Wednesday, February 13, 2013

မြိတ်မြိုက တစ်ဖက်ကမ်းတွင် ဆီသယ်လှေ မီးလောင် (၄) ဦးဒဏ်ရာရရှိ

(၁၃-၂-၂၀၁၃) ရက်နေ့ နံနက် (၁)နာရီ (၁၅)မိနစ်အချိန်ခန့်တွင် မြိတ်မြို့ တစ်ဘက်ကမ်း ပထော်ပထက် ကျွန်းပေါ်ရှိ ဆင်မယဉ်သာ ဆိပ်ကမ်း အနီး  ဦးဝေလင်းပိုင် ဆီဗော ဘေးတွင် ဆိုက်ကပ်ထားသော ဦးဟုန်နု ပိုင် ဆီသယ်ရေယာဉ် မာလိန်စင်ပေါ်ရှိ လျှပ်စစ်မိန်းခုံ ၀ါယာရှော့ဖြစ်ရာမှ အနီးရှိ  ဆီ (၈) ဂါလန်ဝင် ပုံးအား မီးကူးစက်ကာ ပေါက်ကွဲလောင်ကျွမ်းသဖြင့် မာလိန်စင် အပေါ်ထပ်ရှိ တာလပတ်နှင့် အမိုးများ မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်ကျွမ်းမှုအား ဦးဝေလင်း ဆီဗောရှိ လုပ်သား အင်အား (၃၀) ခန့်မှ မီးသတ်ဆေးဘူး များဖြင့် ငြိမ်းသတ်နိုင်ခဲ့သဖြင့် (၁၀)မိနစ်အတွင်း မီးငြိမ်းသွားခဲ့သည်။ 

ထိုသို့ မီးလောင်ပေါက်ကွဲမှု ဖြစ်ပေါ်စဉ် အနီးရှိ သင်္ဘောလုပ်သား (၄) ဦးမှာ မီးလောင်ဒဏ်ရာများ ရရှိပြီး မြိတ်အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားစဉ် ပေ(၅၀) အမြင့်ရှိ မှိုပွင့်သဏ္ဍန် မီးလုံးကြီး ပေါ်ထွက်ခဲ့ကြောင်း မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။

0 comments: