Monday, May 21, 2012

မြိတ်မြို့လယ်မှ ပျက်ဆီးနေသော လမ်းများအား ပြင်ဆင်ပေးပါရန်..


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြို့လယ်ခေါင်ရှိ လမ်းများမှာ မိုးရာသီ မရောက်ခင် ကတည်းက အလွန်ပင် ပျက်စီးမှုများ ကြုံတွေနေရပါသည်။ တစ်ချို့လမ်းများမှာ ချိုင့်ကြီးလွန်းသဖြင့် ယာဉ်မောင်းသူများနှင့် လမ်းသွား လမ်းလာများအတွက် အလွန်ပင် ဒုက္ခရောက်နေကြရပြီး အဆိုပါ ချိုင့်ခွက်များအား ရှောင်ကွင်း သွားနေရသဖြင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေပါသည်။ တိုင်းဒေသကြီး ၀န်ကြီးချုပ် မြိတ်ရောက်စဉ်က  အဆိုပါ လမ်းများအား ဟန်ပြအဖြစ် အနည်းငယ်သာ ပြုပြင်ပြလိုက်ပါသည်။

၎င်းလမ်းများအား မြိတ်မြို့အမတ် ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီမှ ပြုပြင်ရန် တာဝန်ယူထားကြောင်း ကြားသိရသော်လည်း ယခုထက်တိုင် ပြုပြင်ခြင်းမရှိပဲ ကျောက်နှင့်သဲများအား ပြုပြင်မည့်အတိုင်း ဟန်ရေးပြအဖြစ် ပုံထားသည်။ ၎င်းဦးဌေးမြင့်သည် ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်း လမ်းများအား ကောင်းအောင် ပြုပြင်ပေးမည်။ လျှပ်စစ်မီးများအား တယူနစ်(၂၀၀)ကျပ်ဖြင့် ရအောင် လုပ်ပေးမည်ဟု အတုအယောင် ကတိများ အမျိုးမျိုးပေးကာ စည်းရုံးခဲ့ပါသည်။ မြိတ်မြို့၏ ကြံ့ဖွံ့ လွှတ်တော် ကိုယ်စားလှယ်ကြီး များမှလည်း ယခုအခါ ၎င်းလမ်းကိစ္စများအား မိမိနှင့်မဆိုင်သလို ယခင်(မဆလခေတ် ၊စစ်အစိုးရခေတ်)က အတိုင်း ရေငုံနုတ်ပိတ် နေခဲ့ကြပါသည်။

သို့ဖြစ်ပါ၍ မြိတ်မြို့လယ်၌ အရုပ်ဆိုး အကျဉ်းတန်  ဖြစ်နေပြီး ချိုင့်များအား ရှောင်ကွင်းသွားရသည့် အတွက်  မလိုလားအပ်သည့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်နေသည့်  ပျက်ဆီးနေသော အဆိုပါလမ်းများအား အမြန်ဆုံး ပြုပြင်ပေးပါရန် တင်ပြလိုက်ရပါသည်။
ညွှန်း- ဒီမိုဝေယံ http://www.demowaiyan.org/2012/05/blog-post_9979.html

0 comments: