Sunday, September 9, 2012

မြိတ်မြို့တွင် ပထမဦးဆုံး တစ်ကိုယ်တော် ဆန္ဒပြမှု ပြုလုပ်



မြိတ်မြို့ မြိတ်တောင်ကျေးရွာ အောင်မင်္ဂလာရပ်တွင် နေထိုင်သူ ဦးစိုးခင်သည် (၉-၉-၂၀၁၂) ရက်နေ့ နံနက် (၀၇၀၀) နာရီအချိန်တွင် အောင်မင်္ဂလာရပ် သုခလမ်းမကြီး သုခ(၅)လမ်းထိပ်တွင် တစ်ကိုယ်တော် ဆိုင်းဘုတ် ကိုင်၍ ဆန္ဒပြသည်။ ၄င်းဆန္ဒပြရခြင်းမှာ ဆင်းရဲနွမ်းပါး ကျောမွဲလူတန်းစား အိမ်ငှား မှီခိုနေထိုင်သူများအား လစ်လပ်လျက်ရှိသော မြိတ်မြို့နယ်အတွင်းရှိ ဒီရေရောက်တော့ (မြိတ်အခေါ် - ဇရပ်တော)များကို အသုံးမပြုပါ ပစ်ထားရမည့်အစား အိမ်ယာမြေအဖြစ် သတ်မှတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။ 



၎င်းသည် (၈-၉-၂၀၁၂) ရက်နေ့ (၇)နာရီခန့်အချိန်ကလည်း လူ(၂၀၀) ဦးခန့်အား ဦးစီးပြီး ကုန်ဖောက်ကျေးရွာ အထပ်သား စက်ရုံရှေ့တွင် စက်လှေဖြင့် မြိတ်မြို့ ချောင်းတစ်ဖက်ကမ်း တောထွင်ကြီးကျေးရွာ တနင်္သာရီ မြစ်ကမ်းနဘေးရှိ ဒီရေရောက်တောများတွင် အိမ်ယာမြေနေရာအတွက် တောခုတ်ပြီး ဝေခွဲယူရန် စည်းရုံးဆောင်ရွက်နေစဉ် တာဝန်ရှိသူများ၏ တားမြစ်မှုကြောင့် လူစုခွဲ ခဲ့ရသဖြင့် ယနေ့တွင် ထပ်မံ တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း သိရှိရပါသည်။ 

ဦးစိုးခင်သည် နိုင်ငံသားမှတ်ပုံတင်အမှတ် (၆/တသရ(နိုင်) 031047) ကိုင်ဆောင်ပြီး ရပ်ကွက်အတွင်း အလုပ် မယ်မယ်ရရ လုပ်ကိုင်ခြင်း မရှိပဲ ဆယ်အိမ်မှူး ၊ မီးသတ် ဒုတပ်ခွဲမှူး တာဝန်များ ဆောင်ရွက်နေကြောင်းနှင့် ၄င်းတွင် မယား (၃) ဦး ရှိကြောင်း ၊ ယခင် ၄င်းအား ချထားပေးသည့် မြေကွက်အား မယားငယ် တစ်ဦးအား ပေးအပ်လိုက်ပြီး ဖြစ်ကြောင်း ၊ အခု ထပ်မံ မြေကွက် ရယူရန် လျှောက်ထားခြင်းသည် နောက်ထပ် မယားငယ် အတွက် တောင်းဆိုခြင်း ဖြစ်ကြောင်း ရပ်ကွက်အတွင်း ဝေဖန်ပြောဆိုလျက် ရှိပါသည်။

0 comments: