Saturday, February 16, 2013

လူငယ်ဖွံ့ဖြိုးရေး ဆင့်ပွား သင်တန်း ဆင်းပွဲ မြိတ်မြို့နယ် NLD ရုံးတွင် ပြုလုပ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြိတ်မြို့နယ် လူငယ် ဖွံ့ဖြိုးရေး ဆင့်ပွား သင်တန်း အမှတ်စဉ်(၂)  ဆင်းပွဲ အခမ်းအနား အား (၁၆.၂.၂၀၁၃) ရက်နေ့ နံနက်(၉) နာရီတွင် မြိတ်မြို့နယ် အဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

၎င်းသင်တန်း ဆင်းပွဲတွင် သဘာပတိ ဦးဟန်ထွန်းမှ သင်တန်းသား များအား နှုတ်ဆက် စကားများ ပြောကြားပြီး၊ တိုင်းညီလာခံ ကျင်းပရေး ကော်မရှင် ဦးသန်းထွန်းမှ အမှာစကား ပြောကြားကာ သင်တန်းဆရာ အဖြစ် ကိုဥက္ကာမင်းမှ သင်တန်းသား များအား နှုတ်ဆက် စကားပြောကြား ခဲ့သည်။

ထိုနောက် သင်တန်းသူ/ သားများက စာတမ်းများအား ဖတ်ကြားခြင်း၊ သင်တန်းဆင်း လက်မှတ်များအား ပေးအပ်ပြီး  အခမ်းအနားအား သဘာပတိမှ နိဂုံးချုပ် စကား ပြောကြားကာ နံနက် (၁၁) နာရီခွဲတွင် အခမ်းအနား ပြီးဆုံးကြောင်း သတင်း ရရှိပါသည်။ 



0 comments: