Friday, February 1, 2013

မလုပ် .မရှုပ်. မပြုတ် (သို့မဟုတ်) အလုပ် မလုပ်သော မြိတ် စာရေးဆရာအသင်း

ဥက္ကဋ္ဌ ကြံတောဖိုးခွေး ဦးဆောင်သော အမှုဆောင် အဖွဲ့ဝင် ငါးဦးဖြင့် မြိတ်စာရေးဆရာ အသင်းကို (၂၉.၄.၂၀၁၂) တွင်ဖွဲ့စည်းခဲ့ ပါသည်။ သို့သော်လည်း ယနေ့ (၁.၂.၂၀၁၃) ထိတောင်အောင် အစဉ်အလာကြီးမားသော နှစ်စဉ်ထွက်နေကျ နှစ်ပတ်လည် မြိတ်မဂ္ဂဇင်း မထွက်နိုင်ခြင်း၊ အခါကြီး နေ့ကြီးရက် များတွင် ပြည်သူ့ အကျိုးပြု စာပေဟောပြောပွဲများ ကျင်းပရန် ပျက်ကွက်ခြင်း များ ရှိလာသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့မြင်ရပါသည်။

မြန်မာနိုင်ငံ စာရေးဆရာ အသင်း (ဗဟို)မှ အသိအမှတ်ပြုထုတ်ပေးသော စာရေးဆရာ အသင်းဝင်တံဆိပ်နှင့် ကတ်များကို ထုတ်ယူရန် မြိတ်စာရေးဆရာအသင်းသို့ အကြောင်း ကြားပြီးဖြစ်ကြောင်း သိရပါသည်။ သို့သော်လည်းယနေ့ထိ မြိတ်စာရေးဆရာ အသင်းဝင်များ အဆိုပါ တံဆိပ်နှင့် ကတ်ပြားများ မရရှိသေးပါ။
...
အထက်ပါ အကြောင်းအချက် များကြောင့်. မြိတ်စာရေးဆရာ အသင်း ဥက္ကဋ္ဌ သည် ဒီမိုကရေစီ ခေတ်နှင့် ဆန့်ကျင်စွာ ခေတ် နောက်ပြန်ဆွဲ မလှုပ်. မရှုပ်. မပြုတ် မ.ဆ.လ ခေတ် ကျင့်စဉ် ကို ကျင့်သုံးနေပြီဟု  တွေးထင်မိ ပါသည်။

မြိတ်စာရေးဆရာ အသင်း၏ မြို့နယ် အတွင်း စာပေ အသိပညာ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ တွင် တက်တက်ကြွကြွ ဆောင်ရွက်မှုများကို ပြန်လည်တွေ့မြင် စေလိုခြင်း အာသီသ နှင့် ဒီစာကို ရေးသားခြင်းဖြစ် ပါသည်။

အကယ်၍သာ.. ပွဲတက်ခြင်း. ပွဲလိုက်ခြင်း ကိစ္စများနှင့် သာ အလုပ်ရှုပ်နေပြီး မြို့နယ်အတွက် အစဉ်အလာအကျိုးပြု လုပ်ငန်းများ (ဥ့ပမာ မြို့နယ် မဂ္ဂဇင်း ထုတ်ဝေခြင်း)ကို လစ်လျူရှု ဥပေက္ခာပြု နေမြဲ နေမည်ဆိုပါလျှင် .. ဥက္ကဋ္ဌ ရာထူးနှင့် မထိုက်တန်. အယုံအကြည် မရှိ အဆို တင်သွင်း.  ဖြုတ်ချခံလာနိုင်စရာ ရှိပါကြောင်း သတင်း ရရှိပါသည်။

myeik voice face book မှ ကူးယူ ဖော်ပြပါသည်။

0 comments: