Saturday, February 16, 2013

မောင်းလှော်ကျေးရွာ အုပ်ချုပ်ရေးမှူး အတွက် အိတ်ဖွင့်ပေးစာ


ဒီမိုကရေစီ နှင့် တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့နယ် မောင်းလှော် ကျေးရွာအုပ်စု စတင်ပါပြီ ဒီနေ့ (၁၂.၂.၂၀၁၃) ခုနှစ်မှာ မောင်းလှော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးပြီပေါ့လေ….. မောင်းလှော်ကျေးရွာအုပ်စုရဲ့ အနာဂတ် အခြေနေ ဘယ်လိုလဲ စောင့်ကြည့်ကျတာပေါ့ ယခု အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ တက်လာတဲ့ ရတောင် အတွင်းရွာ ရာအိမ်မှူး ဦးသားငယ်ပု (အမဲလိုက်သမား)/ စာပေက တစ်လုံးမှမတတ် တိုမီး သေနတ်ကိုကိုင်ပြီး ခွေးနှစ်ကောင်နဲ့ အမဲလိုက်ပြီး အသက်မွေး လာတဲ့သူက အုပ်ချုပ်မှာပေါ့လေ ကဲရတောင်ရွာမှာ တိုးတက်ပြီး ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လူမှုရေးကို


(စာပေတစ်လုံးမှ မတတ်တဲ့သူ) အမဲလိုက်စားပြီး၊ကြက်တိုက်၊ ဖဲရိုက်ပြီး အချိန်ကုန်ခဲ့တဲ့ ဦးသားငယ်ပုဟာ  ဒေသ တိုးတက်ရေးကို ဘာတစ်ခုမှ မလုပ်လာတဲ့ ခေတ်မကောင်း စဉ်က သူပုန် နောက်လိုက် လုပ်ပြီး တရားမဝင် လက်နက် ကိုင်ဆောင်သူက ရတောင်ရွာကို တိုးတက်အောင် ဘယ်လိုလုပ်မှာလဲ ရတောင် အတွင်းရွာသားများ  စဉ်းစားကြပေါ့   မတိုးတက် ဘဝမလှခဲ့ရင်လဲ ဒီမိုကရေစီပဲ့ မှတ်ပေါ့လေ …..

အုပ်စုကို ကိုင်တွယ်ပြီး အုပ်ချုပ်မည့် မောင်းလှော် (အပေါ်) သား ဦးသောင်းအေး ကရော …. မောင်းလှော်အုပ်စုကြီးမှာ တိုးတက်ပြီး ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လူမှုရေး များမှာ ဦးသောင်းအေး ဦးဆောင်ပြီး လုပ်ခဲ့တဲ့ နေရာ လက်ညိုးတိုး ပြစရာမရှိ စိတ်လည်း မဝင်စား ဒေသဖွံ့ဖြိုးရေးကို လည်းမလုပ်ခဲ့သူ ……….. သူစိတ်ဝင်စားတာက အရက်မူးမယ်၊ ရမ်းမယ်၊ သူများ မယားကို ကြာကူလီ လုပ်တဲ့ အလုပ်လေ ဒီလို စည်းကမ်းမဲ့ အတွေးခေါ် မရှိသူက မောင်းလှော်အုပ်စု တိုးတက်အောင် ဘယ်လိုလုပ် မှာလဲ….. ကဲ မောင်းလှော် အုပ်စုသားများ စဉ်းစားကြပေါ့  မတိုးတက် ဘဝ မလှခဲ့ရင်လဲ ဒီမိုကရေစီပဲ့ မှတ်ပေါ့လေ ……
မောင်းလှော် အောက် ရာအိမ်မှူး ဦးမောင်မျိုးကို ကြည့်ကြ ဦးမလား အရည်ချင်း ကတော့ အပြည့်ပဲ့ (လှေထေး စားသောက်နေ) သူလေ ဒေသ ဖွံ့ဖြိုးရေးကို ဘယ်တုန်း ကမှ လုပ်ခဲ့သူမဟုတ် လုပ်နိုင်စွမ်းလည်းမရှိ စာပေလည်းမတတ် လူရှေ့မှာ စကားပြောတတ် သူလည်း မဟုတ် ရုပ်သေး ရာအိမ်မှူးကို ဘယ်သူဖန်တီးခဲ့သလဲ  မောင်းလှော်အောက် ရွာသားများ စဉ်းစားကြပေါ့ မတိုးတက် ဘဝမလှခဲ့ရင်လဲ ဒီမိုကရေစီပဲ့ မှတ်ပေါ့လေ ……
ဦးကိုလေးက (စစ်ထွက်လား စစ်ပြေးလား) မသိဘူးဗျာ ကျောင်းသား တောခိုစဉ်က ဘိုးတော် ကိုလေး၊ တည်ငြိမ်မှု ရှိလာချိန်မှာ သတ္တုမြေ ကျူးကျော် ကိုလေး၊ ရတောင်အတွင်း အရပ် ငွေလိမ်သူ ကိုလေး ယခုတော့ နွားခိုး ကိုလေး ပေါ့ဗျာ့…..
နိုင်ငံရေးသမား ပီသတယ်ဗျာ ရခိုင်မှာတုန်း ကလည်း ရခိုင် မယားနှင့် သားနှင့် ရတောင်အတွင်း ရောက်တော့လည်း ရတောင်မှာ မယားနှင့် သားနှင့် …… သားကလည်း ကစပ် ခဲမိုင်းက ခဲခိုးလို့ ထွက်ပြေးနေရတယ် မောတောင်မှာ ရှောင်ခိုင်းထားတာ မပြောချင်တာနဲ့ ဦးကိုလေးက ဟုတ်လှပြီထင်နေတယ် …………..
ရတောင်နှင့် မောင်းလှော် (ပေါ်) မှာပြောတော့ ခေတ် အဆက်ဆက် မောင်းလှော် (အောက်) က အုပ်ချုပ်တာခံ လာရတယ်တဲ့ ယခု ခင်ဗျားတို့ အလှည့်ဆိုပြီး မြောက်ပေး မောင်းလှော် (အောက်) ရွာမှာ ကျတော့ ပါတီ စည်းလုံး ညီညွတ်မှု မပျက်အောင် ဆိုပြီးပြောကာ မဲကို လှည့်ပြီး ထည့်ခိုင်းခဲ့တယ် ဒါကို မောင်းလှော်(အောက်) ရွာသားတွေ (အ) တော့ခံလိုက်ရဒါပေါ့။ မောင်းလှော်အုပ်စုသား များခင်ဗျား……… ခင်ဗျားတို့ရဲ့ ကံကြမ္မာ က နွားခိုး ကိုလေး၊ ကြာကူလီ သောင်းအေး၊ အမဲလိုက် ဓါးပြတိုက် သူပုန်နောက်လိုက် သားငယ်ပု၊ လှေးထေးသမား မောင်မျိုး တို့ရဲ့ အပေါ်မှာ မူတည် နေပါကြောင်းနှင့် မတိုးတက် ဘဝ မလှခဲ့ရင်လဲ ဒီမိုကရေစီပဲ မှတ်ပေါ့လေ ……..

ခင်ဗျားဒီမိုကရေစီက အကျင့်ပျက် အရည်ချင်း မရှိတဲ့သူကို ရွေးတာ ဒီမိုကရေစီလို့ ခေါ်သလား ကျနော်လည်း မသိတော့ဘူးဗျ တစ်ခု မေတ္တာရပ်ခံချင်တာ ကတော့ အ.လ.က ကျောင်းအုပ်ကြီး ဦးအောင်မင်းစိန် နှင့် အ.လ.ပြ ဒေါ်အေးအေးမာတို့ NLD ပါတီ အလုပ်လုပ်မယ် ဆိုရင်လည်း NLD ပါတီ အလုပ်လုပ်မည် နေရာကို ပြောင်းပေးစေလို ပါတယ်ဗျ ကလေးတွေ တွက် အာရုံ မရမှတော့ NLD ပါတီ အလုပ်လုပ်နေမှတော့ NLD ပါတီ အလုပ်လုပ်မည့် နေရာကို ပြောင်းပေး လိုက်ပါတော့လို့ တိုင်းပညာရေးမှူးအား မေတ္တာရပ်ခံလို ပါတယ်ဗျ…..ဒီပို့စ်ကို အလုပ်အားနေလို့ ရေးလိုက်တာတော့ မဟုတ်ဘူးဗျ အခု အုပ်ချုပ်မည့် သူတွေထက် အရည်ချင်း ရှိတဲ့သူ မောင်းလှော်ကျေးရွာအုပ်စုမှာ မရှိတော့ ဘူးလားဗျ နောက်ရေးရင် မအေးရတော့ ယခုလက်ရှိ အချိန်မှီ ပြင်ဆင်နိုင်ရေး ထောက်ပြ ရေးသားခြင်းဖြစ်ပါသည် …… လက်ကျန်အရှုပ်တော်ပုံများကို နောက်အလုပ် အားချိန်မှ ဆက်လက်ဖော်ပြပေးပါမည် ။ (မောင်းလှော်သား ) …….

( မြိတ်ပုလဲမြေသို့ ပေးပို့လာသည်ကို ထပ်ဆင့် ဖော်ပြအပ်ပါသည်။ )

7 comments:

lusoe said...

ဒီစာကိုဖတ်လိုက်ရတာအပြောခံရတဲ့လူကြီးမင်းတွေအတွက်စိတ်မကောင်းပါဘူးဗျာ။လူသတင်းဆိုတာလူချင်းဆောင်တာပါပဲ။ခုရေးထားတဲ့သတင်းမှန်မမှန်ဆိုတာရွာသူရွာသားအားလုံးသိကြမှာပါ။အထူးတလည်အပုပ်ချနေဖို့မလိုအပ်ဘူးလို

့ထင်တာပါပဲ။ဘာလို့လဲဆိုတော့ရွာကလူတွေလည်းထမင်းစားပြီးအသိညာဏ်ရှိတဲ့လူတွေဖြစ်လို့ပါ။ဒီနေရာကိုမရလိုက်လို့မနာလိုဖြစ်နေမယ့်အစားရပ်ရွာကောင်းရေအာင်တစ်ဖက်တစ်လှမ်းကအကျိုးပြုလုပ်ဆောင်ပေးမယ်ဆိုရင်စိတ်ထားကောင်းမြတ်သူဖြစ်လာမှာပါ။မိုးပေါ်ကရွှေလမင်းကိုအဓိပ္ပါယ်မဲ့ဟောင်နေမယ့်အစားသူခိုးရန်အတွက်ကင်းစောင့်ဟောင်မယ်ဆိုရင်ဟောင်ချင်းတူတာတောင်အကျိုးရှိပုံချင်းမတူတာသိစေချင်ပါတယ်ဗျာ။

မုန်းနိုင်ဦး said...

ဒီပို့ရေးတဲ့သူကလည်း ရေးနေသေးတယ်... ခင်ဗျားအခုတော့ဘာများအကောင်းပြောခံရလဲ ဘာတဲ့lusoe တဲ့ လမင်းခွေးဟောင်ဆိုပဲ့... ဒီလူတွေကငါတို့ရွာမှာအဲလိုပဲ့နေတာကွ... မင်းကအဲဒါကိုလမင်းလို့သတ်မှတ်ရင်တော့.. မင်းအဆင့်ကဘာမှမရှိဘူးဆိုတာအသိသာကြီးပါကွာ..........

Unknown said...

မုန်းနိုင်ဦးလေး မင်းကမရွေးခံရလို့ခံပြင်းနေသလားကွယ် သြော် သနားပါတယ်။

Unknown said...

ဒါတောင်အရေးမပါတဲ့အုပ်ချုပ်ရေးမှူးအဆင့်သာလို့ လွတ်တော်အဆင့်များဆိုမုန်းနိုင်ဦးတို့ဘယ်လောက်များကလိမ်ကကျစ်ကျလိမ့်မလဲလို့။ကျွှန်တော်လည်းမုန်းနိုင်ဦးကိုထပ်ဆင့်သနားလိုက်ပါတယ်ဗျာ။လူတွေ လူတွေ။

Unknown said...

မုန်းနိုင်ဦးလေး မင်းကမရွေးခံရလို့ခံပြင်းနေသလားကွယ် သြော် သနားပါတယ်။

တနသ်ာရီသတင်း said...
This comment has been removed by the author.
မုန်းနိုင်ဦး said...

Kiss Man နပန်ကျဉ်းလိုက်ရ မင်းကဘယ်ရွာကမို့လဲ ငါ့ရွာအကြောင်းငါသိတာပေါ့ ရတောင်အတွင်းရွာဆယ်အိမ်မှူးတစ်ယောက် တော့လက်ရေးလှလှလေးလိုလို့ဆိုပြီး ကိုယ့်လက်မှတ်တောင်ကိုယ်မထိုးပဲနဲ့ တစ်ခြားတစ်ယောက်ထိုးခိုင်းရတယ်ဆိုပဲ့....ခ်ခ်