မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Sunday, March 31, 2013

မြိတ်မြို့၌ အပတ်စဉ်(၁) ဘက်စုံသားဖွား ဒီပလိုမာသင်တန်း ဦးဆောင်းအပ်နှင်းပွဲ ကျင်းပ

မြိတ်မြို့ သားဖွား သင်တန်းကျောင်း အပတ်စဉ်(၁) ဘက်စုံသားဖွား ဒီပလိုမာ သင်တန်း ဦးဆောင်း အပ်နှင်းပွဲ အခမ်း အနားကို မတ်လ(၃၁)ရက် နံနက်(၁၀)နာရီတွင် သားဖွား သင်တန်းကျောင်း ခန်း မဆောင်၌ ကျင်းပရာ မြိတ် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဆွေဆွေဝင်းက အမှာ စကား ပြောကြားသည်။ယင်းနောက် သူနာပြု သစ္စာ အဓိဌာန် ရွတ်ဆိုကြပြီး အပတ်စဉ်(၁) ဘက်စုံ သားဖွားဒီပလိုမာ သင်တန်း သင်တန်းဆင်း ကျောင်းသူများအား တာဝန် ရှိသူများက ဦးဆောင်း အပ်နှင်းကြသည်။ ဆက်လက်၍ သင်တန်း...

၂၀၁၃ခုနှစ် နွေရာသီ ကြက်ခြေနီ လူငယ်လေ့ကျင့်ရေးစခန်းသွင်း သင်တန်းဆင်းပွဲ ကျင်းပ

၂၀၁၃ခုနှစ် နွေရာသီ ကြက်ခြေနီ လူငယ် လေ့ကျင့်ရေး စခန်းသွင်း သင်တန်း ဆင်းပွဲအခမ်း အနားကို မတ်လ(၃၁)ရက် နံနက်(၈)နာရီတွင် အထက(၁)ကျောင်း ခန်းမဆောင်၌ ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကား ပြောကြားသည်...

Saturday, March 30, 2013

သစ်အလုံးလိုက် ပြည်ပ တင်ပို့ခွင့် ရပ်ဆိုင်း

သစ်အလုံးလိုက် ပြည်ပ တင်ပို့ခွင့် ၂၀၁၄ ဧပြီလ (၁) ရက်နေ့မှ စ၍ ရပ်ဆိုင်းမည် ...

ငွေ စက္ကူ ကျပ် ၅ဝဝဝ တန် အတုနှင့် အစစ် ခွဲခြား သိရှိ နိုင်သော အချက်များ

ပြည်သူများ အနေဖြင့် ၅ဝဝဝ ကျပ်တန် ငွေစက္ကူ အတုနှင့် အစစ် ခွဲခြား နိုင်ရန် အတွက် သာမန် အားဖြင့် ထင်သာ မြင်သာ ရှိသည့် အလွယ် တကူ နှိုင်းယှဉ် ခွဲခြား သိရှိ နိုင်သော အောက်ပါ အချက် အလက် များအား သတိပြု နိုင်ရန် မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ သတင်း ရရှိသည် -...

မြိတ်မြို့၌ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

မြိတ်မြို့တွင် ဖြစ်ပေါ်နေသော ကောလာဟလ သတင်းများနှင့် ပတ်သက်ပြီး ပြည်သူများ စိုးရိမ် ကြောင့်ကြမှု မရှိစေရေး၊ တည်ငြိမ် အေးချမ်းရေး အတွက် မြိတ်မြို့ရှိ ဘာသာပေါင်းစုံ  တွေ့ဆုံ ဆွေးနွေးပွဲ အခမ်း အနားအား မတ်လ (၃၀) ရက်နေ့ နံနက် (၈) နာရီအချိန် မြိတ်မြို့ ကန်ခေါင်းရပ် ထုံးဖို ဗလီရှိ စန္ဒာခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှန်နှင့် ဦးမိုးမြင့် ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်မြို့ မြို့မိမြို့ဖများ၊ ရပ်ကွက်များမှ အရပ်လူကြီးများ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များ၊...

Friday, March 29, 2013

မြိတ်မြို့သို့ ဦးခင်ညွန့် လာရောက်သည့် သတင်း မှန်ကန်ခြင်း မရှိ

၂၀၁၃ ခုနှစ် မတ်လ (၂၈) ရက်နေ့တွင် မြိတ်မြို့သို့ ဦးခင်ညွန့် ( ၀န်ကြီးချုပ်နှင့် တပ်မတော် ထောက်လှမ်းရေးမှူး ချုပ်ဟောင်း ) လာရောက် ခဲ့သည် ဆိုသည့် သတင်းမှာ မှန်ကန်ခြင်း မရှိကြောင်း သိရှိရသည်။ အဆိုပါသတင်းအား မြိတ်မြို့ သတင်းဆိုက် တစ်ခု ဖြစ်သည့် news of myeik FB page မှ စတင် ဖော်ပြခဲ့ ပြီးနောက် မြိတ်မြို့ တစ်ခုလုံး ပြန့်နှံ့သွားခဲ့သည်။ ...

မြိတ်မြို့၌ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်လီမိတက် (မြိတ်ဘဏ်ခွဲ)ဖွင့်လှစ်

အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက် (မြိတ်ဘဏ်ခွဲ) ဖွင့်ပွဲ အခမ်းအနားကို မတ်လ(၂၈)ရက် နံနက် (၉း၃၈)နာရီတွင် အဆိုပါ ဘဏ်ရှေ့၌ ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ ပြည်ဖြိုးထွန်း ကုပ္မဏီ ဒါရိုက်တာ ဦးလှသန်းနှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက် ဥက္ကဌ ဦးသန်းရီ တို့မှ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်လီမိတက် (မြိတ်ဘဏ်ခွဲ)အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။  ...

ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးများ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေး သင်တန်း ဖွင့်လှစ် ပို့ချ

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင် ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးများ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မား ရေး သင်တန်း ဖွင့်ပွဲကို မြိတ်မြို့ အထက(၂)ကျောင်း ခန်းမ၌ မတ် ၂၈ ရက် နံနက် ၉ နာရီက ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်း တက်ရောက် လာသော ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများ တက်ရောက်ခဲ့ ကြသည်။ ဖွင့်ပွဲ အခမ်းအနားတွင်  မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး က အမှာစကား ပြောကြားပြီး အခမ်းအနား ရုပ်သိမ်းသည်။ ...

Thursday, March 28, 2013

မြိတ်မြို့ တည်ငြိမ် အေးချမ်းရေး အတွက် လုံခြုံရေး ဌာနများ ၊ နိုင်ငံရေး ပါတီများနှင့် အစ္စလာမ် ဘာသာရေး ဆရာများ တွေ့ဆုံ ၊ ဘာသာပေါင်းစုံ ပါဝင်သော ကွန်ယက်ဖွဲ့စည်း ဆောင်ရွက်မည်

မြိတ်မြို့တွင် ဖြစ်ပေါ်နေသော ကောလာဟလ သတင်းများနှင့် ပတ်သက်ပြီး ပြည်သူများ စိုးရိမ် ကြောင့်ကြမှု မရှိစေရေး၊ တည်ငြိမ် အေးချမ်းရေး အတွက် မြိတ်မြိုနယ် အတွင်းရှိ လုံခြုံရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် အစ္စလာမ် ဘာသာရေး ဆရာများ၊ ဗလီ အသီးသီးမှ ဂေါပက အဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲသတင်းတပ်ဖွဲ့၊ စစ်ဖက်ရေးရာ လုံခြုံရေး ဌာနမှ တာဝန်ရှိသူများ ညှိနှိုင်း ဆွေးနွေးပွဲအား မြိတ်မြို့ ကန်ခေါင်းရပ် ပုလဲလမ်းရှိ အစ္စလာမ် အိုလမာ ပညာရှင်များ ရုံးတွင် မတ်လ (၂၇) ရက်နေ့ နေ့လည် (၁)နာရီ ခွဲ အချိန်တွင် ပြုလုပ်ခဲ့ရာ အင်အား (၅၀) ဦးခန့် တက်ရောက်ခဲ့သည်။ ...

Wednesday, March 27, 2013

မြိတ်မြို့ တည်ငြိမ် အေးချမ်းရေး အတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ ၊ တပ်မတော် (ကြည်း)၊ (လေ)နှင့် နိုင်ငံရေး ပါတီများ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်

တနင်္သာရီတိုင်း မြိတ်မြို့သည် ယခင် သမိုင်းကြောင်းများ အရ နယ်မြေ အေးချမ်း တည်ငြိမ်ခြင်းးနှင့် ဘာသာ လူမျိုး မခွဲခြားသော မြိတ်သား အဖြစ် ခံယူက အချင်းချင်း စည်းလုံး ညီညွတ်မှု ရှိခြင်းဆိုသည့် ဂုဏ်ဒြပ်များဖြင့် ဂုဏ်သတင်း ကျော်ဇော ခဲ့သော မြို့ ဖြစ်ပါသည်။ ယခု လက်ရှိ အချိန်ကာလတွင်လည်း မြိတ်မြို့သူ မြို့သား အားလုံးသည် ယခင် အစဉ်အလာ ကောင်းများကို ထိန်းသိမ်းလျက် နယ်မြေ အေးချမ်းသာယာ တည်ငြိမ်မှုကို လိုလားချက် သိရှိရသည်...

မြိတ်မြို့ တည်ငြိမ်အေးချမ်းရေးအတွက် နိုးဆော်ချက်

တနင်္သာရီတိုင်း မြိတ်မြို့သည် ယခင် သမိုင်းကြောင်းများ အရ နယ်မြေ အေးချမ်း တည်ငြိမ်ချင်းနှင့် ဘာသာ လူမျိုး မခွဲခြားသော မြိတ်သား အဖြစ် ခံယူက အချင်းချင်း စည်းလုံး ညီညွတ်မှု ရှိခြင်းဆိုသည့် ဂုဏ်ဒြပ်များဖြင့် ဂုဏ်သတင်း ကျော်ဇော ခဲ့သော မြို့ ဖြစ်ပါသည်။ ...

နိုင်ငံတစ်ဝန်း ကောလာဟလ လေပြင်းတိုက်ခတ်

အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် မိတ္ထီလာအဓိကရုဏ်းအပြီး နိုင်ငံအနှံ့ ကောလာဟလနှင့် လှုံ့ဆော်မှုအချို့ ထွက်ပေါ်နေခဲ့ပြီး ပြည်သူများစိုးရိမ်နေကြကာ လုံခြုံရေးများ တိုးမြှင့်ချထားလျက်ရှိသည်။ ရန်ကုန်မြို့ရှိ မြို့နယ် အချို့ အပါအ၀င်နေရာအချို့နှင့် လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုများကို အခြေခံကာ ကောလာဟလများ မတ်လ ၂၄၊ ၂၅ ရက်တို့တွင် ပျံ့နှံ့ လျက်ရှိသည်။ ယင်းကောလာဟလနှင့် လှုံ့ဆော်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက်...

မြိတ်မြို့  လေးကျွန်းဆီမီးစေတီတော်ကြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ရွှေစင်ရွှေပြား ရွှေဆိုင်း အလှူတော် ရေစက်ချ မင်္ဂလာ အခမ်းအနား ကျင်းပ

 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်ကြီး (၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ရွှေစင်ရွှေပြား ရွှေဆိုင်းအလှူတော် ရေစက်ချမင်္ဂလာ အခမ်းအနားကို ဗုဒ္ဓသာသနာ့ ဗိမာန်တော်၌ မတ် ၂၆ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော် သြ၀ါဒစရိယ အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ ၀ိမလ ကန်သာကျောင်းတိုက် ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေးနှင့် ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ တပ်မတော် အရာရှိကြီးများ ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ မြို့ မိမြို့ ဖများ၊ လူမှုရေး...

Tuesday, March 26, 2013

လေယာဉ်ကြီးစီး ခရီးစဉ် မြည်သံစွဲ အင်္လကာတို့နှင့် စည်ကား တည်ရှိနေသော မြို့(သို့မဟုတ်) ပုလဲမြေသို့

သဘာဝ ငှက်အိမ်များ ရှိရာ၊ ဇီဝဇိုး ငှက်အော် သံလေးများ ကမ်းနားလမ်း တစ်လျှောက် ကျယ်လောင်စွာ ပျံ့လွင့်နေတဲ့ မြို့တစ်မြို့ကို ကျွန်တော် ထပ်မံ ရောက်ရှိ ခဲ့ပြန်ပြီ။ ပထမ တစ်ကြိမ်က ဧပြီ ပထမပတ်ရဲ့ ပူပြင်းတဲ့ နွေခါရက် ဖြစ်ပြီး ဒုတိယ အကြိမ်မှာတော့ မိုးအကုန် သီတင်းကျွတ် မတိုင်မီ အချိန်ကာလပဲ ဖြစ်ပါတယ်။ ဘဏ်တည်ဆောက်ရေး လုပ်ငန်းအတွက် ပထမခရီးစဉ်မှာ Architects အဖွဲ့နဲ့ Design ပုံစံထုတ်ဖို့ Survey ရောက်ရှိခဲ့ရပြီး ဒုတိယ ခရီးစဉ်ကတော့ တည်ဆောက်ရေး အင်ဂျင်နီယာ အဖွဲ့နဲ့ လုပ်ငန်းခွင် စတင်ဖို့ ဒုတိယမ္ပိ ခြေချခွင့် ရရှိခဲ့တဲ့မြို့...

Monday, March 25, 2013

နယ်နိမိတ် မဖြေရှင်း နိုင်သေးသဖြင့် မောတောင် နယ်စပ်ဂိတ် ဖွင့်ရန် ရွှေ့ဆိုင်း

မြန်မာ - ထိုင်းနယ်စပ် ပိုင်နက် ကိစ္စ ဖြေရှင်းရန် ကျန်ရှိနေသေး သောကြောင့် တနင်္သာရီတိုင်း ဒေသကြီး မောတောင် နယ်စပ်ကုန်သွယ်ရေး စခန်းကို ဖွင့်လှစ်မည့်ရက်ကို အကန့် အသတ် မရှိရွှေ့ဆိုင်း လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာန နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။ ...

မြိတ်မြို့ နောက်လယ် (၆)လမ်း - အိုးလုပ်ပြင် ဘုရားကိုင် ချောင်းကူး တံတား ကျပ် သိန်း (၂၇၀) အကုန် အကျခံ ပြုပြင်မည်

မြိတ်မြို့ နောက်လယ် ရပ်ကွက် (၆)လမ်းနှင့် မြိတ်တောင် နယ်မြေ အိုးလုပ်ပြင် ရပ်ကွက်သို့ ဆက်သွယ် ထားသည့် နောက်လယ် (၆)လမ်း တံတားသည် ယက်မ၊ တိုင်နှင့် ကြမ်းခင်းများ ဆွေးမြေ့ ပျက်စီးနေသဖြင့် အခု အချိန်တွင် မော်တော်ယာဉ်များ ဖြတ်သန်း သွားလာခွင့် မရှိပဲ ဆိုင်ကယ်များသာ ဖြတ်သန်း ခွင့်ပြု ထားသဖြင့် ကုန်စည် စီးဆင်းမှု အခက်အခဲ ဖြစ်ပေါ်ခြင်း၊ အခြား လမ်းများမှ ကွေ့ပတ် သွားလာ နေရသဖြင့် ကုန်ကျစရိတ် များခြင်း တို့ ဖြစ်ပေါ် နေသဖြင့် အမြန်ဆုံး ပြုပြင်ပေးပါရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

တနင်္သာရီတိုင်း တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို ကျွန်းစုမြို့နယ် ကံမော်ရွာနှင့် စခန်းသစ် ကျေးရွာများသို့ သွားရောက် ဒေသခံများနှင့် တွေ့ဆုံပြီး တင်ပြချက်များအား ဖြည့်ဆည်း ဆောင်ရွက်

တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို သည် အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး ၀န်ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်လွင်၊ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီး ဦးသန်းအောင်၊ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ စည်ပင်သာယာရေး ၀န်ကြီး ဦးအောင်ကျော်ကျော်ဦး၊ သစ်တောနှင့် သတ္တု ၀န်ကြီး ဦးတင်စိုး နှင့် တိုင်းဒေသကြီး ဌာနဆိုင်ရာ အကြီးအကဲများ ၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် မြိတ်မြို့မှ ၂၀၁၃ ခုနှစ်၊...

Saturday, March 23, 2013

နှစ်(၃၀)အတွင်း တနင်္သာရီ ကမ်းရိုးတန်း၌ ငါးဖမ်းဆီး ရရှိမှုနှုန်း(၈)ပုံ (၁)ပုံ ခန့် ကျဆင်း

တနင်္သာရီ ကမ်းရိုးတန်း ဒေသ အတွင်း စည်းကမ်းမဲ့ ငါးဖမ်းဆီးမှုများနှင့် နှစ်စဉ် ငါးမဖမ်းရ နယ်မြေ ခွဲဝေ သတ်မှတ်မှု၊ ငါးမဖမ်းရ ရာသီ (closed season, closed area) ကန့်သတ်မှု များကြောင့် ပင်လယ် ပြင်လုံခြုံရေးမရှိဘဲ နှစ်(၃၀)အတွင်း ငါးအထွက်နှုန်း သိသိသာသာ လျော့ကျ သွားကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရှိရသည်။ ၁၉၇၉-၈၀ ခုနှစ်က တနင်္သာရီ ကမ်းရိုးတန်း၌ ငါးဖမ်းဆီး ရရှိမှုနှုန်းမှာ (၆၀၀) ဖစ်ဂါနှုန်း ကျော်ရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် ဖမ်းဆီး ရရှိမှု ကုန်ချိန်...

Friday, March 22, 2013

ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်မားရေး သင်တန်းဖွင့်လှစ်

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်မားရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ(၂၂)ရက် နံနက်(၉)နာရီတွင် ကျွန်းရတနာ ခန်းမတွင် ကျင်းပသည်။ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကားပြောကြားပြီး အခမ်းအနား ရုပ်သိမ်းပါသည်။ အဆိုပါသင်တန်းကို ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စုစုပေါင်း(၃၄)ဦး တက်ရောက် ကြပြီး သင်တန်း ကာလမှာ(၃)ရက်ဖြစ်ကြောင်း သတင်းရရှိသည်။...

လေးကျွန်းဆီမီး စေတီတော်ကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပါဝင်လှူဒါန်းနိုင်

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ကျက်သရေဆောင် လေးကျွန်း ဆီမီး စေတီတော်ကြီး ၏ ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကို မတ် ၂၁ ရက်မှ ၂၇ ရက်အထိ ခုနှစ်ရက် တိုင်တိုင် ကျင်းပမည် ဖြစ်ပြီး ပွဲတော် နောက်ဆုံးရက် မတ် ၂၇ ရက် (၁၃၇၄ ခုနှစ် ၊ တပေါင်း လပြည့်ကျော် ၁ ရက်) ညနေ ၄နာရီတွင် သြ၀ါဒါ စရိယ ဆရာတော်ကြီး ခုနှစ်ပါး အား အမှူးထား၍ ဆရာတော်များ အပါအ၀င် သံဃာတော် များနှင့် သီလရှင် စုစုပေါင်း ၁၁၅ ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ...

မြိတ်မြို့၌ လျှပ်စစ် အန္တရာယ် ကင်းဝေးရေး လျှပ်စစ်မီးကြိုး အသစ်လဲလှယ် တပ်ဆင်

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ပေါ် ရပ်ကွက်နေ ပြည်သူများ လျှပ်စစ် ဓာတ်အား လျော့နည်း ပျောက်ဆုံးမှု မရှိစေရေးနှင့် လျှပ်စစ် အန္တရာယ် ကင်းဝေးရန် အတွက် ပင်မ လျှပ်စစ် ကြိုးလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ပင်မကြိုးလိုင်းမှ နေအိမ်များသို့ သွယ်တန်း ထားသည့် လျှပ်စစ် မီးကြိုးဟောင်းများ အသစ်ပြန်လည် လဲလှယ် တပ်ဆင် သွယ်တန်းခြင်း လုပ်ငန်းများ အပြင် ဟောင်းနွမ်းဆွေးမြည့် နေသည့် သစ်သား ဓာတ်မီး တိုင်နှင့် သံဓာတ်မီး တိုင်များအစား ကွန်ကရစ်...

Wednesday, March 20, 2013

ဘင်္ဂါလီလူမျိုး (၈) ဦးအား ထပ်မံ ဖမ်းမိ

ယနေ့ ၂၀၁၃ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့၊ (၁၂း၂၀)အချိန်ခန့်တွင် ဘင်္ဂလီ (၈)ဦးအား ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုဖြင့် အရ ထပ်မံ ဖမ်းဆီးမိခဲ့ရာ စုစုပေါင်း ဘင်္ဂလားဒေ့်ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး (၈၆) ဦးရှိသွားပြီ ဖြစ်ကြောင်း သိရှိရပါသည်။  မတ်လ (၂၀)ရက်နေ့၊ (၁၂း၂၀)အချိန်ခန့်တွင် မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ---- လမ်းနေသူ ဦး ----- ၊ မွတ်ဆလင်/ အစ္စလာမ်၊ ------ လုပ်ငန်း လုပ်ကိုင်သူမှ အောက်ပါ ဘင်္ဂလီ ကျား (၈)ဦး အား မြိတ်မြို့နယ်၊...

ဘင်္ဂါလီလူမျိုး (၈၀) နီးပါးခန့်အား မြိတ်မြို့တွင် ဒုတိယ အကြိမ် ထပ်မံ ဖမ်းဆီးရမိ

ဘင်္ဂလာဒေ့်ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး (၇၈) ဦးအား ပြည်သူများ၏ သတင်းပေးမှု၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်(ရေ) ၊ တပ်မတော် (ကြည်း) တို့၏ ပူးပေါင်း ရှာဖွေ ဖမ်းဆီး မှုကြောင့် ၂၀၁၃ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့နေ့ (၁၉) ရက်နေ့များတွင် မြိတ်မြို့နယ် အတွင်း ထပ်မံ ဖမ်းဆီး ရမိကြောင်း သိရှိရသည်။  ဖြစ်စဉ်မှာ မတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ စန္ဒ၀တ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာ အနီး ချောင်းအတွင်း...

ကမ်းရိုးတန်းသွား အမြန်ရေယာဉ် များအား ကြပ်မတ် ပေးစေချင် (ပေးစာ )

ထားဝယ်- မြိတ်- ကော့သောင်း  ကမ်းရိုးတန်းသွား အမြန်ရေယာဉ် များသည် ရေကြောင်း ဦးစီးဌါနမှ သတ်မှတ် ခွင့်ပြု ထားသည့် ခရီးသည် အရေအတွက်ထက် များစွာ ပိုမို တင်ဆောင်ခြင်းကြောင့် ခရီးသည်များ ထိုင်ခုံနေရာ မရဘဲ အမြန်ယာဉ် အမိုးပေါ် တက်စီးရခြင်း၊ လှေခါးများ၊ အိမ်သာ တံခါးဝ များတွင် ဖြစ်သလို ထိုင်စီးရခြင်းများ အပြင် ခရီးသည်များအား အမြန် ရေယာဉ် ပိုင်ရှင်များ၊ အမြန်ရေယာဉ် အလုပ်သမားများမှ ရိုင်းစိုင်းစွာ ပြုမူ ပြောဆို ဆက်ဆံခြင်း များ ပြုလုပ်လျက် ရှိရာ ခရီးသည်များ...

Tuesday, March 19, 2013

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဒီရေတောများအတွင်း ဂဏန်းမျိုး စိုက်ထည့်

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်၌ ဒီရေတောများ အတွင်း ဂဏန်းမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ၂၀၁၃ခုနှစ် မတ်လ (၁၆)ရက် နေ့လည် (၁)နာရီတွင် ကျွန်းစုမြို့ဆိပ်ကမ်းတွင် ကျင်းပသည်။ အဆိုပါ ဒီရေတော ဂဏန်းမျိုး အကောင် (၃၀၀၀၀)အား တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါက်တာ ညွန့်ဝေ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များက ကျွန်းစုမြို့ဆိပ်ကမ်းမှ ပင်လယ်...

ကျွန်းစုမြို့နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူး လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၃ခုနှစ် မတ်လ (၁၈)ရက် နံနက် (၈း၃၀)နာရီတွင် ကျွန်းရတနာခန်းမတွင် ကျင်းပသည်။ ရှေးဦးစွာ ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက အမှာစကားပြောကြားပြီး အခမ်းအနား ရုပ်သိမ်းပါသည်။ အဆိုပါသင်တန်းကို ရပ်ကွက်/ ကျေးရွာအုပ်စု စုစုပေါင်း(၄၅)ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ (၃)ရက်ဖြစ်ကြောင်း သတင်းရရှိသည...

Monday, March 18, 2013

ဈေးတန်းရပ် အမိုးရေတွင်းလမ်း ရန်ပွဲ ဖြေရှင်းပေးသူများအား ပြန်လည်ရန်ပြု

၂၀၁၃ ခုနှစ် မတ်လ (၁၇) ရက်နေ့ ည (၉း၃၀) နာရီ အချိန်ခန့်တွင် မြိတ်မြို့ ဈေးတန်းရပ် အမိုးရေတွင်းလမ်း နေ ဦးသန့်ဇင် နှင် ဒေါ်………. (ရှေ့နေ့ )တို့၏ သားဖြစ်သူ ဖြိုးသန့်စင်ပါ (၃) ဦးနှင့် အမည်မသိ လူငယ်များ သည် ဓား၊ တုတ်များဖြင့် ရန်ပွဲ ဖြစ်ပွားရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်လူကြီးများက ၀ိုင်းဝန်း ဖြန်ဖြေ သော်လည်း မောင်ဖြိုးသန့်စင် ပါ (၃) ဦးတို့မှ ဖြန်ဖြေသူ လူကြီးများအား ပြန်လည် ရန်ပြုသောကြောင့် ဖြန်ဖြေသူများ ထွက်ပြေးခဲ့ ရကြောင်း သတင်းရရှိပါသည်။...

တောင်းရှည် တံတား ဆိုင်ကယ်၊ ကားဖြတ်သန်းခများ အဆမတန် ကောက်ခံနေ

မြိတ်မြို့နယ် တောင်းရှည်ကျေးရွာအုပ်စု၊ တညက် ကျေးရွာအုပ်စု၊ နန်းတော်ရာကျေးရွာ အုပ်စုသို့ သွားသော လမ်းဆုံတွင် ဦးဘအင်(တောင်းရှည်တံတား) တံတား တစ်စင်းရှိပါသည်။ တံတားမှာ ပုံပါအတိုင်း တောထန်းပင်ကြီး များဖြင့် တည်ဆောက်ထားသော ခိုင်မာမှု ၊ကြံ့ခိုင်မှု အားနည်းသော တံတားဖြစ်ကြောင်း သိရှိရပါသည်။ ၄င်းတံတားမှ ဖြတ်သန်းပြီး တံတားအဆုံးတွင် ၀ါးလုံးတန်း ထိုးပြီး တံတားကြေး ကောက်ခံနေ ပါသည်။ ဆိုင်ကယ် တစ်စီးလျှင် အသွားအပြန် 600ကျပ်၊ ကားတစ်စီးလျှင် အသွားအပြန် 8000ကျပ်...

Sunday, March 17, 2013

နွေရာသီ ဗုဒ္ဒယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်

မြိတ်ခရိုင် ဗုဒ္ဒတက္ကသိုလ် သံဃာတော်များ ဦးစီး တည်ထောင်သော ဗုဒ္ဒ ယဉ်ကျေးမှု ပြန့်ပွားရေး အသင်း၏ နွေရာသီ ဗုဒ္ဒ ယဉ်ကျေး လိမ္မာနှင့် အင်္ဂလိပ်စာ သင်တန်းကို မတ်လ(၁၆) ရက်တွင် ကလွင် အရှေ့ကျောင်းတိုက် အောင်တော်မူ မိုးကုတ် ဓမ္မရိပ်သာ ကျောင်းတိုက်၌ စတင် ဖွင့်လှစ်သည်။ သင်တန်းကို ကလွင် အရှေ့ ကျောင်းတိုက်     ဆရာတော် ဘဒ္ဒန္တ ကုမာရ ဦးစီး၍ သင်တန်း သင်ကြားပို့ချ ပေးသော သံဃာတော် (၁၅)ပါးဖြင့် ဗုဒ္ဒယဉ်ကျေး လိမ္မာ သင်တန်းကို တန်းခွဲ(၃)တန်း (ပထမတန်းမှ တတိယ တန်း၊ စတုတ္ထတန်းမှ ဆဌမတန်း၊ သတ္တမတန်းမှ န၀မတန်း) အား နံနက်(၈)နာရီမှ နေ့လည်(၁၂)နာရီထိ၊ နေ့လည် (၁)နာရီမှ...

ငါးဖမ်းစဉ် ငါးပြေမ လည်ချောင်းထဲ ၀င်ပြီး သေဆုံး

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဘန်လော ကျေးရွာအုပ်စု ဘန်လင်ကျေးရွာနေ ဦးမြင့်တင် (ခ) နောင်အ (ဘ) ဦးထွန်းသွေ ၊ အသက် (၄၅) နှစ်သည် မတ်လ (၁၅) ရက်နေ့ မွန်းလွဲ (၁) နာရီ အချိန်တွင် ဘန်လော ကျေးရွာ အနီး မြစ်အတွင်း ပိုက်ချ ငါးဖမ်း၍ ပိုက်ဖော်စဉ် ငါးပြေမ တစ်ကောင်အား မိပြီး ပါးစပ်ဖြင့် ကိုက်ကာ နောက်တစ်ကောင်အား ပိုက်မှ ဖြုတ်ယူချိန်၌ ပါးစပ်တွင် ကိုက်ထားသော ငါးပြေမ လည်ချောင်းထဲ တိုးဝင်ပြီး အသက်ရှုပိတ်ကာ သေဆုံးသွား ခဲ့ကြောင်း သိရှိရသည်။...

မြိတ်မြို့ NLD လူငယ် ဆင့်ပွား သင်တန်း ဆင်းပွဲ ကျင်းပ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြိတ်မြိုနယ်၊ လူငယ် ဆင့်ပွားသင်တန်း အမှတ်စဉ်(၃) သင်တန်း ဆင်းပွဲအား ၁၆.၃.၂၀၁၃ရက်နေ့ ည၆နာရီခွဲတွင် ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားတွင် သဘာပတိ ဦးအုန်းသွင်မှ အဖွင့်အမှာ စကား ပြောကြားပြီးနောက် မြိုနယ် အလုပ်မှုဆောင် အတွင်းရေးမှုး ဦးအောင်မိုးနှင့် သင်တန်းဆရာ ဦးဥက္ကာမင်းတိုက သင်တန်းသား များအား အမှာစကား ပြောကြားခဲ့သည်။ ထိုနောက် သင်တန်းသားများ ကိုယ်စား သင်တန်းသား ဦးခင်မောင်ညိုမှ ကျေဇူးတင် စကားပြောကြားခဲ့သည်။ ထိုနောက်...

နိုင်ငံ့ စွမ်းဆောင်ရည်ဆု ရွေးချယ်ရေး မြိတ်မြို့တွင် သတ်မှတ်ချက်နှင့် အညီ စစ်ဆေး

နိုင်ငံတော် သမ္မတ၏ စွမ်းဆောင်ရည် ဆုချီးမြှင့်ရေး စိစစ်ရွေးချယ်ရေး ကော်မတီ မြို့ပြ ကျေးရွာအဆင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်းဆုံးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆိုင်ရာ ဆုချီးမြှင့်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် သည် မတ် (၁၃) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့သို့ ရောက်ရှိလာပြီးနောက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာတွင် ပဏာမဆု ရွေးချယ်ရေးအဖွဲ့ဝင်များအား တွေ့ဆုံခဲ့သည်။ ...

ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး ကွင်းဆင်းဆောင်ရွက်

Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4 ...