Wednesday, February 15, 2012

ကျွန်းစုမြို့နယ် ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာ

ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်လျက်ရှိသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာအတွက် ၀င်ရောက် အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းအား မြိတ်ခရိုင်ကော်မရှင်အဖွဲ့က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ (၃၅)အရ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်ပြီး ဖြစ်ကြောင်းနှင့် ထိုထုတ်ပြန်ချက်အား ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ အသီးသီးသို့ ဖြန့်ဝေပေးထားကြောင်း သတင်းရရှိသည်။

ထိုကြေညာချက်အရ ကျွန်းစုမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် ပြည်ခိုင်ဖြိုးပါတီက ဦးချစ်သန်းနှင့် NLD ပါတီ က ဒေါ်တင်တင်ရီတို့ ယှဉ်ပြိုင် အရွေးခံရမည် ဖြစ်ကြောင်း သိရှိရသည်။

NLD ပါတီက ဒေါ်တင်တင်ရီအား ယခင် မြိတ်မြို့ နှင့် ကျွန်းစုမြို့နယ် NLD မြို့နယ်စည်းအဖွဲ့များက ကိုယ်စားလှယ် လောင်း အဖြစ် မရွေးချယ်သင့်ကြောင်း NLD ဗဟိုသို့ ကန့်ကွက်ခဲ့သော်လည်း နောက်ဆုံးတွင် ဗဟို၏ ရွေးချယ်မှုဖြင့် ဒေါ်တင်တင်ရီမှာ ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုခဲ့သည်။

0 comments: