Saturday, February 23, 2013

အမှိုက်မီးရှို့ရာမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်း

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် (၁၁း၃၀)အချိန်တွင် မြိတ်မြို့ မြိတ်တောင်ကျေးရွာ အုပ်စု ကုန်းဖောက် ရပ်ကွက် ထူးထူးတိုး ဥစားကြက် မွေးမြူရေး ခြံ အရှေ့ ရှိ ဦးရဲလွင် + ဒေါ်မာမာသန်း နေအိမ် တွင် အမှိုက်မီးရှို့ရာမှ ခြေတံရှည် ပျဉ်ခင်း ယိုင်ကာ သွပ်မိုး နေအိမ်(၁)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဒေါ်မာမာသန်း ၊ အသက် (၄၂)နှစ်၊ သည် ၄င်းနေအိမ် အောက်ထပ် တွင် အမှိုက်များ မီးရှို့ရာမှ နေအိမ်သို့ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးလောင်ကျွမ်းရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ မီးသတ်ယာဉ်များ၊ ကိုယ့်အားကိုယ်ကိုး မီးသတ်ယာဉ်များ၊ ပြည်သူလူထုများ ငြိမ်းသတ်မှုကြောင့် (၁၁း၄၀) အချိန်ခန့်တွင်မီးငြိမ်းသွားခဲ့သည်။

အဆိုပါ နေအိမ်သည် အဆောင်ကောင်း ကုမ္ပဏီပိုင် ရေစက်ခုတ်မောင်းရန် စက်ခန်းနှင့် တွဲပြီး ဆောက်လုပ်ထားသော နေအိမ်တစ်လုံး ဖြစ်ပြီး ဆုံးရှုံးမှု တန်ဖိုး တွက်ချက်လျက် ရှိကြောင်း နှင့် မီးလောင်ကျွမ်းမှုကြောင်း နေအိမ်ပိုင်ရှင် ဒေါ်မာမာသန်းအား ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။



0 comments: