Sunday, February 1, 2015

ပုလောမြို့ အမှတ် (၁) ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွား အိမ်ခြေ (၂၈)လုံး ဆုံးရှုံး

ပုလောမြို့ အမှတ် (၁) ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွား အိမ်ခြေ (၂၈)လုံး ဆုံးရှုံး

၂၀၁၅ခုနှစ် ၊ ဖေဖော်ဝါရီလ (၁)နေ့ နေ့လည် (၃)နာရီ (၂၀) မိနစ် အချိန် မြိတ်ခရိုင် ပုလောမြို့ အမှတ် (၁) ရပ်ကွက် ဗိုလ်မှူးခင်မောင် လမ်းဆွယ်တွင် နေထိုင်သော ခင်ဇော်ဦး (ခ) ဇော်ငယ် (ဘ) ဦးဖေသန်း ၊ (နိုင်ငံသားမှတ်ပုံတင်အမှတ် ၆/ပလန (နိုင်) ၀၄၄၇၅၃ )၏ နေအိမ် မီးကျွင်း မီးကျန်မှ တဆင့် မီးလောင်ကျွမ်းခဲ့သည်။

ဓာတ်ပုံ - soe lay (ပုလောဆုံဆည်းရာ)

မီးလောင်ကျွမ်းမှုကြောင့် ဗိုလ်မှူးခင်မောင်လမ်းနှင့် မြ၀တီလမ်းရှိ နေအိမ် (၂၈)လုံးမှာ မီးလောင် ဆုံးရှုံးသွားခဲ့ပြီး နေအိမ် (၆)လုံးအား ဖြိုဖျက်ခဲ့ရကာ နေအိမ် (၃၁)လုံးမှာ အမိုးမျာဲးပျက်စီးခဲ့သည်။

မီးလောင်ကျွမ်းမှုအား ပုလောမြို့နယ် မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် လူမှုရေး အဖွဲ့အစည်းများ
ရပ်ကွက် ပြည်သူလူထုများက ၀ိုင်းဝန်း ငြိမ်းသတ်မှုကြောင့် ညနေ (၄)နာရီ (၂၀) မိနစ်တွင်
မီးညွန့်ကျိုးသွားသည်။

မီးဘေး ဒုက္ခသည်များအား ပုလောမြို့ ကမ်းရိုးတန်း ရတနာခန်းမတွင် ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားပြီး ဒေသအာဏာပိုင်များနှင့် ပုလောမြို့နေ ပြည်သူလူထုများမှ ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့လျက်ရှိသည်။

မီးစတင် လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင် ခင်ဇော်ဦး (ခ) ဇော်ငယ်အား ပုလောမြို့မ ရဲစခန်းမှ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

0 comments: