Monday, September 10, 2012

မြိတ် NLDကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ၏ ကောင်းကျိုး ဆိုးကျိုးများ ရှင်းလင်း


မြိတ် NLD မှ မြိတ်မြို့၊ လော့လော့ကျေးရွာတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ၏ ကောင်းကျိုး ဆိုးကျိုးများကို သမုတ်ကျေးရွာ ဒေသခံလူထုကို ရှင်းလင်း ပြောကြားခြင်းကို (9.9.2012)ရက်နေ့၊ နေ့လည်(12း00) နာရီတွင်၊ သမုတ်စြံ ပကျေးရွာ တွင် ပြုလုပ် ဟောပြောခဲ့ပါသည်။ ဟောပြောပွဲတွင် မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဌ ဦးဖြိုးဝင်းထွန်းမှ အဖွင့်စကား ပြောကြားခြင်း၊ မြိတ်မြို့နယ် လူငယ်ဆရာဝန်များ ကွန်ရက်မှ တာဝန်ခံ ဒေါက်တာကျော်စွာဦးမှ စက်ရုံမှ ထွက်ပေါ်လာမည့် ဓါတ်ငွေ့များ အား ခွဲခြမ်း စိတ်ဖြာပြီး ကျန်းမာရေး ရှုထောင့်မှ ပြောကြားခြင်း၊ မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ကိုဥက္ကာမင်းမှ ကျောက်မီးသွေးစက်ရုံ အဘ ယ်ကြောင့် ဖြစ်ပေါ်လာပုံ၊ ဒေသအတွင်းလိုအပ်နေသည့် လျှပ်စစ်ကို မည်သည့်နည်းဖြင့် ရရှိနိုင်သည့် အကြောင်း၊ လျှပ်စစ်မီးရရှိလာပါက (ဈေးနှုန်းသက်သာစွာဖြင့်)ဒေသ ဖွံ့ဖြိုး တိုးတက် လာနိုင်ခြင်းနှင့် စီးပွါးရေး ဖွံ့ဖြိုးမှုများ တိုးတက်လာနိုင်ကြောင်း ပြောကြားခြင်း၊ ကျောက်မီးသွေး စက်ရုံ၏ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအား အကျယ်တ၀င့် ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသော ဒေသခံများမှပြန်လည် ဆွေးနွေးခြင်းများ ပြုလုပ်ပြီး ဟောပြောပွဲအား နေ့လည်(2း00)တွင် ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ သမုတ်စံပြကျေးရွာ ဒေသခံများ (၆၀)ဦးခန့် တက်ေ၇ာက်ခဲ့သည်။



0 comments: