မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Saturday, September 27, 2008

အိန္ဒိယနိုင်ငံသား မုန်တိုင်းမိ ရေမျောဒုက္ခသည်(၆)ဦးအား မြိတ်မြို့တွင် ကယ်ဆယ်စောင့်ရှောက်ထား

Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:""; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:"Times New Roman"; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} ...

Monday, August 11, 2008

ကျွန်းစုမြို့နယ် သဲချောင်းကျေးရွာ မီးလောင်မှုဖြစ်ပွား၊ အိမ်ခြေ ၁၅၀ ခန့် ဆုံးရှုံး

ကျွန်းစုမြို့နယ် သဲချောင်းကျေးရွာ မီးလောင်မှုဖြစ်ပွား၊ အိမ်ခြေ ၁၅၀ ခန့် ဆုံးရှုံးမြိတ်ခရိုင် ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာအုပ်စု သဲချောင်းကျေးရွာတွင် ၂၀၀၈ခုနှစ်၊ သြဂုတ်လ ၉ ရက် ည၁၂ နာရီခန့်တွင် ဦးသိန်းကျော်စိုး နေအိမ်မှ တဆင့် မီးလောင်မှု ဖြစ်ပွားရာ သဲချောင်းကျေးရွာ ရွာလမ် လမ်းမကြီး နံဘေးရှိ နေအိမ် ၁၅၀ ခန့် မီးလောင် ကျွမ်းခဲ့ပြီး နံနက် (၀၇၀၀)နာရီတွင် မီးငြိမ်းသွား ခဲ့သည်။မီးလောင် ကျွမ်းမှုကြောင့် အိမ်ထောင်စု (၁၆၅)စု ၊ လူဦးရေ (၁၀၅၀)ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး မီးဘေး ဒုက္ခသည် များအား သဲချောင်းကျေးရွာ အောင်မြေဘုန်းတော်ကြီး ကျောင်းတွင် ကယ်ဆယ်ရေး...

Sunday, June 22, 2008

အလက(၁)မြိတ် ရွှေရတုသဘင်နှင့် မြတ်ဆရာပူဇော်ပွဲ

Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:""; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:"Times New Roman"; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} ...

Monday, March 17, 2008

စီဒီအမ်အေ မိုဘိုင်လ်းဖုန်း ခြောက်သောင်းကျော် ချပေးတော့မည်

ကမ်းရိုးတန်းဒေသ ပြည်နယ်နှင့် တိုင်းများသို့စီဒီအမ်အေ မိုဘိုင်လ်းဖုန်း ခြောက်သောင်းကျော် ချပေးတော့မည် မြန်မာ့ပင်လယ်ပြင် ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိသော ပြည်နယ်နှင့် တိုင်းများတွင် စီဒီအမ်အေမိုဘိုင်းလ်းဖုန်းများ ပထမဆုံး အသုံးပြုခွင့်ရနိုင်ရန်အတွက် ဖုန်းအလုံးရေ ခြောက်သောင်းကျော် မကြာမီ စတင်ချပေးတော့မယ်ဟု သိရသည်။ အဆိုပါ ကမ်းရိုးတန်း ဒေသတစ်လျှောက်တွင် စီဒီအမ်အေဖုန်းများ ဆက်သွယ် ပြောဆိုနိုင်ရေး အတွက် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုအပ်သော တာဝန်တိုင်များကို ၂၀၀၇ခုနှစ်၊ နှစ်လယ်ပိုင်းမှ စတင်ကာ ကြိုးစား တည်ဆောက်ပေးခဲ့ရပြီး...

Monday, February 25, 2008

ပုလောမြို့တွင် ပေါ့ဆမီးလောင်ကျွမ်း

မြိတ်ခရိုင် ပုလောမြို့နယ်တွင် ပေါ့ဆမီးလောင်ကျွမ်း ၂၀၀၇ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နေ့လည် (၁)နာရီအချိန်တွင် တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် အမှတ်(၁)ရပ်ကွက် ရှုမ၀လမ်းနေ ဦးဝင်းကြွယ် - ဒေါ်ကြွေ တို့ နေအိမ်တွင် မီးဖိုချောင်တွင် ထမင်းဟင်းချက်ပြုတ်ရာမှ မီးကြွင်းမီးကျန်များကြောင့် မီးလောင်ကျွမ်းရာ ၀ိုင်းဝန်း ငြိမ်းသတ်မှုကြောင့် နေ့လည် (၂း၃၀)နာရီအချိန်တွင် မီးငြိမ်းသွားသည်။ မီးလောင်မှုကြောင့် ဓနိမိုးအိမ် (၈၇)လုံး၊ ပျဉ်ထောင်အိမ် (၆၈)လုံး၊ တိုက်အိမ် (၄၁)လုံး၊ စုစုပေါင်း (၁၈၆)လုံး နှင့် ၀ပ်ရှော့ တစ်ခု၊ ဘုရားကျောင်းဆောင်မဏ္ဍပ် ၂ ခု ဆုံးရှုံးသွားပြီး...

Sunday, January 27, 2008

ပင်လယ်ဂျပ်မြွေ

ပင်လယ်ဂျပ်မြွေ ပုံသဏ္ဍာန် ဒေသအခေါ် “ ဂျပ် “ ဟု အမည်တွင်သည့် သတ္တ၀ါမှာ စိမ်းပုပ်ရောင် ကိုယ်လုံးတွင် အမည်းစင်းများ ပါရှိသော ပင်လယ်မြွေ တစ်မျိုးဖြစ်သည်။ ထိုဂျပ်မြွေတွင် “ ဂျပ်လုံး “ နှင့် “ ဂျပ်ပြား ” ဟူ၍ နှစ်မျိုး နှစ်စား ရှိပြီး နှစ်မျိုးစလုံး၌ပင် လူကို အသက်အန္တရာယ် ဖြစ်စေတတ်သည့် အဆိပ်ရှိပေသည်။ “ ဂျပ်လုံး” မှာ အကောင်သေး၍ အကြီးဆုံး အရွယ်အစား လုံးပတ် လက်မခန့်၊ အရှည် တစ်တောင်ခန့် ရှိသည်။ “ ဂျပ်ပြား ” မှာ ဦးခေါင်းပိုင်း လက်ညှိုး လက်မ တစ်ကွင်းစာခန့်...

Saturday, January 26, 2008

ကင်းမွန်မှ ဒေါ်လာ

ကမ်းရိုးတန်းဒေသထွက် ကင်းမွန်မှဒေါ်လာမွေးဖွားပေးခြင်း တနင်္သာရီတိုင်းသည် ဒေသခံ ပြည်သူများမှ ပင်လယ်ပြင်မှ ရေသယံဇာတ ဖြစ်သော ငါး၊ ပုစွန်နှင့် အခြား ရေသတ္တ၀ါများကို အမှီပြု၍ စီးပွားရေး လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါသည်။ ထို့ပြင် နိုင်ငံတော်၏ ပြည်ပ ၀င်ငွေရရှိရေး အတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြု နေသော ဒေသတစ်ခု ဖြစ်သည်။ အထူးသဖြင့် ယခုကဲ့သို့ နွေဦးပေါက် ရာသီအတွင်း ကင်းမွန်များ ပေါပေါများများ ဖမ်းဆီးရရှိသော ကာလတွင် ရေတံငါသည်များ အနေဖြင့် ကင်းမွန်များကို အဓိက...

ပုလဲမွေးမြူရေးနှင့် ထုတ်လုပ်ရေး

တနင်္သာရီတိုင်းအတွင်းရှိ မြန်မာ့ပုလဲ မွေးမြူရေးနှင့် ထုတ်လုပ်ရေး လုပ်ငန်းများ တနင်္သာရီတိုင်းတွင် နိုင်ငံတကာဈေးကွက်သို့ မြန်မာ့ပုလဲများ ထိုးဖောက်နိုင်ရေး အတွက် အရည်အသွေး ပိုမိုကောင်းမွန်သော ပုလဲများ ထုတ်လုပ်လျက် ရှိပြီး လျာထားချက်ထက် ပိုမို မွေးမြူနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။ မြန်မာ့ပုလဲကို တနင်္သာရီတိုင်း မြိတ်မြို့တွင် မွေးမြူ ထုတ်လုပ်လျှက် ရှိရာ မလိကျွန်း ပုလဲမွေးမြူရေးနှင့် ထုတ်လုပ်ရေး စခန်းတွင် လည်းကောင်း၊ ဒုံးပုလဲအော်ရှိ...

Thursday, January 24, 2008

မြန်နှုန်းမြင့် ADSL လိုင်းများ တပ်ဆင်နိုင်ပြီ

ထားဝယ်နှင့် မြိတ်မြို့တွင် မြန်နှုန်းမြင့် ADSL လိုင်းများ တပ်ဆင်နိုင်ပြီမြန်မာနိုင်ငံ အောက်ပိုင်း အကျဆုံးဒေသများ ဖြစ်သည့် ထားဝယ်နှင့် မြိတ်မြို့တို့တွင် ယခုလ အကုန်မှ စတင်၍ အင်တာနက် မြန်နှုန်းမြင့် ( MPT ) ADSL များ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ မြန်မာ့ ဆက်သွယ်ရေး ( MPT ) မှ ချပေးသော အဆိုပါ ( MPT ) ADSL အား ယခုအခါ မြန်မာနိုင်ငံ မြို့ကြီး ၂၇ မြို့တွင် အသုံးပြုနေနိုင်ပြီ ဖြစ်သည်။ မြန်နှုန်းမြင့် ADSL များသုံးစွဲရန်အတွက် ADSL ငှားရမ်းခ အသုံးပြုရန် ဈေးနှုန်းမှာ ကျပ် ၂၃ သိန်း ၀န်းကျင်ရှိပြီး ယခု လက်ရှိ ရန်ကုန်တွင် ADSL အလုံးရေ ၈၀ ကျော်နှင့် မန္တလေးမြို့တို့တွင်...

ဆလုံတိုင်းရင်းသားများ

ကျွန်တော် တွေ့ကြုံခဲ့ရသော ဆလုံတိုင်းရင်းသားများကိုလင်းဦး (အာဆင်နယ်) ရေးသားပါသည်။ ကျွန်တော် မြိတ်မြို့သို့ ရောက်ရှိစဉ် အဘဦးသိန်းတင်နှင့် တွေ့ဆုံခဲ့ရပါသည်။ အဘဦးသိန်းတင်သည် (၁၉၆၄)ခုနှစ်၊ ရန်ကုန်မြို့တွင် ကျင်းပသော ပြည်ထောင်စုနေ့အခမ်းအနားသို့ ဆလုံတိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ရရှိခဲ့သူ ဖြစ်ပါသည်။ (၁၉၆၄) ခုနှစ်က မြိတ်နှင့် ကော့သောင်းဝန်းကျင် ကျွန်းစုများတွင် နေထိုင်လျက်ရှိသော ဆလုံလူဦးရေမှာ(၂၄၀၀)ဦးခန့် ရှိပါသည်။ “ပျူ၊ မွန်၊...

Wednesday, January 23, 2008

မြိတ်မြို့ တက္ကသိုလ်ဝင်တန်း စေတနာညကျောင်းအတွက် NGOများမှ ငွေနှင့် စာရေးကိရိယာများ လှူဒါန်းခြင်း

မြိတ်မြို့နယ်အတွင်းရှိ တက္ကသိုလ် ၀င်တန်း အထောက်အကူပြု စေတနာညကျောင်းများတွင် တက်ရောက် ပညာသင်ကြား နေသည့် ပြင်ပဖြေ ကျောင်းသား / ကျောင်းသူများအတွက် အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများမှ အလှူငွေနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခြင်းကို ၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်နေ့ ည (၇း၀၀)နာရီ၌ မြိတ်မြို့ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း တို့တွင် ပြုလုပ်သည်။ အဆိုပါ လှူဒါန်းခြင်းတွင် ပြည်ခိုင်ဖြိုးအသင်းမှ လျှပ်စစ်ဓာတ်အားခ အတွက် အသုံးပြုရန် တစ်ကျောင်းလျှင်...

Tuesday, January 22, 2008

ပုလဲရတနာ (၃)

မြန်မာ့ရေပြင်မှ ပုလဲများ(စာရေးသူ - ခင်အောင်သန်း၊ မြန်မာ့ပုလဲ၊ မြိတ်မြို့)ပုလဲရတနာ (၁)ပုလဲရတနာ (၂) မြန်မာ့ရေပြင်မှ ပုလဲများကို ၁၉၅၇ ခုနှစ်တွင် စတင်ဖော်ယူ နိုင်ခဲ့ပါသည်။ ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလတွင် (၇) ကြိမ်မြောက်အထိ ပုလဲ ဖော်ယူခဲ့ပြီး ထိုအကြိမ် အပါအ၀င် စုစုပေါင်း ပုလဲ ရောင်းရငွေမှာ ဂျပန်ယန်း သန်း (၁၉၀) ဖြစ်ပါသည်။ ထိုငွေ၏ တစ်ဝက်ကို မြန်မာတို့ ဘက်မှ ရရှိခဲ့ပါသည်။ ဂျပန်တို့သည် မြန်မာ့ရေပြင်မှ ပုလဲများကို (၃၅)ကြိမ် အထိ ဖော်ယူခဲ့ပါသည်။ ယင်း...

Friday, January 18, 2008

Sea foods

ဒီဓာတ်ပုံတွေကတော့ မြိတ်ဒေသရဲ့ ပင်လယ်ရေထွက် အစားအစာလေးတွေပါ ။ နှစ်သက်လိမ့်မယ် ထင်ပါတယ်။...

Wednesday, January 16, 2008

ဝေလငါး

ဒီဓာတ်ပုံမှာ ပြထားတာကတော့ (၁၅-၈-၂၀၀၇) တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကြပ်လွှတ် ကျေးရွာ မြင်းခွာအော်မှာ ကမ်းတင် သေဆုံးနေတဲ့ ဝေလငါး တစ်ကောင်ရဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။...

Sunday, January 13, 2008

ကာတွန်း

...

Saturday, January 12, 2008

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အတွက် ဂျပန်အစိုးရက ထောက်ပံ့လှူဒါန်း

ကျောင်းသား ၈၀၀ကျော် တက်ရောက် ပညာသင်ကြား နေသည့် သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းအတွက် ကျောင်းဆောင်သစ် တစ်ခု ဆောက်လုပ်ရန် ဂျပန်အစိုးရက ထောက်ပံ့ လှူဒါန်းမှု ပြုလုပ် လိုက်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးမှ သတင်း ထုတ်ပြန် ပါသည်။ အဆိုပါ ကျောင်းဆောင်သစ် ဆောက်လုပ် လှူဒါန်းခြင်းကို ဂျပန် အစိုးရ၏ လူမှု ကူညီ ထောက်ပံ့ရေး အစီအစဉ် (Grassroots Grant Assistance) အရ လုပ်ဆောင်ခြင်း ဖြစ်ပြီး ကျောင်းဆောင်သစ် အတွက် အမေရိကန် ဒေါ်လာ ၈၁၅၀၀ ကျော် ထောက်ပံ့မည်...

Friday, January 11, 2008

မြိတ်မြို့ ကမ်းသာ

မြိတ်မြို့ ကမ်းသာ မြိတ်ကမ်းသာမှ ၊ ရှုတိုင်းလှသည် မြို့ပြပင်လယ် ၊ ကြည်နှုးဖွယ် မြူငွေ့မှုန်ဝေ ၊ တောတောင်တွေစိမ်း လေပြည်ကမြူး၊ လှိုင်းကလူးသည် ပျော်မြူးဖွယ်ရာ ပထော်ဦး ။ ။ ပထော်ပထက် ၊ ရင်ချင်းဆက်၍ ညီအစ်ကိုလို ၊ အချစ်ပိုသည် မြိတ်ပျိုဖြူများ ကဲ့သို့တည်း ။ ။ တော်တော် ထိပ်ဖျား ၊ စေတီများနှင့် တရားရိပ်ခို ၊ သက်ကြီးအိုတို့ နားခိုရာမှ၊ ပြန်လည် ”တ” လျက် ငယ်ဘ၀ကို ၊ အောက်မေ့လိုသည် နုပျိုလှပ ၊ ရှုမ၀တဲ့ မြို့ပြကမ်းသာ အလှကြောင့် ။...

Monday, January 7, 2008

ပုလဲရတနာ (၂)

ပုလဲရတနာ (၂)(စာရေးသူ - ခင်အောင်သန်း၊ မြန်မာ့ပုလဲ၊ မြိတ်မြို့) ပုလဲတစ်လုံး၏ တန်ဖိုးကို ဖြစ်စေသော အချက်များ ပုလဲတစ်လုံးအား တန်ဖိုး သတ်မှတ်ရာတွင် အောက်ဖော်ပြပါ အချက် (၇)ချက် ပေါ်တွင် အခြေခံ၍ ဆုံးဖြတ် ရပါသည်။ ၁။ ပွင့်ရည် (အရည်အသွေး ) LUSTRE ။ ပြင်ပမှ အလင်းရောင်သည် ပုလဲသား အလွှာပါးလေးများ အတွင်းသို့ ထိုးဖောက် ၀င်ရောက် ရိုက်ခတ်၍ အလင်းပြန်ခြင်း ဖြင့် ပုလဲ တစ်လုံး၏ တောက်ပမှု အလင်း ဖြစ်ပေါ် စေခြင်းအား ပွင့်ရည်ဟု ခေါ်ပါသည်။ တန်ဖိုး သတ်မှတ်ရာတွင် အခြေခံရသည့်...