မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Sunday, December 30, 2007

ဖွံ့ဖြိုးတိုးတက်လာသော မြိတ်ဒေသ၏ ကကတစ်ငါး မွေးမြူရေးလုပ်ငန်း

ဖွံ့ဖြိုးတိုးတက်လာသော မြိတ်ဒေသ၏ ကကတစ်ငါး မွေးမြူရေးလုပ်ငန်းမြိတ်ဒေသသည် ကပ္ပလီပင်လယ်ပြင်နှင့် ထိစပ်လျက် ရှိသည့် အားလျော်စွာ အဓိက စီးပွားရေး လုပ်ငန်း အဖြစ် ရေငန်ငါးဖမ်းလုပ်ငန်း (ကမ်းနီး / ကမ်းဝေး)ကိုသာ အစဉ်အဆက် လုပ်ကိုင် လာခဲ့ပါသည်။ ယခုအခါတွင် ပင်လယ်ပြင် အတွင်း ငါးဖမ်းခြင်း လုပ်ငန်းအပြင် ငါးမွေးမြူရေး လုပ်ငန်း အဖြစ် မြိတ်ဒေသ ရေမြေသဘာဝနှင့် အထူးကိုက်ညီမှု ရှိသော ရေချို - ရေငန် ငါး ဖြစ်သည့် ကကတစ်ငါး ( Seabass )ကို စီးပွားဖြစ် မွေးမြူ လုပ်ကိုင် အောင်မြင်လျက်...

Friday, December 28, 2007

CDMA တယ်လီဖုန်းလျှောက်လွှာ မြိတ်မြို့တွင် လက်ခံပြီ

CDMA တယ်လီဖုန်းလျှောက်လွှာ မြိတ်မြို့တွင် လက်ခံပြီ် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ တနင်္သာရီတိုင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပင်လယ်ပြင် ကမ်းနီးကမ်းဝေး ဆက်သွယ်ရေး စနစ် တည်ဆောက်ရေး စီမံကိန်း အရ ခွင့်ပြု တပ်ဆင်ပေးသွားမည့် CDMA 450 MHz တယ်လီဖုန်းများအား သတ်မှတ်ထားသော စည်းကမ်းချက်များ နှင့် အညီ ငှားရမ်း တပ်ဆင် အသုံးပြုခွင့် မကြာမီ ပေးမည် ဖြစ်၍ တယ်လီဖုန်းလျှောက်လွှာများကို သတ်မှတ် ထားသော ပုံစံများအတိုင်း တနင်္သာရီတိုင်း အေးချမ်းသာယာရေးနှင့်...

Tuesday, December 25, 2007

ပုလဲရတနာ

ပုလဲရတနာ(စာရေးသူ - ခင်အောင်သန်း၊ မြန်မာ့ပုလဲ၊ မြိတ်မြို့) ပုလဲရတနာ ပုလဲကို မြန်မာလူမျိုးတို့က န၀ရတ်ကိုးပါးတွင် ပါဝင်သော ရတနာတစ်ပါး အဖြစ် အမြတ်တနိုး တန်ဖိုးထား ၀တ်ဆင်ကြ ပါသည်။ န၀ရတ် ကိုးပါးစလုံးတွင် တစ်ခုခြင်း၌ ထူးခြားသည့် တန်ခိုး အာနိသင် ရှိကြ သည့်အနက် ပုလဲ၏ အာနိသင်မှာ ကျက်သရေရှိခြင်းပင် ဖြစ်သည်။ ပုလဲ၏ အားသာချက်မှာ ကျောက်မျက်များ ကဲ့သို့ ခွဲဖြတ်ခြင်း၊ သွေးယူခြင်းတို့ ဆောင်ရွက်ရန် မလိုပဲ ပုလဲ ဖော်ယူ ပြီးလျှင် ပြီးခြင်းပင် လှပနှစ်လို ဖွယ်ရာ တွေ့မြင်ရခြင်းပင်...

Sunday, December 16, 2007

Friday, December 14, 2007

ပင်လယ်ရေခူ

ပင်လယ်ရေခူ မြိတ်ဒေသမှ ထွက်ရှိသော ပင်လယ် ရေခူသည် မြန်မာ့ ဈေးကွက်တွင် သာမက နိုင်ငံခြား ဈေးကွက် တွင်လည်း မျက်နှာပန်း လှလျက် ရှိသော ရေထွက်ပစ္စည်း တစ်မျိုး ဖြစ်သည်။ ရေခူဖမ်းရာတွင် ချိတ် တစ်ချောင်း၊ လှေတစ်စင်း ရှိရုံဖြင့် ဖမ်းဆီး နိုင်သည် ဖြစ်ရာ အရင်းအနှီး နည်းပြီး အကျိုးအမြတ် များသော ကြောင့် ရေခူ ဖမ်းဆီးမှုကို ရေလုပ်သားများ အလွန် သဘောကျ ကြသည်။ ရေခူအမျိုးအစားများ မြိတ်ကျွန်းစု တစ်ဝိုက်တွင် တွေ့ရှိရသော ရေခူ အမျိုးအစားမှာ များပြားလှသည်။ ရေနွေးဖျောရုံနှင့်...

Thursday, December 13, 2007

တံငါအိမ်ခြေ(၂၀)မှသည် ကမ်းရိုးတန်းတိုင်း မြို့တော်ဆီသို့ (၂)

တံငါအိမ်ခြေ (၂၀)မှသည် ကမ်းရိုးတန်းတိုင်း မြို့တော်ဆီသို့ (၂) ( စာရေးသူ - ဘိတ်သား ) မြန်မာမင်းတည်သည့် မြိတ်မြို့ ဆိပ်ခံမြို့ငယ် မာရိတ်မှာ ကြွယ်ဝ တိုးတက်နေခဲ့သည်။ အလောင်းဘုရားဦးအောင်ဇေယျ၏ ရွှေဘိုသည် မာရိတ်မြို့မှ မိုင် ၅၅၀ခန့် ကွာဝေးသည်။ နယ်ချဲ့ကိုလိုနီများကလည်း အချက်အခြာကျသော မြိတ်မြို့ကို မျက်စိ ကျနေခဲ့သည်။ ကုန်စည် ကူးသန်းရောင်းဝယ်ရာတွင် အရှေ့တိုင်း၊ အနောက်တိုင်းသားများ ၀င်ထွက်သွားလာ နေခဲ့ကြပြီး စီးပွားရေးလုပ်ကိုင်နိုင်ရန်အတွက် အကွက်အကွင်းကောင်း...

Tuesday, December 11, 2007

တံငါအိမ်ခြေ (၂၀)မှသည် ကမ်းရိုးတန်းတိုင်း မြို့တော်ဆီသို့ (၁)

တံငါအိမ်ခြေ (၂၀)မှသည် ကမ်းရိုးတန်းတိုင်း မြို့တော်ဆီသို့ (၁)( စာရေးသူ = ဘိတ်သား ) ကမ်းရိုးတန်းတိုင်းမြို့တော် ၂၀၀ရ ခုနှစ်၊ မေလအတွင်း၌ ဖြစ်သည်။ မြိတ်မြို့ ပုလဲရတနာခန်းမအတွင်း၌ အခမ်းအနား တစ်ခု ကျင်းပနေသည်။ ၂၀၀၇-၂၀၀၈ ရေထွက်ပစ္စည်း ပို့ကုန် တိုးမြှင့်ရေး တာဝန်ပေးအပ်ပွဲ အခမ်းအနားနှင့် တနင်္သာရီတိုင်း ငါးလုပ်ငန်း အဖွဲ့ချုပ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မြန်မာနိုင်ငံရှိ ရေလုပ်ငန်းတာဝန်ရှိ လူကြီးများ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ တာဝန်ရှိသူများ၊ ပြည်ပပို့ကုန်နှင့်...

Monday, December 10, 2007

ဆီအုန်းစိုက်ပျိုးမှုနှင့် ဆီထုတ်လုပ်မှု အောင်မြင်

နိုင်ငံတော်အတွင်း ပြည်တွင်း စားသုံးဆီ ဖူလုံရန်နှင့် ပြည်ပပို့ကုန်အတွက် ရည်ရွယ်၍ ယုဇန စိုက်ပျိုးရေး အဖွဲ့က တနင်္သာရီတိုင်း ကော့သောင်းခရိုင်နှင့် ဘုတ်ပြင်းခရိုင်တို့တွင် ၁၉၉၉ ခုနှစ်က စတင်၍ ဆီအုန်းပင်များ စိုက်ပျိုးခဲ့ရာ စီမံကိန်း လျာထားချက် ဧက ၁၀၄၀၀၀ အနက် ၁၀၂၂၉၇ ဧက စိုက်ပျိုးပြီးစီး အောင်မြင်လျက် ရှိပြီး ကျန်ဧကများတွင်လည်း စီမံကိန်း ပြည့်မီအောင် ဆက်လက် စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။ ၂၀၀၇ခုနှစ်တွင် ဆီအုန်းစက်ပျိုးရန် လျာထားဧက ၁၄၀၀၀ ထက် ကျော်လွန်ပြီး...

Friday, December 7, 2007

မြိတ်ဒေသအား နွားမွေးမြူရေးလုပ်ငန်းရှင်များ စိတ်ဝင်စား

မြန်မာနိုင်ငံ၏ တောင်ဘက်ဒေသဖြစ်သော တနင်္သာရီတိုင်း မြိတ်ဒေသကို နွား၊ ဆိတ်၊ ကျွဲများ ပြည်ပသို့ တင်ပို့သည့် အဓိက နေရာအဖြစ် သတ်မှတ်ကာ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ရန် စီးပွားရေး လုပ်ငန်းရှင်များ စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။ ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးမှ ““ မြိတ်ကို စိတ်ဝင်စားတာက ဒီဒေသက နွားတွေမှာ အဓိက ဖြစ်တဲ့ ခွာနာ၊ လျှာနာရောဂါတွေ မဖြစ်ပါဘူး၊ နွားမွေးမြူရေးအတွက် အန္တရာယ်ကင်း နယ်မြေလို့တောင် သတ်မှတ် နိုင်တယ် ”” ဟု သူ၏ ယူဆချက် အချို့ကို...