Wednesday, February 27, 2013

မွန်နဲ့ တနင်္သာရီမှ အရာရှိကြီးများ ရခိုင်ကလေး တစ်ဦး အရေး သနား ဂရုဏာ ထား၍ ဖြေရှင်း ပေးစေလို

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ရွှေ့ပြောင်းလာပြီး တနင်္သာရီ တိုင်းဒေသကြီး လောင်းလုံးမြို့နယ် ပြင်ကြီးကျေးရွာ ရော်ဘာခြံ (ဦးရွှေရိုးခြံအနီး)တွင် ခြံစောင့် အလုပ်သမားများဖြစ်ကြသော ဦးနီထွန်းဦးနှင့်  ဒေါ်အေးသန်းနုတို့၏ တစ်ဦးတည်းသော သားဖြစ်သူ မွေးသက္ကရာဇ် ၁၃၅၈-ခုနှစ်ဖွား အသက် ၁၆နှစ်ရှိ မောင်နိုင်ဇော်သန်း(ခ) မောင်မောင်ဦးကို ခြံပိုင်ရှင်ဖြစ်သော မွန်ပြည် နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်း ဘိုနက်ကျေးရွာနေ ဦးကျော်မင်းထွန်း(အဖ-ဦးထွန်းရွှေ)သည် ၁၃၇၃-ခု၊ တန်ခူးလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့တွင် လိမ်လည်လှည့်ဖြား ခေါ်ဆောင်သွားကာ ထိုင်းနိုင်ငံတစ်နေရာတွင် ရောင်းစား ထားသည်ဟု သိရပါသည်။

မိဘနှစ်ပါးသည် သားဖြစ်သူနှင့် (၁၁)လကြာ အဆက်အသွယ် ပြတ်နေပါသဖြင့် သက်ဆိုင်ရာ
တာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံးဆောင်ရွက်ပေးနိုင်ပါရန် အသနားခံ တင်ပြအပ်ပါသည်။

မိဖနှစ်ပါး


နိရဉ္စရာ http://www.narinjara.com/burmese/?p=4541 မှ ကူးယူဖော်ပြပါသည်။


0 comments: