Sunday, August 16, 2015

ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့် ရဟန်း၊ ရှင်လူ ပြည်သူများအတွက် မြိတ်မြို့ ပြည်သူများက လှူဒါနးသည့် သင်္ကန်းများနှင့် အလှူငွေများ၊ အ၀တ်အထည်၊ အစားအစာ၊ အသုံးအဆောင်များအား ကြည်ရှု့အားပေး

ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့် ရဟန်း၊ ရှင်လူ ပြည်သူများအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ဦးဆောင်၍ မြိတ်မြို့နေ သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းခဲ့သော သင်္ကန်းများ၊ အလှူငွေများ၊ အ၀တ်အထည်၊ အစားအစာနှင့် အသုံးအဆောင်များကို ပြည်ဖြိုးထွန်းကုမ္ပဏီ သင်္ဘောဖြင့် ဧရာဝတီတိုင်းဒေသကြီးသို့  သြဂုတ်လ ၁၅ ရက်နေ့တွင် ပို့ဆောင်သွားမည်ဖြစ်ရာ အဆိုပါ အသုံးအဆောင်များအား တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုမှ ကြည့်ရှု့ စစ်ဆေးခဲ့သည်။






ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့် ရဟန်း၊ ရှင်လူ ပြည်သူများအတွက် စုပေါင်းလှူဒါန်းခဲ့သော အလှူငွေ၊ သင်္ကန်း၊ ဆန်၊ ခေါက်ဆွဲခြောက်၊ မုန့်မျိုးစုံ၊ ငါးသေတ္တာ၊ ငါးပိ၊ ရေသန့်၊ အိုး၊ ခွက်၊ ပန်းကန်၊ ခွက်များ အပြင် မြိတ်မြို့ရှိ ကုမ္ပဏီ လုပ်ငန်းရှင်များကလည်း အလှူငွေ(၅၁၀၅၀၀၀)ကျပ်နှင့် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ ၊ အချိုရည်မျိုးစုံ၊ ရေသန့်နှင့် စာသောက်ကုန်မျိုးစုံနှင့် ထိုင်းနိုင်ငံရနောင်းမြို့မှ စေတနာရှင်များကလည်း ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အ၀တ်အထည်များ ပါဝင်ကြောင်း သိရသည်။ အဆိုပါပစ္စည်းများကို သြဂုတ်လ (၁၅)ရက်နေ့တွင် မြိတ်မြို့ဆိပ်ကမ်းမှ ဧရာဝတီတိုင်းဒေသကြီးသို့ ပို့ဆောင် လှူဒါန်းပေးသွားမည်ဖြစ်သည်။

ထို့အပြင် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ သံဃာတော် အရှင်သူမြတ်များ၊ ပြည်သူများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ လုပ်ငန်းရှင်များစုပေါင်း၍ ရေဘေးသင့်ဒေသများရှိ ရဟန်း ၊ ရှင် လူ ပြည်သူများအတွက် ပထမ အကြိမ်အလှူငွေ (၃၅,၆၆၄,၆၅၀)ကျပ်၊ ဒုတိယအကြိမ်အလှူငွေ ကျပ်(၁၀၇)သိန်း၊ တတိယအကြိမ်အဖြစ် ယနေ့ တွင် (၉၂,၉၄,၄၅၀)ကျပ်ကို လှူဒါန်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများ အတွက် မြိတ်နှင့် ကော့သောင်း ပြည်သူများ လုပ်ငန်းရှင်များ အဖွဲ့အစည်းများမှ ငွေနှင့်ပစ္စည်း တန်ဖိုးမှာ ကျပ်သိန်းလေးထောင်ခန့် ဖြစ်ကြောင်း သိရသည်။

0 comments: