Monday, May 21, 2012

မြိတ် NLD အောင်နိုင်ရေး ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ


 ၂၀.၅ ၂၀၁၂ (တနင်္ဂနွေ) နေ့ နံနက် (၇း၀၀)နာရီတွင် တနင်္သာရီတို်င်း မြိတ်မြို့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့် ကျွှန်းစုမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးတွင် မေတ္တာဖြင့်ပါဝင် ကူညီပေးခဲ့ကြသော အလှူရှင်များ၊ ကျွန်းစုမြို့နယ်ရှိ ကျေးရွာ အသီးသီးမှ ပါတီဝင်များနှင့် မိဘပြည်သူများကို ဂုဏ်ပြုလက်မှတ် ပေးအပ်ပွဲ အခမ်းအနားအား မြိတ်မြို့နယ် ဆိပ်ငယ်ရပ်ကွက်ရှိ ဘုံတိုက်စိမ်း ခန်းမတွင် ပြုလုပ်သွားခဲ့ပါတယ်.။ အခမ်းအနားတွင် ကျွန်းစုမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီနှင့် တိုင်းအောင်နိုင်ရေးအဖွဲ့ဝင် ဦးလှမင်းတို့မှ ဂုဏ်ပြု ကျေးးဇူးတင် စကားပြောကြားပြီး မဲဆန္ဒနယ်မြေ အလိုက် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြပါတယ်.။
ယင်းနောက် တိုင်းအောင်နိုင်ရေး အဖွဲ့ဝင် ဦးလှမင်းမှ အပိတ် ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။ ဧည့်သည်တော်များကို လဖက်ရည် မုန့်များနှင့် ဧည့်ခံကျွေးမွေးပြီး ၄င်းအခမ်အနားတွင် ပြည်ခိုင်ဖြိုးပါတီဝင်များလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments: