Saturday, December 1, 2012

မြိတ်မြို့ လော့လော့ကျေးရွာနှင့် ပင်းအိုကျေးရွာ ရပ်မိရပ်ဖများ ကော့သောင်း ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ လေ့လာ


သန်းဖြိုးသူ ကုမ္ပဏီမှ မြိတ်မြို့တွင် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်မည့် လော့လော့ကျေးရွာရှိ ရပ်မိရပ်ဖ(၁၁)ဦး၊ ပင်းအို ကျေးရွာမှ (၃)ဦးနှင့် မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးဆောင် လူငယ်များ အဖွဲ့မှ (၈) ဦးတို့သည်  ကော့သောင်းမြို့သို့ သွားရောက်၍ ကော့သောင့်မြို့တွင် သန်းဖြိုးသူ ကုမ္ပဏီမှ တည်ဆောက်ပြီးစီး လှည်ပတ်လျက် ရှိသည့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ နိုဝင်ဘာ (၂၉) ရက်နေ့တွင် လေ့လာရေး သွားရောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ သွားရောက် လေ့လာရာတွင် စက်ရုံမှူးမှ ကျောက်မီးသွေး စက်ရုံ လှည်ပတ်မှု အဆင့်ဆင့်၊  သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် ဆောင်ရွက်မှု အခြေအနေ များကို ရှင်းပြခဲ့ပြီးနောက်  လေ့လာရေး သွားရောက်ခဲ့သည့် ရပ်မိရပ်ဖများမှ သိရှိလိုသည်များ မေးမြန်းရာ စက်ရုံမှူး မှ  အသေးစိတ် ရှင်းပြခဲ့ပြီး စက်ရုံအတွင်း လှည့်လည် ပြသ ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။ 

အလားတူ ထိုရက်များတွင် ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ် အဖြစ်  ကော့သောင်းမြို့သို့ ရောက်ရှိနေသည့်  ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အဖွဲ့အား ကျောက်မီးသွေး စက်ရုံသို့ လာရောက် လေ့လာ ပါရန် (၆) ကြိမ် ဖိတ်ကြားခဲ့သော်လည်း ကိုမင်းကိုနိုင်နှင့် အဖွဲ့မှ သွားရောက် လေ့လာခြင်း မပြုခဲ့ကြောင်း သိရှိရပါသည်။

စက်ရုံမှူးက ရှင်းလင်းနေစဉ်

 စက်ရုံအတွင်း လေ့လာစဉ်

  စက်ရုံအတွင်း လေ့လာစဉ်

  စက်ရုံအတွင်း လေ့လာစဉ်

  စက်ရုံအတွင်း လေ့လာစဉ်

  စက်ရုံအတွင်း လေ့လာစဉ်

 စကာဖြုတ်ပြီး ခုတ်မောင်းစဉ်

စကာတပ်ပြီး ခုတ်မောင်းစဉ်


0 comments: