Tuesday, February 19, 2013

ကျေးရွာ ရာအိမ်မှူး နေအိမ် ဖဲဝိုင်းမှ ရန်ပွဲဖြစ်ပွား


၁၄-၂-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန်ခန့်တွင် ကျွန်းစုမြို့နယ်၊ မဲတော ကျေးရွာအုပ်စု၊ စန္ဒားငယ် ကျေးရွာ ရာအိမ်မှူး (ယခုလက်ရှိ) ဦးမြင့်သန်းစိန်၏ အိမ်ရှေ့ရှိ ဈေးဆိုင်ငယ်တွင် ဖဲဝိုင်းကျင်းပ ပြုလုပ်ရာမှ ရွာသူ/ရွာသားများအချင်းချင်း ခိုက်ရန် ဖြစ်ပွါးခဲ့ကြောင်း သိရှိရပါသည်။ 


အဆိုပါ ဖဲဝိုင်းအား ဦးမြင့်သန်းစိန်၏ ဇနီးဖြစ်သူ ဒေါ်စန်းကြူမှ ဦးဆောင်ပြီး ညစဉ် ညတိုင်း အကောက် အခများ ရယူလျက် ပြုလုပ်နေလျှက် ရှိကြောင်း၊ ရွာသူ/ရွာသားများမှာ ကျေးရွာတွင် တာဝန်အရှိဆုံး လူကြီး ကိုယ်တိုင် ပြုလုပ်နေသဖြင့် မသိလိုက် မသိဖာသာ နေခဲ့ကြသော်လည်း ယခုကဲ့သို့ ပြဿနာ များဖြစ်လာသဖြင့် ဖဲဝိုင်းအား ဆက်လက် မပြုလုပ်ကြရန် သွားရောက်ပြောဆို ခဲ့သော်လည်း “နင်တို့ကြိုက်တဲ့နေရာမှာ သွားတိုင်နိုင်တယ်” ဟုပင် ပြန်လည် ငမ်းငေါက်ခဲ့ပြီး ဖဲဝိုင်းကိုလည်း စည်ကား သိုက်မြိုက်စွာပင် ဆက်လက် ပြုလုပ်နေခဲ့ကြကြောင်း သတင်းရရှိသည်။

0 comments: