မြိတ်ပုလဲမြေမှ နွေးထွေးစွာ ကြိုဆိုပါ၏

Tuesday, January 24, 2012

မြိတ်မြို့ NLD ပါတီရုံးရှေ့တွင် မီးရှို့ဆန္ဒပြ


မြိတ်မြို့ အထက်မြစ်ငယ်ရပ် စကားဝါလမ်းတွင် ဖွင့်လှစ်ထားသော မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ၂၀၁၂ ဇန်န၀ါရီလ ၂၃ ရက်နေ့ ည (၁၂) နာရီချိန်ခန့်တွင် အမည်မသိ လူငယ် (၁၀) ဦးခန့်သည် မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ၄င်းတို့ ၀တ်ဆင်ထားသော ဒေါ်စု ဓာတ်ပုံပါ တီရှပ်အင်္ကျီများ၊ ခွပ်ဒေါင်းတံဆိပ်ပါ တီရှပ်အင်္ကျီများအား ချွတ်ပြီး စုပုံမီးရှို့ ဆန္ဒ ပြကြသည်။ ဆန္ဒပြခြင်း အကြောင်းရင်းအား မသိရှိရသော်လည်း မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် အစ္စလာမ် ဘာသာဝင်များကသာ ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ နေရာများရယူထားပြီး ၄င်းတို့ ဘာသာဝင်များကိုသာ ပွဲထုတ်နေသဖြင့် မကျေနပ်သည့် ဗုဒ္ဓဘာသာ ပါတီဝင်များက အင်္ကျီများ စုပုံ မီးရှို့ ဆန္ဒပြခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်နေကြသည်။
မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဦးစိုးလွင် ဦးဆောင်သော အစ္စလာမ် ဘာသာဝင် အုပ်စု၊ အတွင်းရေးမှူး ဦးဆန်းဝင်း ဦးဆောင်သော ဗုဒ္ဓဘာသာ အုပ်စုနှင့် ဒေါ်တင်တင်ရီ (လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်လျာထားသူ ) ဦးဆောင်သော ခရစ်ယာန် အုပ်စု ၊ ဦးနိုင်ဦး ဦးဆောင်သော လူငယ်အုပ်စု၊ ဦးသန်းထွန်း (ယခင်ဥက္ကဟောင်း) ဦးဆောင်သော ကွန်မြူနစ် အုပ်စု၊ ဦးကျော်ခိုင် ဦးဆောင်သော စီးပွားရေးသမား အုပ်စု စသည်ဖြင့် အုပ်စုဖွဲ့လျက် နေရာလု နေကြကြောင်း သိရသည်။

9 comments:

ဖိုးခွား(ဘိတ်သားလေး)။ said...

ခင်ဗျားတို့ သတင်းက မှန်ရဲ့လား ဘိတ်ကလူတွေကိုမေးတာ ဘာမှမသိရဘူးဆို .. ဓါတ်ပုံရှိရင် ဓါတ်ပုံနှင့် တွဲတင်ပေးပါလား ဘလော့တခုလုပ်ထားပြီး သတင်းမမှန်ရင် မကောင်းဘူးလေ ဒါကြောင့်ပါ။သတင်းမှားနေရင် "မြိတ်ပုလဲမြေ"ဆိုတဲ့ နာမည်ကိုလည်း မရောင်းစားစေချင်ဘူး။

ChanPlusNway said...
This comment has been removed by the author.
ဖိုးခွား(ဘိတ်သားလေး)။ said...

ဘိတ်ကလူတွေအားလုံးက မဟုတ်ဘူးလို့ ပြောနေတာ နင့်အမေ-ပ်-တ် ဖြစ်လို့  မြိတ်နာမည်သုံးပြီး မဟုတ်တာတွေတင်ထားရတာလဲ။တမင်သက်သက် ဘိတ် နာမည်ရောင်းစားတဲ့ Blog ဆိုတာ ခုမှသိလိုက်ရတယ်။

ChanPlusNway said...

NLD ရုံးနားမှာနေတဲ့ ကျွန်မတောင် ဒီသတင်းမကြားရတာ ယူတို့တင်တဲ့သတင်းက
သေချာရဲ့လားရှင်...

ဖိုးခွား(ဘိတ်သားလေး)။ said...

မြိတ်ပုလဲမြေ BLOG ပိုင်ရှင် မောင်ရန်မျိုးကျော် ရေ မင်းကို အိန္ဒိယကနေ အနောက်ကကြိုးကိုင်ထားတဲ့ ဦးစိုးမြင့် ကိုလည်း ပြောလိုက်ပါကွာ။အများကြီး လိုသေးတယ်လို့  ;)

Tanintharyi said...

ခင်ဗျားတို့ကသာ မဟုတ်ဘူးပြောတာ...
ဒီ Link လေးမှာ ကြည့်ကြည့်ပါလား
ဒီဖြစ်ရပ်ဟုတ်လားမဟုတ်လားလို့
http://www.mizzimaburmese.com/news/inside-burma/8924--nld-.html

ဖိုးခွား(ဘိတ်သားလေး)။ said...

ဟ မောင်ကြီး တနသာင်္ရီသား ရဲ့ ဘယ်မှာတုန်း သက်သေခံဓါတ်ပုံ မောင်ကြီးပြောသလိုဆို ကျုပ်လည်း ရေးလို့ ရတာပေါ့ ဘာသက်သေခံအထောက်အထားတခုမှ မပါတဲ့ကိစ္စကို လမင်းကိုခွေးဟောင်နေသလို ဖြစ်နေပါရောလား ကွယ်။
မောင်ကြီး www.mizzimaburmese.com က အမျိုးသားဒီမိုကရေစီရုံးကဘယ်ရွာကရုံးလဲဟယ် ဘိတ်က ရုံးကဒီထက်ကောင်းတယ်လေကွယ် ;)

new myeik said...

(မဇ္ဈိမ)မှာတင်ထားတဲ့သတင်းကိုသေခြာဖတ်ပါအုံးလူငယ်တစ်ဦးလို့ေ၇းထားတယ်နော် မြိတ်ပုလဲမြေမှာ (၁၀)ဦးတဲ့.အရမ်းကွာခြားနေတယ်နော်
တကယ်အဖြစ်မှန်က (မဇ္ဈိမ) မှာတင်ထားတဲ့သတင်းကအမှန်ဖြစ်ကြောင်းပါ ဖိုးခွား(ဘိတ်သားလေး) ရဲ့ 

မိုးဇက်ဒီမွန်း said...

သြော်....ဖိုးခွား(ဘိတ်သားလေး)က
ဘိတ်သားသာပြောတယ်...
ဘိတ်မှာဖြစ်နေတာတွေ ဘာမှမသိပါလား
နားမျက်စိတွေ ကန်းနေလားမသိပါဘူး.....
ပြီးတော့ ပုလဲမြေဘလော့ပိုင်ရှင်ကို ရန်မျိုးကျော်တဲ့ ဟာ ဟ ရီချင်တယ်
ရမ်းတုတ်ပြီးလျှောက်ထင်နေတယ်....
ChanPlusNway လည်းရှိသေးတယ်...
အဲဒီနားမှာနေပြီးဘာမှမသိဘူးဆိုတော့
ညဘက်ဆို အစောကြီးအိပ်တာနေမှာပေါ့...
ဆင်အော်တောင်မနိုးတဲ့သူမျိုးဖြစ်မယ်...
အဲဒီနား ရပ်ကွက်ကလူတွေကိုယ်တိုင်ပြောတာဗျား
ဒီကိစ္စဖြစ်တယ်ဆိုတာလေ...စုံစမ်းကြည့်ပါဦး
ဖိုးခွား(ဘိတ်သားလေး)ရေ...မျက်လုံးကြီး စုံမှိတ်ပြီး ဘူးခံငြင်းမနေနဲ့...
ကျုပ်က ဘယ်ပါတီဘက်ကမှ လိုက်ပြီးပြောတာမဟုတ်ဘူး
ခင်ဗျားက တကယ်ဖြစ်ခဲ့တဲ့ကိစ္စကို မဟုတ်ဘူးဆိုပြီး ဘူးခံငြင်းနေလို့ဝင်ပြောတာဗျ....