မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Friday, January 20, 2012

ဘာအတွက် ငါ.မဲကို ထည့်ရမှာလဲ- ပေးရမှာလဲ၊ (I VOTE FOR WHAT)

ကျွန်းစုမြို့နယ် မဲဆန္ဒရှင်ပြည်သူတွေအနေဖြင့် ပါတီတွေက အမတ်လောင်းတွေကို မဲ မပေးခင် ဘာအတွက် ငါ.မဲကို ထည့်ရမှာလဲ ဘာအတွက် ငါ့ မဲကို ပေးရမှာလဲ ရှင်းရှင်းလင်းလင် မေးဖို. လိုပါသည်။

ပါတီတခုချင်းစီက ကိုယ်စားလှယ်လောင်း တဦးချင်စီကို ဒီမေးခွန်းတွေကို သေခြာမေးပြီး မဲ ပေးခြင်းက ကိုယ့်ဘ၀ ကိုယ့် ကကြမ္မာ ဖန်တီးရာ ရောက်ပါမည်။

ကိုယ့်အတွက် ကိုယ့်ဒေသ အတွက် ဘာက အဓိက အရေးကြီးလဲ ဘာကို အဓိကဦးစားပေးပြီး ဆောင်ရွက်ပေးမှာလဲ ဘယ်လို လက်တွေ.ကျကျနဲ. တခြားအမတ်လောင်းတွေ ပါတီတွေ နဲ.မတူအောင် လုပ်ပေး မလဲဆိုတာ အသေးစိတ် ရှင်းပြခိုင်းပြီး ကိုယ်ကျေနပ်မှ ကိုယ်စိတ်ချ ယုံကြည်မှသာ သင့် မဲ ကို ပေးပါ။ VOTE WHAT YOU LIKE TO DO လို. ဆိုချင်ပါသည်။

ဒီမိုကရေစီအရေး လွတ်လပ်ရေး လူ.အခွင့်အရေး တရားဥပဒေ စိုးမိုးရေးနဲ. ဒေသဖွံ.ဖြိုးရေး တွေ လုပ်ပေးမယ်လို. ယေဘူယျနဲ. လာပြီး မဲဆွယ်ခဲ့ရင် အဲဒီ အမတ်တွေကို ပြန်မေးဖို.လိုပါ သည်။ အခု တရားဝင် ရပ်တည်နေတဲ့ ပါတီ ၄၇ ပါတီမှာ အထက်ပါ သီအိုရီသဘောတရား တွေကို လုပ်မပေးဘူး မထောက်ခံဖူးဆိုတဲ့ ပါတီတွေရော ရှိသေးလို.လား။ အားလုံးကို သွား မေးရင် ဒီဟာတွေကို လုပ်ပေးမယ်လို. ပြောမဲ့ ပြောနေကျတဲ့ သူတွေချီးပဲ မဟုတ်ဖူးလား။ ။ ဒါကြောင့် ယေဘူယျတွေ သီအိုရီတွေ မဟုတ်ပဲ ကိုယ့် မဲဆန္ဒနယ်မြေအတွက် လက်တွေလဲ ကျကျ တိုင်းတာလို.ရတဲ့ Measurable ဖြစ်ပြီး မြင်သာ ထင်သာရှိနိုင်တဲ့ လုပ်ပေးစေချင်တဲ့ ကိစ္စတွေကို ဘယ်လို ဖြစ်အောင် လုပ်ပေးမလဲဆိုတာ ထောက်ပြီး မေးဖို. စစ်ဆေးဖို.လိုပါသည်။

၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲနဲ. မတူတော့ပါ-- ပြောရရင် တပါတီ အာဏာရှင် မဆလပါတီ တဖြစ်လဲ တစညလဲ ဒီမိုကရေစီပါတီဖြစ်လာသလို စစ်အာဏာရှင်စနစ်ကို ကြား ကန်ခဲ့တဲ့ ကြံခိုင်ရေးလဲ ဒီမိုကရေစီပဲ လို. ပြောနေပြီ မဟုတ်လား။ ဒီတော့ ဒီမိုကရေစီတို. လူ.အခွင့်အရေးတို. ဒေသ ဖွံ.ဖြိုးရေးတို.ဆိုတဲ့ ယေဘူယျသဘော ပြောတာလောက်နဲ.တော့ ဘယ်ပါတီ ဘယ်ကိုယ်စားလှယ်လောင်းကိုမှ မေးပေးဖို. မဆုံးဖြတ်သင့်တောပါ။

တကယ် လက်တွေ.ကျကျနဲ. ဘယ်ကိစ္စကို ဘယ် လုပ်ပေးမယ်ဆိုတာ အသေးစိတ် တင်ပြ နိုင် ရှင်းပြနိုင်တဲ့ အမတ်လောင်းတွေကိုပဲ မဲပေးဖို. လိုပါမည်။ အခုရွေးကောက်ပွဲဟာ အာဏာရှင်နဲ. ဒီမိုကရေစီအကြား ခွဲခြားတဲ့ ပွဲမဟုတ်ပဲ ဘယ်ကိုယ်စားလှယ်က ဘယ်လောက် အထိ လက် တွေ.ကျကျ လုပ်ပေးနိုင်မလဲဆိုတဲ့ အရည်အချင်းနဲ. လုပ်ရည်ကိုင်ရည်က အရေးကြီးတဲ့ ပွဲ ဖြစ်လာပါသည်။ သူဖက်က ဘယ်ကိစ္စကို လက်တွေ.ကျကျ ဘာလုပ်ပေးမယ်လို. ရေရေရာရာ မပြောနိုင်ရင်တော့ အဲဒီအမတ်လောင်းဟာ သင့် မဲ နဲ. ထိုက်တန်သူ မဟုတ်ပါ။

ဒါကြောင့် ဘယ်အမတ်လောင်းက ကိုယ့်ဒေသ ကောင်းကျိုးကို လုပ်ပေးမလဲဆိုတဲ့ လက်တွေ. ကျတဲ့ ထောက်ပြမှုတွေနဲ. အမတ်လောင်းတွေဆီက အသေးစိတ် ရှင်းပြနိုင်သူ တကယ် လုပ်ပေးနို်င်တာကိုပဲ တာဝန်ယူ ကတိပေးသူကိုပဲ ရွေးချယ်ခြင်းက ဒေသအတွက် အာမခံချက် အရှိဆုံးပါ။

ကိုယ့်အတွက် အရေးကြီးတာက ရွာမှာ ဆေးခန်းရဖို။ ကျန်းမာရေးအတွက်လာ။ ရွာမှာ စာသင်ကျောင်းရဖို. ပညာရေးအတွက်လား၊ လမ်း တံတားနဲ. သယ်ယူပို.ဆောင်ရေးလား။ ရေရရှိရေးအတွက်။ မီးရရှိဖို. မီး မှန်မှန် လာဖို.လား။ အမှိုက် မှန်မှန် သိမ်းဖို.လာ.။ စီးပွားရေးလား။ အခွန် လျော့ကောက်ရေးလား။ အလုပ်အကိုင်နဲ. အိမ်ယာကိစ္စအတွက်လား သဘာဝ ပတ်ဝန်းကျင်နဲ. မြစ်ချောင်းထိမ်းသိမ်းရေးလား၊ တရားဥပဒေစိုးမိုးရေးနဲ. ရာဇ၀တ်မှု ကျဆင်ရေး ရပ်ကွက်အေးချမ်းလုံခြုံရေးလား။ ဆင်းရဲမှု ပ ပျောက်ရေးလား၊ မြေယာ ပြုပြင် ပြောင်းလဲရေးလား၊ လွတ်လပ်စွာ စိုက်ပျိုး သိုလှောင် ရောင်ချခွင့်လား။ လာဒ်စားမှု တိုက်ဖျက် ရေးလား---- စတဲ့ လူတဦးချင်းစီ နယ်တနယ်ချင်းစီ ရွာတရွာချင်းစီ၏ လိုအပ်ချက် တွေဟာ မတူနိုင်တာမို. ကိုယ့်အတွက်အရေးကြီးတယ် ဦးစားပေးစေချင်တဲ့ လုပ်ငန်းတွေကို အကောင် အထည် ဖော်ပေးနိုင်မည့် အမတ်လောင်းကိုသာ သင့်၏ မဲ ဖြင့် ထောက်ခံလိုက်ပါ။ လုံးဝ မမှာပါ။ ဒါမှ နိုင်ငံတော်တို. ပြည်သူလူထု ဆိုတဲ့တာ တကယ်တော့ မဲ ပေးတဲ့ မဲ ဆန္ဒရှင်တွေကိုပဲ အဓိက ရည်ညွှမ်းရမှာပါ---

မဲမပေးခင်မှာလဲ မင်းကို ရှင့်ကို ကျနော် ကျမက ဘာအတွက် ငါ့ မဲကို ထည့်ရမှာလဲ ပေးရမှာ လဲ ငါ့အတွက် လက်တွေ. အရေးကြီးတဲ့ ကိစ္စကို ဘယ်လို လုပ်ပေးမှာလဲဆိုတာ သေခြာ မေး မြန်း စုံစမ်းပြီးမှသာ သင့်ရဲ့ မဲကို ထည့်ပေးပါ။ မဟုတ်ရင် ဒီမိုကရေစီဆိုတဲ့ စကားလုံးတွေနဲ. လာပြီး ပနာယူနေသူတွေ ဖြစ်တာမို.---- စိတ်ထဲမှာပဲ ကံတော့် ဆွမ်းလို.သား အော်လိုက်ပါ---မဲပေး ထောက်ခံရမည့် ကိုယ်စားလှယ် မဟုတ်ပါ။

ရွေးကောက်ပွဲမှာ မဲပေးတာဟာ ကုမ္ဗဏီတခုက လုပ်တဲ့ Survey တခု ဖြေတာနဲ. မတူပါ။ ရွေးကောက်ပွဲမှာ I VOTE FOR WHAT ဆိုတာ မဲပေးသူတွေက ရှင်းရှင်းလင်းလင်း ဖြစ်လာမှ လက်တွေ. အကျိုးရှိမှာ။ ဒီမိုကရေစီဆိုယုံနဲ.တော့ မဲပေးဖို. မလုံလောက်တော့ပါ။ မဲပေးခွင့်ရှိသူတိုင်း မဲပေးဖြစ်အောင် ပေးပြီး ကိုယ့်အနာဂတ်ကို လက်တွေ. ဖန်တီးပါ။ ။ ။

ရည်ညွှန်း Udp Myanmar

Wednesday, January 18, 2012

ကျွန်းစုမြို့နယ် NLD ကိုယ်စားလှယ်လောင်းအား ပါတီဝင်များက မနှစ်သက်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်တင်တင်ရီအား ၂၀၁၂ ဇန်န၀ါရီလ (၁၇) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် ကြေညာချက် အမှတ် - ၅/၁/၂၀၁၂ ဖြင့် မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် လစ်လပ်လျက် ရှိသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာတွင် ဒေါ်တင်တင်ရီအား ၀င်ရောက် အရွေးချယ်ခံရန် တာဝန် ပေးအပ်လိုက်ခြင်း အပေါ် မြိတ်ခရိုင်အတွင်းရှိ မြိတ် ကျွန်းစု ပုလော တနင်္သာရီ မြို့နယ်များရှိ အဖွဲ့ချုပ် အမှုဆောင်အဖွဲ့နှင့် ပါတီဝင်များက မနှက်သက်ကြောင်းနှင့် ဒေါ်တင်တင်ရီ အား မလိုလားကြောင်း သိရှိရသည်။

၎င်းတို့အနေဖြင့် ဒေါ်တင်တင်ရီအား မနှက်သက်ရခြင်းမှာ ဒေါ်တင်တင်ရီသည် ပါတီ အကြပ်အတည်း ဖြစ်နေစဉ် ကာလများတွင်း ၀င်ရောက်ပါဝင် လှုပ်ရှားခြင်း မရှိပဲ ရှောင်ပြေးနေကြောင်း၊ အဆင်းရဲ အပင်ပန်းခံပြီး ဆောင်ရွက်ရာတွင် မိမိတို့သာ ဆောင်ရွက်ခဲ့ရကြောင်း ၊ မိမိတို့ အနေဖြင့် ထောင်မကြောက် တန်းမကြောက် စီးပွားရေး အပျက်ခံပြီး ပါတီရပ်တည်ရေးအတွက် စည်းရုံးလှုပ်ရှား နေချိန်တွင် ဒေါ်တင်တင်ရီမှာ ၄င်း၏ ရုပ်သိမ်း ထားခြင်း ခံရသော ရှေ့နေလိုင်စင် ပြန်လည်ရရှိရေးအတွက် အာဏာပိုင် အဖွဲ့အစည်းများအား ပူးပေါင်းပြီး ပါတီနှင့် မဆိုင်သလို နေခဲ့ကြောင်း ကျွန်းစုမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဖိုးကြည်က ပြောကြားသည်။

ထို့အပြင် ဒေါ်တင်တင်ရီသည် ဗုဒ္ဓဘာသာ အမည်ခံထား သော်လည်း ၄င်းမှာ ခရစ်ယာန် ဘာသာ ကိုးကွယ်သူ တစ်ဦးဖြစ်ကြောင်း၊ မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရှင်သန်ရေးအတွက် မိမိတို့ အစ္စလာမ်ဘာသာဝင် အများစုကသာ ထောင်အကျခံ၍ ဆောင်ရွက်ခဲ့သော်လည်း တကယ့် ပြိုင်ဆိုင်ရမည့် ကိစ္စ ပေါ်ပေါက် လာသည့်အခါ၊ အခွင့်အရေး ရရှိသည့် အခါတွင် ခရစ်ယာန် ဘာသာဝင် ဖြစ်သူကသာ ရရှိသဖြင့် မိမိတို့ အနေဖြင့် မကျေနပ်ကြောင်း မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစ္စလာမ် ဘာသာဝင်တစ်ဦးက ပြောကြားခဲ့သည်။
ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ၏ ကိုယ်ရေးအကျဉ်း
အမည် - ဒေါ်တင်တင်ရီ
အဘအမည် - ဦးလှဖေ
မွေးသက္ကရာဇ် - ၂၃-၁၁-၁၉၄၆
လူမျိုး / ဘာသာ - ဗမာ / ဗုဒ္ဓ (ခရစ်ယာန်ဘာသာကိုးကွယ်)
နိုင်ငံသားစိစစ်ရေးအမှတ် - ၆/မအရ(နိုင်) 079523
ပညာအရည်အချင်း - ဥပဒေဘွဲ့
အလုပ်အကိုင် - အထက်တန်းရှေ့နေ (လိုင်စင်ရုပ်သိမ်းခံထားရ)
ခင်ပွန်းအမည် - ဦးခင်မောင် (ဂျွန်ခင်မောင်) / အင်္ဂလိပ်စကားပြောသင်တန်း
သားသမီးအမည် - (၁) မမာလာခင် (၄၄)နှစ် ၊ ၆/မအရ(နိုင်)079352
(၂) မသူဇာခင် (၄၂)နှစ်၊ ၆/မအရ(နိုင်)080293
(၃) ၀င်းဇော်ခင် (၄၁)နှစ်၊ ၆/မအရ(နိုင်)079326
(၄) သန့်ဇော်ခင် (၄၀)နှစ်၊ ၆/မအရ(နိုင်) 002185

Sunday, January 15, 2012

ဗိုလ်ချုပ်ချစ်သန်း(ငြိမ်း) ကျွန်းစုမြို့နယ်မှ ၀င်ပြိုင်မည်

ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်လျက် ရှိသော တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလောင်း နေရာအတွက် ဗိုလ်မှူးချုပ်ချစ်သန်း(ငြိမ်း)အား ပြည်ခိုင်ဖြိုး ပါတီမှ ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိမ်းက (၁၄-၁-၂၀၁၂) ရက်နေ့ မြိတ်မြို့၌ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် တရားဝင် ကြေညာလိုက်သည်။ ဦးမောင်မောင်သိမ်းသည် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး ပါတီ တာဝန်ခံလည်းဖြစ်သည်။

ဗိုလ်ချုပ်ချစ်သန်း (ငြိမ်း) သည် ဘုတ်ပြင်းမြို့ အခြေစိုက် အမှတ်(၁၃) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် တွင် တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ်ပါ တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်သည်။ ယခု လက်ရှိတွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့တွင် ရထားဝန်ကြီး ဦးအောင်မင်းနှင့် အတူ ပါဝင် ဆောင်ရွက်လျက် ရှိပြီး ၄င်းအား ကရင်လူမျိုး အများစု က ယုံကြည် လေးစား ကြကြောင်း သိရှိသည်။

ဗိုလ်ချုပ်ချစ်သန်း(ငြိမ်း) ၀င်ရောက် ယှဉ်ပြိုင်မည့် ကျွန်းစုမြို့နယ် တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါက်တာတင်မျိုးဝင်း ၀င်ရောက် ယှဉ်ပြိုင်မည်ဟု သတင်း ထွက်လျက် ရှိသည်။ ဒေါက်တာတင်မျိုးဝင်း အနေဖြင့် အနိုင်ရရင် မလွယ်ကူကြောင်း ဝေဖန် ပြောကြားလျက် ရှိသည်။

လစ်လပ်လျက်ရှိသော ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်သည် ယခု လက်ရှိ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၏ လစ်လပ်နေရာ ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပြိုင်ဖက် မရှိကြောင်း သိရှိ ရသည်။

Tuesday, January 3, 2012

မြိတ်မြို့ မြိတ်တောင်ရပ်ကွက် မီးသတ်ကားနှင့် ရေသယ်ယာဉ် ၀ယ်ယူရေး နိုးဆော်လွှာ


မြိတ်မြို့အတွင်းရှိ ရပ်ကွက် များသည် မီးဘေး ကြိုတင် ကာကွယ်ရေးနှင့် မီးလောင်မှု ဖြစ်ပွားလာပါက ကြီးမားစွာ ဆုံးရှုံးမှု မဖြစ်ပေါ် စေရေးအတွက် ရပ်ကွက် အလိုက် ကိုယ့်အား ကိုယ်ကိုး၍ မီးသတ်ကားနှင့် ရေသယ် ယာဉ်များအား ၀ယ်ယူလျက် ရှိရာ မြိတ်မြို့ မြိတ်တောင် နယ်မြေ၌လည်း မီးသတ်ကားနှင့် မီးသတ်ယာဉ်များ ၀ယ်ယူနိုင်ရေး ကော်မတီဖွဲ့၍ ဆောင်ရွက်လျက် ရှိရာ (၂၅-၁၂-၂၀၁၁) ရက်နေ့မှ (၂-၁-၂၀၁၂) ရက်နေ့အထိ ကော်မတီဝင်များနှင့် လုပ်ငန်းရှင်များမှ လှူဒါန်းငွေ (၁၂၂)သိန်းကျော် ရရှိပြီး ဖြစ်သဖြင့် ရေသယ်ယာဉ် တစ်စီးအား ၀ယ်ယူ ထားရှိပြီးဖြစ်ပါသည်။ မီးသတ်ယာဉ် တစ်စီးအား မကြာမီ ကာလအတွင်း ၀ယ်ယူနိုင်တော့မည် ဖြစ်ရာ စေတနာရှင် အလှူရှင်များ အနေဖြင့် အောက်ပါ ပုဂ္ဂိုလ်များ ထံတွင် ဆက်သွယ် လှူဒါန်း နိုင်ကြောင်း နိုးဆော် အပ်ပါသည်။

(က) ဦးစိန်မင်း - ရပ်ကွက်အုပ်ချုပ်ရေးမှူး (ဖုန်း 059-41631 / 098770025 )

(ခ) ဦးထွန်းမြင့် - သစ်စက်လုပ်ငန်းရှင် ( ဖုန်း 098761851)

(ဂ) ဦးစံသိန်း - သင်းပေါင်းရောင်း/၀ယ် ( ဖုန်း 098761647 )

(ဃ) ဦးဘစိုး (ခ) ဦးစိုးသိန်း - မြို့သစ်(၁)ရပ်ကွက် ( ဖုန်း - 098760602 )

(င) ဦးထွန်းဥာဏ် (ဂရင်း မင်္ဂလာခန်းမ ) ထားဝယ်ကမ်း(၁) ( ဖုန်း 0949874289 )

(စ) ဦးထွန်းအေး ( မြို့သစ်ဈေးကုန်မျိုးစုံဆိုင်) (ဖုန်း - 098761788 )

(ဆ) ဦးကောက်ရိုက် ( ဌေး-သစ်စက်မိသားစု) (ဖုန်း - 098761547 )

Friday, December 30, 2011

မြိတ် အထက(၂) မြတ်ဆရာပူဇော်ပွဲ


မြိတ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၏ (၁၁) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲနှင့် မိတ်ဆုံ စားပွဲကို (၈-၁-၂၀၁၁) တနင်္ဂနွေနေ့ ညနေ (၃) နာရီမှ ည (၁၀) နာရီအထိ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါသည်။ ရပ်နီးရပ်ဝေးမှ ကျောင်းသူ / ကျောင်းသား ဟောင်းများ တက်ရောက်ဖို့ ဖိတ်ကြားအပ်ပါတယ်။

Tuesday, May 26, 2009

လူသားစား မိကျောင်း ဖမ်းဆီရမိ

လူသားစား မိကျောင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ် မိုင်းသွေးရွာတွင် ဖမ်းဆီရမိ

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကော်ဇယာ ကျေးရွာ အုပ်စု အနှိုင်းကျေးရွာ အနီး အနှိုင်းချောင်း အရှေ့ဘက် ကမ်းရှိ ကျွန်းပုတ်ချောင်းတွင် ၀င်းနိုင်ဦး (အသက် -၃၁)နှစ်နှင့် အဖော် တစ်ဦးသည် (၁၇-၅-၂၀၀၉) ရက်နေ့ နံနက် (၇)နာရီတွင် နေ့လည် သစ်ခုတ်နေရာမှ ချောင်းကို ဖြတ်ကူးစဉ် မိကျောင်းတစ်ကောင်သည် ရေထဲမှ ပေါ်ထွက်လာပြီး ၀င်းနိုင်ဦးအား ကိုက်ဆွဲသွားသည်ကို အဖော်ဖြစ်သူမှ မြင်တွေ့ရသဖြင့် ရွာသို့ ပြန်လည် အကြောင်းကြားခဲ့ရာ့ မိုင်းသွေး ကျေးရွာ နှင့် ရှမ်းဘုံကျေးရွာမှ လူအင်အား (၈၀) ဦးခန့်ဖြင့် မိကျောင်း ကိုက်ဆွဲ သွားသော လူကို ကယ်တင်နိုင်ရေး အတွက် မိကျောင်းအား စက်လှေများ ၊ လက်နက် ကိရိယာများဖြင့် လိုက်လံ ဖမ်းဆီးကြသည်။

ထိုသို့ လိုက်လံ ဖမ်းဆီးရာတွင်တွင် မိကျောင်းကိုက်ခံရပြီး (၁)ရက်ကြာပီးနောက် (၁၉-၅-၂၀၀၉) ရက်နေ့ နေ့လည် (၁)နာရီခန့်အချိန်တွင် မိကျောင်းအား ရွာသားများမှ အသေဖမ်းဆီးရမိပြီးနောက် ဖမ်းဆီးရမိသော မိကျောင်းအား စက်လှေဖြင့် တင်လာပြီးနောက် မိုင်းသွေးရွာ ကွက်သစ်တံတားဦးတွင် (၂၀-၅-၂၀၀၉)ရက်နေ့ နံနက်(၁၁)နာရီခန့် အချိန် တာဝန်ရှိသူများ ရှေ့မှောက်တွင် မိကျောင်းဝမ်းဗိုက်ထဲတွင် ရှိသော ၀င်းနိုင်ဦး၏ အလောင်းအား ခွဲထုတ်ယူသည်။

ဝင်းနိုင်ဦးအား စားမျိုခဲ့သော မိကျောင်းမှာ အလျားပေ အရှည် (၁၆)ပေ (၆)လက်မ၊ လုံးပတ် (၆)ပေ ရှိကြောင်း သိရှိရသည်။







Tuesday, March 24, 2009

မြိတ်ကျွန်းစုလေးတွေကို Vote ပေးကြမလား

မြိတ်ကျွန်းစုလေးတွေကို Vote ပေးကြမလား

မောင်ရဲခေါင် (စီလီကွန် လွင်ပြင်)

San Francisco Bay Area ရှိ လူငယ် ဗုဒ္ဓဘာသာ သင်တန်း တစ်ခုတွင် ဖြစ်ပါသည်။ လူငယ်သင်တန်း ဆိုပေမယ့် အမေရိကန်ပြည်တွင် ကြီး၍ အင်္ဂလိပ် စကားသာ အဓိကပြောသော အသက် (၁၀) နှစ်မှ (၁၇) နှစ်ခန့် အထိ အရွယ်စုံ ပါဝင်သော မျိုးဆက်သစ် မြန်မာ လူငယ်လေးများ အတွက် ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မြန်မာ့ ယU်ကျေးမှု ရေးရာများကို အဓိက မိတ်ဆက် သင်ကြားပေးသည့် လစဉ်သင်တန်း တစ်ခု ဖြစ်ပါသည်။ ထို တစ်လက မြန်မာ့ ယဉ်ကျေးမှု မိတ်ဆက်ကဏ္ဍ အတွက် ကျွန်တော့် တာဝန်ကျရာ ယဉ်ကျေးမှုများအား အမိ မြန်မာပြည် အကြောင်းကို အရင် မိတ်ဆက်ပြောပြရန် ပြင်ဆင်ထားမိသည်။

သင်တန်း မစမီတွင် သင်တန်းသူ၊ သင်တန်းသားလေး များအား “Burma (သို့) Myanmar ဟုခေါ်သည့် အမိမြေ အကြောင်း မည်မျှ သိသနည်း၊ ဘာတွေသိထား သနည်း” ဟု အရင် မေးကြည့်ရာ ကျွန်တော် ဘာဆက်ပြော ရမှန်း မသိ ဖြစ်သွား၏။ သူတို့၏ ဖြေပုံလေးတွေကို ကြည့်၊ ကြည့်ပါ။ ‘Very Hot’ တဲ့၊ ‘Dirty’ တဲ့၊ ‘Bad Government’ တဲ့၊ ‘Mosquito’ တဲ့၊ ‘Poor People’ တဲ့၊ ကုန်ရော။ “မင်းတို့ ပြောတာတွေလည်း ဟုတ်ပါတယ်၊ ဒါတွေက နောင် အခြေအနေ အရ ကြိုးစားပြီး ပြုပြင်ယူလို့ ရပါတယ်။ နောက် ကောင်းတာ တွေလည်း ပြောပြပါဦး ” ဟု တိုက်တွန်းတော့မှ ‘A Lot of Pagodas’ ၊ ‘Friendly People’ ၊ ‘Good Food’ တဲ့။ ကျွန်တော်လည်း အဲဒီတော့မှ “တခြား ကောင်းတာ တွေလည်း ရှိပါသေးတယ်” ဟု ဆိုပြီး မြန်မာပြည်၌ သယံဇာတ နှင့် သဘာဝ အရင်းအမြစ်များ ကြွယ်ဝပုံ၊ ဇီဝ မျိုးကွဲများ စုံလင်ပုံ၊ ကိုယ်ပိုင် ယဉ်ကျေးမှု နှင့် တိုင်းရင်းသား ပေါင်းစုံ ယှဉ်တွဲ နေထိုင်ကြပြီး ကမ္ဘာ့အဆင့်မီ Civilization များ ထွန်းကားခဲ့ပုံ၊ ဦးသန့် အစရှိသည့် ကမ္ဘာသိ ထူးချွန် ကျော်ကြားသော မြန်မာများ နှင့် ထူးခြား လှပသော နေရာေ ဒသများ အကြောင်း စသည်ဖြင့် သူတို့ သိနိုင်အောင်
ရှင်းပြမိပါသည်။

ဟုတ်ပါသည်။ ကျွန်တော်တို့၏ အမိတိုင်းပြည်တွင် ကမ္ဘာ့ အံ့ဖွယ် ထူးခြားသော ယဉ်ကျေးမှု အမွေအနှစ် နှင့် သဘာဝ နေရာဒေသ များစွာ ရှိပါသည်။ ကျွန်တော်တို့ ကိုယ်တိုင် မသိကြ၍နှင့် သူများသိအောင် ပြန်မပြောတတ်၍သာ တိမ်မြုပ် သလို ဖြစ်နေခြင်း ဖြစ်ပါသည်။ တစ်ချို့တော့ ကြားမိလိုက်ကြမည် ထင်ပါသည်။ 2007 July တုန်းက New 7 Wonders အဖွဲ့  ကြီးမှ ကြီးမှူး၍ ကမ္ဘာ့ အံ့ဖွယ် (၇) သွယ်စာရင်းသစ်ကို ကမ္ဘာ့ လူသား သန်းပေါင်း ရာကျော်၏ Internet ဆန္ဒမဲများဖြင့် ရွေးချယ် သတ်မှတ်ခဲ့ကြရာတွင် မြန်မာပြည်မှ ပုဂံ နှင့် ရွှေတိဂုံ စေတီတော် တို့မှာ Nominate လုပ်မည့်လူပင် မရှိ၍ ဆန်ခါတင် စာရင်း မပြော နှင့် Nominee စာရင်းတွင်ပင် မပါခဲ့ရပါ။

ကျွန်တော်လည်း Yahoo News ထဲတွင် ကမ္ဘာ့ အံ့ဖွယ် နောက်ဆုံး ဆန်ခါတင် (၂၁) နေရာစာရင်း ကိုရွေးချယ် ပြီးကြောင်း သတင်းပါလာတော့မှသာ နောက်ကျစွာ သိခဲ့ရခြင်း ဖြစ်ပါသည်။ တကယ်တော့ မြန်မာတို့၏ အံ့ဖွယ် ဖြစ်သော ပုဂံမြေသည် World’s Man-made Travel Wonders များ စာရင်းတွင် နံပါတ် (၆) နေရာ၌ ရှိနေရာ၊ အခွင့်အရေးသာ ရခဲ့ပါက ကမ္ဘာ့ Aံ့ဖွယ် (၇) သွယ် စာရင်း၌ ထိုက်ထိုက် တန်တန် တစ်နေရာ ရခဲ့လိမ့်မည် ဟု ကျွန်တော် ယုံကြည်မိပါသည်။ မြန်မာတို့၏ ဦးစွန်း ရွှေတိဂုံ စေတီတော်ကြီးသည်လည်း Seven Forgotten Wonders စာရင်းတငွ် ပါဝင်နေကြောင်း Internet Search လုပ်ကြည့်လျှင် ဂုဏ်ယူဖွယ်ရာ တွေ့ရပါလိမ့်မည်။
ဒါတွေထားပါတော့၊ အသိ နောက်ကျသည့် ကျွန်တော်တို့ ဘာသာပင် အပြစ်တင်ရပါမည်။ ဒါ့အပြင် ယခုအခါတွင် ကျွန်တော်တို့ မြန်မာများ အတွက် နောက်ထပ် အခွင့်အရေး တစ်ခု ရလာပါပြီ။ ဒါကတော့ New 7 Wonders Aဖွဲ့ သည် နောက်ထပ် ကမ္ဘာ့ အံ့ဖွယ် (၇) သွယ်စာရင်းကို ထပ်မံ ရွေးချယ် သတ်မှတ်ဖို့ Internet မှ ဆန္ဒမဲများ တောင်းခံနေရာ မြန်မာပြည်မှ သဘာဝ ရတနာဖြစ်သော မြိတ်ကျွန်းစု - Mergui Archipelago” သည် Final Nominees (၂၆၁) နေရာ စာရင်းတွင် ပါဝင်လာခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ လူသားများသည် ထို (၂၆၁) ခု စာရင်းဝင် နေရာများကို ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့ အထိ မဲပေးခွင့် ရမည်ဖြစ်ပြီး မဲ အများဆုံးရသော ထိပ်ဆုံး (၇၇) နေရာ သည်သာ နောက်ဆုံး အံ့ဖွယ် (၇) သွယ်နေရာ အတွက် ထပ်မံ ရွေးချယ်ခံခွင့် ရရှိမည် ဖြစ်ပါသည်။

မြန်မာပြည်၌ စိတ်ဝင်စားဖွယ် သဘာဝနေရာ များစွာရှိသည့် အနက် မြိတ်ကျွန်းစု ကိုမှ သူတို့ ဘာကြောင့် ရွေးချယ်ထား သနည်း ဟု Internet များထဲတွင် လေ့လာကြည့်မိသည်။ အဲဒီတော့မှ လား…၊ လား…၊ အဲဒီတော့မှ
ကျွန်တော် မသိခဲ့ဖူးသော မြိတ်ကျွန်းစု၏ အလှနှင့် ထူးခြားချက်များကို အခြား လူမျိုးတို့ ရေးထားတော့မှ သွားသိရသည်။ မြိတ်ကျွန်းစုသည် လူသားတို့ မနှောင့်ယှက်သေးဘဲ သဘာဝအရင်း မူလအတိုင်း ကျန်နေသည့် ကမ္ဘာ့ နောက်ဆုံး ကျွန်းစု (World’s Last Archipelago) တဲ့၊ မြိတ်ကျွန်းစု၌ အခြားနေရာတွေမှာ မတွေ့နိုင်တဲ့ ရေသတ္တဝါ မျိုးစိတ်တွေကို စုံလင်အောင် တွေ့ နိုင်တယ်တဲ့၊ ယခင်က ယိုးဒယား နိုင်ငံမှ Similar ကျွန်းများကို ကမ္ဘာ့ ရေငုပ်ရန် အကောင်းဆုံး အဖြစ် သတ်မှတ်ထားရာမှ ယခုအခါ မြိတ်ကျွန်းစုသည် ကမ္ဘာ့ အကောင်းဆုံး Diving Site ဖြစ်သွားပြီတဲ့၊ မြိတ်ကျွန်းစု ငါးမန်း မျိုးစုံ တို့သည် ယဉ်ကျေးပျူငှာစွာဖြင့် လူကို မကိုက် တတ်သောကြောင့် ကမ္ဘာ့ ရေငုပ်သမား တို့၏ အမြင့်ဆုံး အိပ်မက်ဖြစ်သော ငါးမန်းများ နှင့် မျက်နှာ ချင်းဆိုင် တွေ့ ဆုံ ဓာတ်ပုံ ရိုက်ယူခြင်း (Shark Encounter) ကို မြိတ်ကျွန်းစုမှာ ပြုလုပ်နိုင်ပြီတဲ့၊ ယခုအခါ ကမ္ဘာလှည့် ခရီးသွားများသည် ထိုင်းနိုင်ငံမှ တဆင့် မြိတ်ကျွန်းစုသို့ ဝင်ရောက်နိုင်ရန် အတွက် မျက်စောင်း တခဲခဲ နှင့် စိုင်းပြင်းနေကြရာ Sea Gypsies ခေါ် ဆလုံ တိုင်းရင်းသား တို့၏ သဘာဝနေAိမ် ဖြစ်သော မြိတ်ကျွန်းစု၏ သဘာဝ ပတ်ဝန်းကျင်များကို မူရင်းအတိုင်း ထိန်းသိမ်းထားနိုင်ရန် အရေးကြီးပြီ စသည်ဖြင့် သိရပါသည်။ အံ့ဖွယ် မြိတ်ကျွန်းစု တွက်၊ အမိမြေ၏ သဘာဝ အလှအပများ အတွက် ကျွန်တော် ဂုဏ်ယူမိပါသည်။ အကယ်၍ မြိတ်ကျွန်းစုသာ ထိပ်ဆုံး ဆန်ခါတင် (၇၇) နေရာ စာရင်းတွင်သာ အရွေးချယ်ခံရပါက မည်မျှအားရဖွယ် ကောင်းလိမ့်မည်နည်း ဟုလည်း တွေးတော အိပ်မက် မက်မိပါသည်။

သိပ်တော့ မလွယ်လှပါ။ New 7 Wonders of Nature ရွေးချယ်ပွဲအား လေ့လာကြည့်မိရာ မိမိတို့ နိုင်ငံမှ နေရာများကို Aဓိက Vote ကြသည့် ကမ္ဘာ့ နိုင်ငံစုံ မျိုးချစ်စိတ်ဓာတ် ပြိုင်ပွဲသဖွယ် ဖြစ်နေသည်ကို တွေ့ ရပါသည်။ ကျွန်တော်တို့ မြန်မာတွေရော မျိုးချစ်စိတ် မည်မျှ ရှိကြမည် မသိပါ။ လူဦးရေ များပြားလှသည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများတွင်ပင် သူတို့၏ နိုင်ငံ ကိုယ်စားပြု သဘာဝ အံ့ဖွယ်များကို မဲပေးကြရန် အတွက် အမျိုးသားရေး လှုပ်ရှားမှု တစ်ရပ် အဖြစ် နိုင်ငံပိုင် Media များမှပင် လှုံ့ဆော်နေကြပါပြီ။ ကျွန်တော်တို့၏ နိုင်ငံပိုင် Media များကတော့ တခြားအရေးကြီးသည့် ကိစ္စများနှင့် အလုပ်ရှုပ်နေကြတုန်း ရှိပါဦးမည်။ မကြာသေးမီက တောင်အမေရိကမှ အလည်ပြန်လာခဲ့သော မြန်မာ မိတ်ဆွေ တစ်ဦးကလည်း ပြောပါသည်။ ဘရာဇီး နှင့် အာဂျင်တီးနားမှ လူများသည်လည်း သူတို့၏ နာမည်ကျော် Iguazu ရေတံခွန်ကြီးအား ကမ္ဘာ့ အံ့ဖွယ်အဖြစ် မဲပေးကြရန် ခရီးသွား ဧည့်သည်များကို တိုက်တွန်းသည့် Campaign များ ပြုလုပ် နေကြပြီတဲ့။ဒီလိုဆို ကျွန်တော်တို့ နိုင်ငံကရော။ ချစ်လှစွာသော အမိမြေ၏ လူဦးရေ (၉၀) ရာခိုင်နှုန်းကျော်မှာ Email နှင့် Internet သုံးရန် မဆိုထားဘိ၊ Computer ပင် ကောင်းကောင်း မကိုင်ဖူးကြရာ မြိတ်ကျွန်းစု အတွက် လိုအပ်သော မဲများရရန် အားလျော့မိပါသည်။ သို့သော် မြန်မာပြည် ပြင်ပ၌ ရောက်နေကြသော မြန်မာ လူမျိုးများ သန်းပေါင်းများစွာ ရှိပါသည်။ အမေရိကား၊ ကနေဒါ၊ သြစတြေးလျ၊ အင်္ဂလန်၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ Aိန္ဒိယ၊ ဂျမေကာ၊ အာရပ် နှင့် အာဖရိက စသည့် နိုင်ငံများ အားလုံးတို့မှ မြန်မာများ တက်ညီလက်ညီဖြင့် ဝိုင်းဝန်း မဲပေးကြမည် ဆိုလျှင် ကျွန်တော်တို့၏ အမျိုးသား ရတနာ မြိတ်ကျွန်းစု အတွက် အခွင်အAရေး တစ်ခု ရှိနိုင်ပါသေးသည်။ မိမိတို့၏ အချိန် ၁ မိနစ်ဆို၊ ၁ မိနစ် ကလေးခန့်သာ ကြာပါသည်။ www.new7wonders.com သို့သွား၍ Asia ၊ Mergui Archipelago (Myanmar) ကို ရွေးလိုက် ရုံသာ ဖြစ်ပါသည်။

ယခုအခါလို မြန်မာလူမျိုးတို့၏ နိုင်ငံ နှင့် အခြေအနေ အဘက်ဘက်မှ နိမ့်ကျနေချိန်တွင် မိမိတို့၏ အမျိုးသား ဂုဏ်ကို မည်သည့်နည်းနှင့်ပဲ ဖြစ်ဖြစ် မြှင့်တင်ဖို့ ကျွန်တော်တို့ အားလုံး အားထုတ်သင့်ပါသည်။ မျက်မှောက်ကာလတွင် မြိတ်ကျွန်းစုအား ထိန်းသိမ်း စောင့်ရှောက်ရေးထက် သူဌေးကျွန်း စသည့် နေရာများတွင် ကြယ်ငါးပွင့် ကာဆီနို ရုံကြီးများ ဖွင့်၍ နိုင်ငံခြားငွေ ရရှိရေးကိုသာ အလေးပေးနေရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ကမ္ဘာ၏ အာရုံစိုက် ပံ့ပိုးမှုကိုသာ စောစောစီးစီး မရခဲ့လျှင် မြိတ်ကျွန်းစု၏ အနာဂတ် Aတွက် ရင်လေးစရာသာ ဖြစ်တော့သည်။

ပြည်တွင်း၊ ပြည်ပ ဘယ်မှာပဲ ရောက်နေနေ မြန်မာတို့ စုစည်း အင်အားပြကြဖို့ အချိန်ကျပါပြီ။ Email Account (၁) ခု ရှိလျှင် (၁) မဲ ပေး၍ ရပါမည်။ ပြည်ပရောက် မြန်မာတိုင်း၌ မရှိဘူး ဆိုလျှင်တောင် Email (၂) ခု၊ (၃) ခု ရှိကြပါသည်။ မြန်မာပြည်၌ Internet မသုံးနိုင်သူပေါင်း သန်း (၅၀) ကျော် ရှိပါသည်။ သူတို့ အားလုံး၏ ကိုယ်စား မိမိတို့၌ ရှိသမျှ Email များဖြင့် Vote ပေးကြပါ။ လူလည်ကျသည် မဟုတ်ပါ။ တခြား လူမျိုးများလည်း ဒီAတိုင်း လုပ်မည် ဖြစ်ပါသည်။

မြိတ်ကျွန်းစုသည် ယခုအခါ (၂၆၁) နေရာ ရှိသည့် အနက် အဆင့် (၁၉၆)၊ ကျွန်းစု အမျိုးအစား အနေနှင့် ဆိုလျှင် အဆင့် (၂၈) ၌သာ ရှိနေပါသည်။ အားလုံး ဝိုင်း Vote ကြလျှင် အဆင့် (၇၇) အတွင်းသို့ အလွယ်တကူ ဝင်နိုင်ပါလိမ့်မည်။ အချိန် (၃) လခန့်သာ ရှိပါတော့သည်။ အချိန်မဆိုင်းဘဲ ချက်ချင်းသွား၍ Vote ကြစေလိုပါသည်။ ကိုယ်တိုင်လည်း Vote ပါ။ မိသားစု နှင့် သူငယ်ချင်းများကိုလည်း တိုက်တွန်းပါ။ ရှိသမျှ နိုင်ငံစုံမှ မိတ်ဆွေများ အားလည်း Email Forward လုပ်ပါ။

ကျွန်တော်တို့ မြန်မာပြည်၏ တိုင်းရင်းသား ပြည်သူများ အတွက်၊ အမိမြေ၏ သဘာဝ အံ့ဖွယ် အလှအပ အတွက်၊ ညှိုးနွမ်းနေခဲ့ရသော ကျွန်တော် တို့၏ အမျိုးသား ဂုဏ်သိက္ခာများ အတွက်၊ တောက်ပဆဲ မြန်မာတို့၏ အနာဂတ် အိပ်မက်များ အတွက် သဘာဝ အတိုင်း လှနေသည့် မြန်မာ့ မြိတ်ကျွန်းစု - Mergui Archipelago - ကို ပိုမို ထွန်းပအောင် Vote ပေးကြပါလို့သာ မေတ္တာရပ်ခံ တိုက်တွန်း ရေးသား လိုက်ရပါသည်။ ခုပဲ မြိတ်ကျွန်းစုလေးတွေကို Vote ပေးကြမလား ခင်ဗျာ။ ။

မောင်ရဲခေါင် (စီလီကွန် လွင်ပြင်)

Saturday, September 27, 2008

အိန္ဒိယနိုင်ငံသား မုန်တိုင်းမိ ရေမျောဒုက္ခသည်(၆)ဦးအား မြိတ်မြို့တွင် ကယ်ဆယ်စောင့်ရှောက်ထား

၂၀၀၈ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၅နာရီခွဲအချိန်တွင် အိန္ဒိယ နိုင်ငံသား ရေမျော ဒုက္ခသည်(၆)ဦးသည် မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ မှတဆင့် တပ်မတော် ရေယာဉ် ဖြင့် မြိတ်မြို့ ဆိပ်ငယ်ရပ် ဘောတံတားသို့ ရောက်ရှိလာရာ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ တာဝန်ရှိသူများက လက်ခံ၍ မြိတ်မြို့ အန္ဒရာဟိန္ဒူ ဘုရား ကျောင်းတွင် ပြုစု စောင့်ရှောက် ထားသည်။


အိန္ဒိယ နိုင်ငံသား(၆)ဦးမှာ အန္ဒိယနိုင်ငံ နယူးဒေလီမြို့ အက်ဒမန်မြို့နယ်ခွဲ ပို့ဘလဲယား ကျေးရွာသားများ ဖြစ်ကြပြီး ၂၀၀၈ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့တွင် ၄င်းတို့ရွာမှ အနောက်ဘက်သို့ စက်လှေခရီး (၁၄)နာရီကြာ သွားရသည့် အတွဲတမန်းကျွန်း ပင်လယ်ပြင်တွင် စက်လှေအစီး(၂၀) ခန့်ဖြင့် ငါးဖမ်းနေစဉ် စက်တင်ဘာ ၅ ရက်နေည ၁၁ နာရီခန့်၌ မုန်တိုင်းကျရောက်ကာ ပင်လယ်ပြင်သို့ မျှောပါသွားသည်။


ထိုသို့ ပင်လယ်ပြင်တွင် ၁၁ ရက်ခန့်ကြာ မျောပါနေပြီး စက်တင်ဘာ ၁၆ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် အဆိုပါ ရေမျော ဒုက္ဓသည်(၆)ဦးအား မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကံမော် ကျေးရွာနေ ဦးစိုးဝင်း ငါးဖမ်းစက်လှေမှ ကျွန်းစုမြို့နယ် ပြင်စဘုကျွန်းအနီး ရေပြင်တွင် ငါးဖမ်းရန်အတွက် ပိုက်တန်းချနေစဉ် တွေ့ရှိ ကယ်ဆယ်ခဲ့ကာ ကံမော်ကျေးရွာ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ ခေါ်ဆောင် အပ်နှံပေးခဲ့သည်။


၎င်းအန္ဒိယ နိုင်ငံသား(၆)ဦး၏ ငါးဖမ်းစက်လှေမှာ ဖိုင်ဘာလှေ အမျိုးအစား( အ၀ါရောင် ဆေးသုတ်ထား) ဖြစ်ကာ အလျား(၂၄)ပေ၊ အနံ (၄.၅)ပေ၊ ဇောက် (၄.၅)ပေဖြစ်ပြီး စက်လှေတွင် (World Vision) စာတန်းပါရှိကာ အိန္ဒိယ အင်ဂျင်စက် အမျိုးအစား ၀မ်းထိုင်(၁)လုံး တပ်ဆင်ထားပြီး စက်မှာ ကောင်းမွန်လျက် ရှိသည် သိရသည်။


အိန္ဒိယ နိုင်ငံသား(၆)ဦးမှာ (၁) ဘီနပ်သာချီ (၄၅)နှစ် (ဘ)ဘီယာထရာ၊ (၂) အာဒနာ (၃၉)နှစ် (ဘ) အာဂျန်ဂျာမဒါ၊ (၃) အာဗလာရာဂျိုး (၁၈)နှစ် (ဘ) ဘာရောဒရာ၊ (၄) ဘီရာဂျာရအို (၃၅)နှစ် (ဘ) ဘီမုနီ ၊(၅) ဘီကမာဂျူး (၁၇)နှစ် (ဘ) ဘာရာဂျာရအို၊ (၆)ပီပတ်လေးရိ (၄၆)နှစ် (ဘ)ပီပိုင်ရေးကြီး ဖြစ်သည်။

Monday, August 11, 2008

ကျွန်းစုမြို့နယ် သဲချောင်းကျေးရွာ မီးလောင်မှုဖြစ်ပွား၊ အိမ်ခြေ ၁၅၀ ခန့် ဆုံးရှုံး

ကျွန်းစုမြို့နယ် သဲချောင်းကျေးရွာ မီးလောင်မှုဖြစ်ပွား၊ အိမ်ခြေ ၁၅၀ ခန့် ဆုံးရှုံး

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာအုပ်စု သဲချောင်းကျေးရွာတွင် ၂၀၀၈ခုနှစ်၊ သြဂုတ်လ ၉ ရက် ည၁၂ နာရီခန့်တွင် ဦးသိန်းကျော်စိုး နေအိမ်မှ တဆင့် မီးလောင်မှု ဖြစ်ပွားရာ သဲချောင်းကျေးရွာ ရွာလမ် လမ်းမကြီး နံဘေးရှိ နေအိမ် ၁၅၀ ခန့် မီးလောင် ကျွမ်းခဲ့ပြီး နံနက် (၀၇၀၀)နာရီတွင် မီးငြိမ်းသွား ခဲ့သည်။

မီးလောင် ကျွမ်းမှုကြောင့် အိမ်ထောင်စု (၁၆၅)စု ၊ လူဦးရေ (၁၀၅၀)ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး မီးဘေး ဒုက္ခသည် များအား သဲချောင်းကျေးရွာ အောင်မြေဘုန်းတော်ကြီး ကျောင်းတွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထား ရှိသည်။

အဆိုပါ မီးဘေးဒုက္ခသည်များ အတွက် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ တိုင်း/ ခရိုင်/ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် လူမှုရေးအသင်းအဖွဲ့များ၊ အနီး ပတ်ဝန်ကျင် ကျေးရွာများဖြစ်သည့် ရေကန်တောင်၊ ကံမော်၊ မြေနီတောင်၊ ၀ဲကျွန်း၊ စခန်းသစ်၊ ကြပ်ချောင်း ကျေးရွာများမှ ကယ်ဆယ်ရေး ပစ္စည်းများ လှူဒါန်းပေးပို့လျက် ရှိကြောင်းနှင့် ကျွန်းစုမြို့နယ် ဆေးရုံမှ ဆရာဝန်များနှင့် ကံမော်တိုက်နယ်နှင့် စခန်းသစ်တိုက်နယ် ဆေးရုံမှ ဆရာဝန်များ၊ ကျန်းမာရေး ၀န်ထမ်း များမှ ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက် ရှိကြောင်း သိရှိရသည်။

မီးဘေး ဒုက္ခသည်များ အတွက် ကယ်ဆယ်ရေး ပစ္စည်းများ လှူဒါန်းလိုပါက တနင်္သာရီတိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဖုန်း(၀၉၅-၄၁၄၈၈)၊ မြိတ်ခရိုင် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဖုန်း (၀၉၅-၄၁၀၁၃)၊ ကျွန်းစုမြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဖုန်း (၀၉၅ ၄၂၁၅၀- လိုင်းခွဲ ၂၀၀၄၊ ၂၀၀၆) သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သတင်း ရရှိသည်။

Sunday, June 22, 2008

အလက(၁)မြိတ် ရွှေရတုသဘင်နှင့် မြတ်ဆရာပူဇော်ပွဲ


နှစ် (၅၀)ပြည့် (၁၉၅၈-၂၀၀၈)

ရွှေရတုသဘင်နှင့် မြတ်ဆရာပူဇော်ပွဲ


မြိတ်မြို့ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း၏ နှစ်(၅၀)ပြည့် (၁၉၅၈- ၂၀၀၈) “ ရွှေရတုသဘင်နှင့် မြတ်ဆရာ ပူဇော်ပွဲ“ အခမ်းအနား ကို ၂၀၀၈ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နှင့် (၁၉)ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

အဆိုပါအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျောင်းသားဟောင်း များထံမှ လူအား၊ ငွေအား၊ အကြံဥာဏ်အားများ လိုအပ်လျက် ရှိပါသောကြောင့် အလက(၁) ကျောင်းသား/ကျောင်းသူဟောင်းများ အနေဖြင့် အောက်ပါလိပ်စာအတိုင်း ဆက်သွယ် လှူဒါန်း ကူညီ နိုင်ပါကြောင်း နိုးဆော်အပ်ပါသည် ။


မြိတ်မြို့တွင် ဆက်သွယ်ရန်လိပ်စာများ

(၁) ဒေါ်စန်းကြူ အလက(၁)မြိတ်

(၂) ဒေါ်စန်းစန်းယဉ် အမှတ်(၅၇) ၊ ဖိုးသာအောင်လမ်း မြစ်ငယ်ရပ် (ဖုန်း - ၄၁၇၃၅)

(၃) ဒေါ်မီမီလွင် အမှတ် (၁၁၀) အမိုးရေတွင်းလမ်း၊ ဈေးတန်းရပ် (ဖုန်း - ၄၁၁၈၈)

(၄) ဦးအင်စွီး အမှတ် (၄၄၇)၊ ယုဝတီလမ်း ၊ မြစ်မရပ်၊ ဖုန်း - ၄၂၅၄၄

(၅) ဦးကိုကိုချို တယကရုံး ၊ (ဖုန်း - ၄၁၄၈၈)

(၆) ဦးလွင်အောင် စစ်ကိုင်းလမ်း၊ မြိတ်တက္ကသိုလ်အနီး(အောင်သရဖူဘော်ဒါဆောင်)

(ဖုန်း - ၄၂၀၄၈)

(၇) ဒေါ်အုန်းထွေး ရွှေနဂါးလျှပ်စစ်ပစ္စည်းဆိုင် ၊ မင်္ဂလာလမ်း ၊ အလယ်ကျွန်းရပ် ၊ (ဖုန်း - ၄၁၅၃၆)


ရန်ကုန်မြို့တွင် ဆက်သွယ်ရန် လိပ်စာများ

(၁) ဦးမျိုးကြည် ရုံးအဖွဲ့မှူး ၊ ရန်ကုန်မြို့ မြိတ်အသင်း (ဖုန်း - ၀၁ - ၂၂၄၃၄၀)

(၂) ဦးရဲကျော်အောင် စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့(ဖုန်း - ၀၁-၅၁၈၄၃၀/ ၀၉၉၉၂၇၆၅၄)

(၃) ဦးဝင်းနိုင် အမှတ်(၉)၊ (၅၃)လမ်း၊ ပုစွန်တောင်မြို့နယ် ရန်ကုန်မြို့

ု (ဖုန်း - ၀၁- ၂၉၃၅၉၃)

ကော့သောင်းမြို့တွင် ဆက်သွယ်ရန် လိပ်စာများ

(၁) မလွင်စီ ဖုန်း - ၀၅၉ -၅၁၈၈၉