Tuesday, February 19, 2013

မိုးသက်လေပြင်းတိုက်၍ အိမ်နှစ်လုံးပျက်စီး လူနှစ်ဥိးဒဏ်ရာရ



သန္ဒုတ်ကျေးရွာအုပ်စု၊ တောနောက်လယ်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကျည်းပင်ကုန်း ရပ်ကွက်ရှိ ဦးလှခင် (၇၉)နှစ်နှင့် ဒေါ်သန်းရီ (၇၄)နှစ်တို့ နေထိုင်သော ဓနိမိုးဓနိကာအိမ်တစ်လုံးနှင့် ဦးထွန်းအေး +ဒေါ်ပွင့်ဖြူဝေတို့ မိသားစု ၄ ဦးနေထိုင်သော ဓနိမိုးဓနိကာအိမ်တစ်လုံး စုစုပေါင်း အိမ်နှစ်လုံးတို့သည် ပြိုသွားခဲ့ရာ ဦးလှခင်မှာ ၀ဲဘက်ပေါင်ကျိုးသွားခြင်းနှင့် ဒေါ်သန်းရီမှာ အတွင်းဒဏ်ရာများ ရရှိသွားသဖြင့် ကျေးရွာကျန်းမာရေးလုပ်သား၏ ကုသမှုကို ခံယူနေရပြီး ဦးထွန်းအေး+ဒေါ်ပွင့်ဖြူဝေတို့ မိသားစုမှာ ပြင်းထန်ဒဏ်ရာမရရှိကြောင်း သိရရှိပါသည်။ 


အဆိုပါ နေအိမ်ပြိုကျမှု များအား ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ ပျက်စီးမှုတန်ဖိုး ၅ သိန်းနှင့် ၃ သိန်း သတ်မှတ် ခဲ့ကြောင်းနှင့် နေအိမ် မရှိတော့သော အဆိုပါ မိသားစုများအတွက် ကျေးရွာရှိ အုပ်ချုပ်ရေးမှူးမှ ပြည်ခိုင်ဖြိုးပါတီနှင့် အင်အယ်လ်ဒီ ပါတီတို့ ပါဝင်ဖွဲ့စည်းထားသော ကော်မတီအား ရပ်ရွာ အတွင်း အလှူခံထွက်၍ ပြန်လည်လှူဒါန်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments: