မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Monday, May 21, 2012

အခြေခံပညာကျောင်းအုပ်ကြီးများကို ကယ်တင်ပါ.......

Normal 0 false false false EN-US X-NONE X-NONE ...

မြိတ် NLD အောင်နိုင်ရေး ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ

 ၂၀.၅ ၂၀၁၂ (တနင်္ဂနွေ) နေ့ နံနက် (၇း၀၀)နာရီတွင် တနင်္သာရီတို်င်း မြိတ်မြို့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့် ကျွှန်းစုမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးတွင် မေတ္တာဖြင့်ပါဝင် ကူညီပေးခဲ့ကြသော အလှူရှင်များ၊ ကျွန်းစုမြို့နယ်ရှိ ကျေးရွာ အသီးသီးမှ ပါတီဝင်များနှင့် မိဘပြည်သူများကို ဂုဏ်ပြုလက်မှတ် ပေးအပ်ပွဲ အခမ်းအနားအား မြိတ်မြို့နယ် ဆိပ်ငယ်ရပ်ကွက်ရှိ ဘုံတိုက်စိမ်း ခန်းမတွင် ပြုလုပ်သွားခဲ့ပါတယ်.။ အခမ်းအနားတွင် ကျွန်းစုမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီနှင့် တိုင်းအောင်နိုင်ရေးအဖွဲ့ဝင် ဦးလှမင်းတို့မှ ဂုဏ်ပြု ကျေးးဇူးတင် စကားပြောကြားပြီး...

မြိတ်မြို့လယ်မှ ပျက်ဆီးနေသော လမ်းများအား ပြင်ဆင်ပေးပါရန်..

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြို့လယ်ခေါင်ရှိ လမ်းများမှာ မိုးရာသီ မရောက်ခင် ကတည်းက အလွန်ပင် ပျက်စီးမှုများ ကြုံတွေနေရပါသည်။ တစ်ချို့လမ်းများမှာ ချိုင့်ကြီးလွန်းသဖြင့် ယာဉ်မောင်းသူများနှင့် လမ်းသွား လမ်းလာများအတွက် အလွန်ပင် ဒုက္ခရောက်နေကြရပြီး အဆိုပါ ချိုင့်ခွက်များအား ရှောင်ကွင်း သွားနေရသဖြင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေပါသည်။ တိုင်းဒေသကြီး ၀န်ကြီးချုပ် မြိတ်ရောက်စဉ်က  အဆိုပါ လမ်းများအား ဟန်ပြအဖြစ် အနည်းငယ်သာ ပြုပြင်ပြလိုက်ပါသည်။ ၎င်းလမ်းများအား မြိတ်မြို့အမတ် ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီမှ ပြုပြင်ရန်...

Sunday, May 6, 2012

ရှင်းစရာမလိုသော "မရှင်းတမ်း" နှင့် မလည်ရှုပ်ဇာတ်လမ်း

          22.4.2012 ရက်နေ့က မြိတ် NLD ပါတီရုံး၌ "မဲအေင်နိုင်ရေးဂုဏ်ပြုပွဲ" ပြုလုပ်ရန်အတွက် အစည်းအဝေးတစ်ရပ် ကျင်းပရာ .. ၄င်းအစည်းအဝေး၌ သဘာပတိအဖြစ် ဦးအောင်မြင့်က ဆောင်ရွက်၍ အခမ်းအနားမှူးအဖြစ် ကိုမြတ်ကို (ဖိုးပါချင် ဆိတ်လစေ့ဟု မြိတ်နိုင်ငံရေး အသိုင်းအ၀ိုင်း၌ နာမည်ကြီးနေသူ) က ဆောင်ရွက်ပြီး ပါတီဝင်အင်အား (၃၀) ကျော်ခန့် တက်ရောက်ခဲ့ကြ ပါသည်။ ယင်းအခမ်းအနား၌ "မဲအောင်နိုင်ရေး ဂုဏ်ပြုပွဲ" အတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေး ကြပြီး နောက် လူငယ်များမှ "အောင်နိုင်ရေး အသုံးစရိတ်...