Tuesday, February 14, 2012

ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦချစ်သန်း၏ KNU နှင့် ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်မှု

KNU အဖွဲ့မှ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ခေါင်းဆောင်သော အဖွဲ့ဝင် ၁၉ ဦးသည် ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြ၀တီမြို့သို့ ရောက်ရှိခဲ့ပြီးနောက် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ဘားအံမြို့ ဇွဲကပင်ဟော်တယ်တွင် အစိုးရဘက်မှ ပြည်ထောင်စု ၀န်ကြီးများ ပါဝင်သော အဖွဲ့ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ အောင်မြင်စွာ ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ပြီ ဖြစ်သဖြင့် တနင်္သာရီတိုင်း ၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း တစ်ခုလုံး ငြိမ်းချမ်းရေးရရှိသွားပြီ ဖြစ်ပါသည်။

အဆိုပါ KNU နှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ရေးအတွက် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ အနေဖြင့် ဦးချစ်သန်း ခေါင်းဆောင်သော အဖွဲ့က ဆောင်ရွက်သွားတာ ဖြစ်ပါသည်။ ဦးချစ်သန်းမှာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် လစ်လပ်လျက်ရှိသော စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ နေရာဖြစ်သည့် ပြည်သူလွှတ်တော် ကိုယ်စားလှယ်နေရာတွင် NLD ပါတီမှ ဒေါ်တင်တင်ရီနှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။


ဦးချစ်သန်း၊ ၀န်ကြီး ဦးအောင်မင်း၊ ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုး



ဦးခင်ရီ၊ ဦးချစ်သန်း၊ ဦးအောင်မင်း၊ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ ဦးစိုးသိန်း


ဦးချစ်သန်း၊ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး
ဦးချစ်သန်း ညှိနှိုင်းမှုဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးနေကျစဉ်
မဲဆောက်တွင် ငြိမ်းချမ်းရေးအတွက် အကြို ဆွေးနွေးစဉ်
ပဲခူးတိုင်းဒေသကြီးမှ ဂုဏ်ပြုပွဲ ပြုလုပ်စဉ်

ငြိမ်းချမ်းရေး အောင်ပွဲ


0 comments: