Sunday, February 22, 2015

မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြိတ် ဖေဖော်ဝါရီ ၂၀

တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အားကစား စိတ်ဓါတ် မြင့်တက်ရေးနှင့် ကိုယ်ကာယ စွမ်းရည် မြင့်မားရေး အတွက် ရည်ရွယ်၍ အားကစားပြိုင်ပွဲ များကို အစဉ် ကျင်းပလျက်ရှိရာ ဘာသာရပ် ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီလ(၂၀)ရက်၊ ညနေ(၃)နာရီက မြိတ်တက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမ၌ ပြုလုပ်သည်။



ရှေးဦးစွာ နှစ်ယောက်တွဲ ပိုက်ကျော်ခြင်း အားကစား ဗိုလ်လုပွဲကို ရူပဗေဒလ အထူးပြု အသင်းနှင့် သမိုင်း အထူးပြု အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရူပဗေဒ အထူးပြုအသင်းက အနိုင်ရရှိပြီး သုံးယောက်တွဲ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဗိုလ်လုပွဲ တွင် ရူပဗေဒ အထူးပြု အသင်းနှင့် အဏ္ဏဝါသိပ္ပံ အထူးပြု အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ အဏ္ဏဝါသိပ္ပံ အထူးပြုအသင်းက အနိုင်ရရှိခဲ့သည်။ 
 
 
ထို့နောက် မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစီစီလှဘူးနှင့် ကာယပညာကော်မတီ ဥက္ကဌ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ချိုနှင့် တာဝန်ရှိသူများမှ ပွဲစဉ် အလိုက် ဆုရရှိကြသော အကောင်းဆုံး အားကစား သမားများနှင့် ဆုရအသင်းများအား တံခွန်စိုက် ဒိုင်းဆုနှင့် ဆုတံဆိပ်များကို ပေးအပ် ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ စတင်ယှဉ်ပြိုင်ခဲ့ကာ အထူးပြုဘာသာရပ်အလိုက် ပိုက်ကျော်ခြင်း အားကစားအသင်း အားကစားအသင်း(၈)သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

MOI Webportal Myanmar

0 comments: