Friday, December 7, 2007

မြိတ်ဒေသအား နွားမွေးမြူရေးလုပ်ငန်းရှင်များ စိတ်ဝင်စား

မြန်မာနိုင်ငံ၏ တောင်ဘက်ဒေသဖြစ်သော တနင်္သာရီတိုင်း မြိတ်ဒေသကို နွား၊ ဆိတ်၊ ကျွဲများ ပြည်ပသို့ တင်ပို့သည့် အဓိက နေရာအဖြစ် သတ်မှတ်ကာ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ရန် စီးပွားရေး လုပ်ငန်းရှင်များ စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။
ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးမှ ““ မြိတ်ကို စိတ်ဝင်စားတာက ဒီဒေသက နွားတွေမှာ အဓိက ဖြစ်တဲ့ ခွာနာ၊ လျှာနာရောဂါတွေ မဖြစ်ပါဘူး၊ နွားမွေးမြူရေးအတွက် အန္တရာယ်ကင်း နယ်မြေလို့တောင် သတ်မှတ် နိုင်တယ် ”” ဟု သူ၏ ယူဆချက် အချို့ကို ပြောပြသည်။ မြိတ်ဒေသအား နွားမွေးမြူရေးအတွက် ပြည်တွင်းက လုပ်ငန်းရှင်များ သာမက မလေးရှားကဲ့သို့ ပြည်ပက လုပ်ငန်းရှင်တွေပါ လာရောက် ကြည့်ရှုကြကြောင်း သိရှိရသည်။

1 comments:

WanderFish said...

နွားမွေးဖို့က အစာအတွက် မြက်ခင်းပြင်အများကြီးလိုပါတယ်။ ရှိပြီးသား သစ်တောတွေမပြုန်းတီးပဲ နေရာလွတ်တွေအသုံးချနိုင်ရင်တော့ကောင်းတာပေါ့ဗျာ။ ကျွန်တော့်အမြင်ပါ။