Monday, October 26, 2015

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြိတ်မြို့နယ် ရွေးကောက်ပွဲ အထူးရဲ တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ မြိတ်မြို့နယ် ရွေးကောက်ပွဲ အထူးရဲ တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

မြိတ် အောက်တိုဘာ ၂၅ ရက်

တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံ ခန့်ခွဲမှုကော်မတီဥက္ကဌ  လုံခြုံရေးနှင့် နယ်စပ်ရေးရာ   ၀န်ကြီး ဗိုလ်မှူးကြီးဇော်လွင်၊  အတွင်းရေးမှူး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းတို့သည် အောက်တိုဘာလ ၂၅ရက်နေ့ နေ့လည် ၁၃၀၀ အချိန်မှ ၁၄၀၀ အချိန်ထိ အထူးရဲသင်တန်း ဖွင့်လှစ်ထားရှိသည့် မြိတ်မြို့၊ ကန်ဖျားရပ်ကွက်၊ အရာရှိရိပ်သာလမ်းရှိ ရာမညမွန်ဘုန်းတော်ကျောင်းဓမ်္မာရုံတွင် ရွေးကောက်ပွဲ ဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်တွေ့ဆုံပွဲ ကျင်းပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရအမှူး ဦးအောင်ကျော်ထွန်း၊ ခရရမှူး ဒုရဲမှူးကြီးတင်ထွန်း၊ မြိတ်မနရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက်္ကဋ္ဌ ဦငွေဝင်း၊ မြိတ်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက်္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးရွေးကောက်ပွဲ ဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီဥက်္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ သင်တန်း တက်ရောက်နေသော အထူးရဲသင်တန်းသားများ စုစုပေါင်းအင်အား(၂၅၀)ဦးခန့် တက်ရောက်သည်။






တွေ့ဆုံပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ ဥက်္ကဋ္ဌ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင်မှ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲအား လွတ်လပ် တရားမျှတပြီး တည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်အထိ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထား ရှိကြောင်း၊ အထူးရဲများ ကိုလည်း မဲရုံလုံခြုံရေးအား ပြည့်ဝစွာတာဝန် ထမ်းဆောင်နိုင်ရန်အတွက် သင်တန်းပို့ချပေး နေပြီဖြစ်ကြောင်း၊ မဲရုံတစ်ရုံတွင် အထူးရဲတစ်ဦး၊ အရန်မီးသတ်လေးဦးတို့အား တာဝန် ချထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်း မဲရုံပေါင်း (၁၁၇၀)ရှိပြီး အထူးရဲများအားလည်း မဲရုံတစ်ရုံချင်းအလိုက် တစ်ဦးစီဖြင့် စုစုပေါင်း (၁၁၇၀)ဦးအားခန့်ထားပြီး ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့်သက်ဆိုင်သော အထူးရဲများ လိုက်နာဆောင်ရွက်ရမည့် အချက်(၁၂) ချက်အား သိရှိထားရန်လိုအပ်ကြောင်း၊ အမှားသရုပ်ပြ၊ အမှန်သရုပ်ပြ လေ့ကျင့်မှုများ ဆောင်ရွက် ထားရှိရန်နှင့်လေ့ကျင့်မှု များများပြုလုပ်ထားမှ လက်တွေ့တာဝန်ထမ်းဆောင်ရာတွင် အမှား/ အမှန်ခွဲခြား သိနိုင်မည်ဖြစ်ကြောင်း၊ အထူးရဲများမှာ ခန့်အပ်သင်တန်းတက်ရောက်နေပြီဖြစ်၍ တပ်ဖွဲ့ဝင်များ နည်းတူ အမိန့်နာခံမှု၊ စည်းကမ်း လိုက်နာမှုရှိရန် လိုအပ်ကြောင်း၊ ကော်မရှင်အဖွဲ့ဝင် များမှလည်း လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ဆောင်ရွက်လျက်ရာ ရဲတပ်ဖွဲ့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များ အပါအ၀င် အထူးရဲတပ်ဖွဲ့ဝင်များသည် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်၊ ပြတ်ပြတ် သားသား၊ ရဲရဲတင်းတင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ ဆောင်ရွက်နေမှုတိုင်းအား မီဒီယာများမှ စောင်ကြည့်နေသည်ကိုလည်း သတိပြုစေလိုကြောင်း၊ အထူးရဲများခန့်ထားရခြင်း ရည်ရွယ်ချက်နှင့်အထူးရဲများလိုက်နာရမည့်ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်သွားကြရန်၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို တတ်သိနားလည်သဘောပေါက်သည်အထိ လေ့လာ မှတ်သားပြီး တာဝန်ကျမဲရုံ အသီးသီးတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားကြရန်နှင့် ရွေးကောက်ပွဲဆိုင်ရာလခရကိစ်္စများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

၊ မြိတ်မနရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက်္ကဋ္ဌ ဦးငွေဝင်းမှ  ဆိပ်ငယ်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင် ဖွင့်လှစ်လျက် ရှိသည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အဖွဲ့ဝင်များ၊ သင်တန်းပို့ချလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာမနများအလိုက် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်ချက် များနှင့်မိမိဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအား အသေးစိပ်သိရှိနိုင်ရန် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အဖွဲ့ဝင်များအား  ပရိုဂျက်တာဖြင့်ချပြရှင်းလင်းပို့ချလျက်ရှိကြောင်း၊ မဲရုံအတွင်းအခင်းအကျင်း များနှင့်ပတ်သက်၍ ဇာတ်တိုက်လေ့ကျင့်မှုအခြေအနေနှင့် အထူးရဲများ မဲရုံတာဝန်ကျရာသို့ အချိန်မီရောက်ရှိစေရေး တို့နှင့်ပတ်သက်၍တင်ပြခဲ့ရာ ၀န်ကြီးမှ လိုအပ်သည်များအား ပြန်လည် ညွှန်ကြားခဲ့ပြီး ရဲမှူးကြီး ကြည်လင်းမှ အထူးရဲများခန့်ထားရခြင်းရည်ရွယ်ချက်နှင့် အထူးရဲများ လိုက်နာရမည့် ကျင့်ဝတ်များ၊ အထူးရဲသင်တန်းတွင် ပို့ချပေးနေသည့် ဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ကို တတ်သိနားလည်သဘောပေါက်သည့်အထိ လေ့လာ မှတ်သားပြီး တာဝန်ကျမဲရုံ အသီးသီးတွင် လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်စေလိုကြောင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး ကိစ္စများအား ရှင်းလင်းဆွေးနွေးခဲ့၊ သည်။

ထိုနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး တင်ထွန်းတို့မှ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ကိစ္စရပ်များ အား ချပြရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments: