Sunday, February 17, 2013

ပြည့်ဖြိုးထွန်း ကုမ္ပဏီ အခြောက်ဆိုက် အလုပ်သမားများ အလုပ်သမား ရပိုင်ခွင့် တောင်းဆို

ပထက်ကျွန်း ပြည့်ဖြိုးထွန်း ကုမ္ပဏီ ငါး/ ပုဇွန် အအေးခန်း စက်ရုံတွင် အလုပ်လုပ်နေသော အအေးခန်း အလုပ်သမား ထက် အခြောက် ဆိုက် တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား အများအပြားသည် လုပ်ခ နည်းပါးခြင်း၊ အလုပ်ချိန် များပြားခြင်း များကြောင့် မကျေနပ်မှုများ ဖြစ်ပေါ်နေသဖြင့် တာဝန်ရှိသူများထံ တင်ပြ တောင်းဆိုမှုများ ရှိနေကြောင်း သိရှိရသည်။ ထိုသို့ တင်ပြတောင်းဆိုမှုများအပေါ် တာဝန်ရှိသူများက (၁၄-၂-၂၀၁၃) ရက်နေ့တွင် ခေါင်းဆောင် တချို့နဲ့ ဆွေးနွေးခဲ့သည်ဟု သတင်း 


ရရှိပါသည်။ ထိုသို့ ဆွေးနွေးမှုကြောင့် ၄င်းဆွေးနွေးပွဲမှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုတင်အောင်ကြည်သည် အလုပ်မှ ထွက်ရသည်ဟု  သူ၏ တပည့် အလုပ်သမားများက ပြောဆိုခဲ့သည်။

0 comments: