မြိတ်မြို့တွင် ဖမ်းဆီးရမိပြီးနောက် စက်လှေဖြင့် ထွက်ပြေးသွားသည့် ဘင်္ဂါလီ (၂၁) ဦးအား ဖေဖော်ဝါရီလ (၂၆) ရက်နေ့ နေ့လည် (၁)နာရီခွဲအချိန်တွင် ကမ်းခြေစောင့် စစ်ရေယာဉ် (၁၁၄)မှ ကျွန်းစုမြို့နယ် ပန်းဇင်ကျေးရွာနှင့် ဖိနပ်ကျွန်းကျေးရွာ ကြားရှိရေပြင်တွင် ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

၎င်းဘင်္ဂါလီများ စီးနင်းလိုက်ပါလာသည့် စက်လှေမှာ အလျား (၄၅)ပေ၊ ၀မ်းဗိုက်(၉)ပေ၊ ဦးရာဇတိုင်၊ ပဲ့ပိတ် လှေဖြစ်ပြီး စက်လှေတွင် တရုတ် ဂီယာ(၁)လုံး၊ စက်မပါ၊ ၀င်ရိုး၊ ပန်ကာရှိနှင့်မြင်းကောင်ရေ (၁၀)ကောင်အား ချိန်းဝင်ရိုးတပ်ဆင်ထားသည့် အင်ဂျင်တစ်လုံး၊ ဒီဇယ်ဆီ ဂါလံ (၃၀) သိမ်းဆည်းမိကြောင်း သိရှိရသည်။

ကျွန်းစုရေပြင်တွင် ဖမ်းဆီးမိသည့် ဘင်္ဂါလီများမှာ (၂၁)ဦး ဖြစ်ပြီး ကျား(၁၁)ဦး၊ မ (၇)ဦး၊ ကလေး (၃) ဦး၊ ကလေး (၃)ဦးတွင် ကျား(၁)ဦး၊ မ (၂) ဦး ဖြစ်ကြောင်း သိရှိရပါသည်။

ယခင်သတင်း ဖတ်ရန် http://myeiknews.blogspot.com/2013/02/blog-post_26.html

0 comments: