Saturday, February 7, 2015

ပထက်တောင် အတုလရံသီ ရွှေသာလျောင်းဘုရားကြီး ဘက်စုံပြုပြင် မွမ်းမံတည်ဆောက်ရေး ပါဝင်ကုသိုလ်ပြု လှူဒါန်းနိုင်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပထက်တောင် အတုလရံသီ ရွှေသာလျောင်း ဘုရားကြီး ဘက်စုံပြုပြင် မွမ်းမံတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေ၍ မူလအလှူရှင်များ၊ စေတနာရှင်များ၊ မြိတ်သူ/မြိတ်သားများ ပါဝင်ကုသိုလ်ပြု လှူဒါန်းနိုင်
=~=~=~=~=~=~=~=~=~=~=~=~=~=~=~=~=~=~
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပထက်တောင်ကမ်းခြေတွင် (၁၉၅၅)ခုနှစ်ကတည်းက တည်ထား ကိုးကွယ်လာခဲ့သည့် ဥာဏ်တော် ၂၁၆ ပေ (၁၄၄ တောင်) ရှိ အတုလရံသီရွှေသာလျောင်း ဘုရားကြီးနှင့် (၁၉၇၉)ခုနှစ်က တည်ဆောက်ခဲ့သည့် (၂၆၀ ပေ × ၆၀ ပေ) သံတန်ဆောင်းတော်ကြီး အပါအ၀င် သာသနာ့နယ်မြေ အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များ၊ စေတီပုထိုးတော်များ၊ ရုပ်လုံးများ၊ သာသနိက အဆောက် အဦများ ပြုပြု မွမ်းမံမှု လုပ်ငန်းများကို (၂၅ - ၁ -၂၀၁၅) ရက်နေ့မှ စတင်ဆောင်           ရွက်နြေ ပီဖြစ်ကြောင်း၊ ဘက်စုံပြုပြင် မွမ်းမံ တည်ဆောက်ရေး လုပ်ငန်း အတွက် ခန့်မှန်း ကုန်ကျမည့်ငွေမှာ ကျပ်သိန်း (၂၅၀၀)ခန့် ရှိကြောင်း၊ ယနေ့ အချိန်ထိ စေတနာရှင်များမှ လှူဒါန်းငွေ ကျပ်သိန်း (၁၅၀၀)ခန့် လက်ခံရရှိပြီး ဆက်လက် လှူဒါန်းလျှက် ရှိကြောင်း၊ မူလလှူဒါန်း ထားကြသည့် အလှူရှင်များ၊ စေတနာရှင်များ၊ ရပ်နီး/ ရပ်ဝေးမှ မြိတ်သူ/ မြိတ်သားများ ဆက်သွယ် လှူဒါန်းမှုပြုနိုင် ပါကြောင်း၊ ဘက်စုံ ပြုပြင် မွမ်းမံ တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးပါက ဗုဒ္ဓပူဇနိယ ပွဲတော်နှင့်အတူ အလှူတော်ရေစက်ချ မင်္ဂလာ အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ပြုလုပ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။



ဆက်သွယ်လှူဒါန်းလိုပါက
- ဂေါပက အဖွဲ့ရုံး၊ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့၊ လေးကျွန်းဆီမီးစေတီတော်ကြီး၊ မြိတ်မြို့။ 
ဖုန်း - ၀၅၉ ၄၁၁၁၆
- ဦးစံရည် ဖုန်း - ၀၉၄၂၂၁၉၃၅၇၇
- ဦးအင်ဟို ဖုန်း - ၀၉၅၆၄၀၅၅၉
- ဦးဖိုးလိပ် ဖုန်း- ၀၉၈၇၆၀၈၀၅
ဖုန်းနံပါတ်များသို့ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း သိရှိရသည်။

0 comments: