Monday, February 18, 2013

(၁၀) ရက်နေ့ ထုတ် ကြေးမုံ သတင်းစာပါ ကမ်းရိုးတန်း အထူးအမြန်ရေယာဉ် ဆောင်းပါးနှင့် ပတ်သက်၍ စာရေးသူက ပြန်လည် တောင်းပန်ခဲ့

ဖေဖော်ဝါရီ ၁၀ ရက်နေ့ ကြေးမုံ သတင်းစာပါ စာရေးသူ ‘ဒီစိုး’ ၏ ‘ကမ်းရိုးတန်းအထူး အမြန်ရေယာဉ်များ အလေးထား စဉ်စားဖွယ်ရာ’ ဆောင်းပါးနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၆ တွင် စာရေးသူ ဒီစိုး၏ တောင်းပန်စာ ပါရှိလာခဲ့သည်။


ထိုတောင်းပန်စာတွင် “““ ကမ်းရိုးတန်းသွား အမြန်ရေယာဉ်များ အလေးထား ဖွယ်ရာ သတင်းဆောင်းပါး သည် ရေကြောင်း ခရီးသွား လုပ်သား ပြည်သူများ အကျိုးကို မျှော်ကိုး၍ တိုင်းပြုပြည်ပြုအကျိုးဆောင် ဆောင်းပါး တစ်ပုဒ် အဖြစ် ရိုးသားစွာ ရေးသား ခဲ့ခြင်း ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်ကိုမျှ လူမှုရေး၊ စီးပွားရေးနှင့် ဂုဏ်သိက္ခာ ထိခိုက် နစ်နာအောင် မည်သို့မျှ မရည်ရွယ်ပဲ အမြန်ရေယာဉ်များ စံချိန် စံညွှန်းပြည့်ပြီး ခရီးသွား မိဘ ပြည်သူများ ၀န်ဆောင်မှု အပြည့်အ၀ ဖြင့် စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် ရည်ရွယ်ခဲ့ခြင်းသာ ဖြစ်ပါသည်။ အကယ်၍ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းရှင်အား ထိခိုက် နစ်နာသည် ဆိုပါက များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်းနှင့် ထိုရေးသားခဲ့မှုနှင့် ပတ်သက်၍ သက်ဆိုင်သူအား အနူးအညွတ် တောင်းပန်ပါကြောင်း (စာရေးသူ - ဒီစိုး)'' '' ဟု ရေးသား ဖော်ပြထားသည်။

အဆိုပါ ဆောင်းပါးတွင် အမြန်ရေယာဉ် များသည် မလေးရှားနိုင်ငံထုတ် တပတ်ရစ် ရေယာဉ်များ ၀ယ်ယူ ပြေးဆွဲနေခြင်း ဖြစ်ပြီး နှစ်ပေါင်း နှစ်ဆယ်ခန့် ကြာမြင့်သည် ဖြစ်သည့်အတွက် ကြံ့ခိုင်မှု မကောင်းသဖြင့် ခရီးသည်များ အတွက် စိုးရိမ်ရကြောင်း၊ ထိုအမြန် ရေယာဉ်များသည် မုတ္တမ ပင်လယ်ပြင်တွင် လှိုင်းလေ ဒဏ်ကြောင့် ခါးကျိုး နစ်မြှုပ် နိုင်ကြောင်း  ဖော်ပြခဲ့ပြီး ရက်ပိုင်း အတွင်း လုပ်ငန်းရှင် ဦးကျောက်စီမ်းက ပြန်လည် ဖြေရှင်း တောင်းပန်ရန် ကြေးမုံ သတင်းစာမှ တဆင့် ကြေညာခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကြေညာခဲ့ပြီးနောက်  ဒီဇင်ဘာ ၁၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ စာမျက်နှာ ၁၆ တွင် စာရေးသူ ဒီစိုး၏ တောင်းပန်စာ ပါရှိလာ ခဲ့သည်။

ပြန်လည် တောင်းပန်ချက်ကို လက်မခံနိုင်ကြောင်း ရေးသားထားသည့် ဆောင်းပါးပါ အချက်များကို တစ်ချက်ချင်းပြန်လည် ဖြေရှင်းပေးစေလိုပြီး သတင်းစာတွင် ပြန်လည် ဖော်ပြပေးစေ လိုကြောင်း Fortune အမြန်ရေယာဉ် လုပ်ငန်းရှင် ဦးကျောက်စိမ်းက ပြောကြား ခဲ့ကြောင်း သိရှိသည်။




0 comments: