Saturday, February 4, 2012

မြိတ် NLD ပါတီမှ ဦးအောင်လင်းနှင့် ဇနီး ဒေါ်ရီရီချို တို့က တနင်္သာရီတိုင်း အစိုးရအဖွဲ့အား အပုတ်ချတိုက်ခိုက်

http://tanintharyinews.blogspot.com/ blogတွင် တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ ပူးပေါင်း ဒါးမြ တိုက်ဖြစ်ရပ်မှန် သတင်းစဉ် ခေါင်းစဉ်ဖြင့် ရော်ဘာနှင့် ဆန်စပါး လုပ်ငန်းရှင် ဦးအောင်လင်း နှင့် ဇနီး ဒေါ်နီနီချိုတို့ ပိုင်ဆိုင်သော သမုတ်ကျေးရွာအုပ်စုရှိ မြေဧက (၁၀၀)တွင် စိုက်ပျိုးထားသော ရော်ဘာ(၃)နှစ် သား အရွယ်ရှိ မြေအား ဗိုလ်ချုပ်ထင်အောင်ကျော်(အငြိမ်းစား)မှ အတင်းလုယူရန် ကြိုးစားနေဟူသော သတင်းတစ်ပုဒ် ရေးသား ဖော်ပြခဲ့ပါသည်။

ထိုသတင်းနှင့် ပတ်သက်၍ မြိတ်မြို့ရှိ ရော်ဘာလုပ်ငန်း လုပ်ကိုင်နေသော အသိုင်းအ၀ိုင်းက အခြေအမြစ် မရှိသော သတင်းတစ်ပုဒ်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ လုပ်ပိုင်ခွင့် ချပေးထားပြီး ဖြစ်သော မြေကွက်အား လုပ်ပိုင်ခွင့်ရရှိသူများ သဘောမတူပဲ မည်သူမှ အတင်း အဓမ္မလုယူ လုပ်ကိုင်ခွင့်မရှိကြောင်း၊ ဦးအောင်လင်း ကိုယ်တိုင်လည်း ထိုမြေဧက (၁၀၀)အား ၀ယ်ယူထားခြင်း မရှိပဲ ယခင်အစိုးရ အဆက်ဆက်ထံ လာဘ်ထိုးပြီး သမုတ်ကျေးရွာအတွင်းရှိ ဓားမဦးချ မြေယာလုပ်ကိုင်နေသော တောင်သူများထံမှ အာဏာပိုင်များနှင့် ပေါင်းပြီး အတင်းအဓမ္မလုယူထားသူတစ်ဦး ဖြစ်ကြောင်း၊ ဦးအောင်လင်း၏ ဇနီးဖြစ်သူမှာ မြိတ်မြို့ NLD ပါတီတွင် အောင်နိုင်ရေး ကော်မတီတွင် ပါဝင်သူတစ်ဦး ဖြစ်ပြီး စည်းရုံးရေးမှူး တစ်ဦးလည်း ဖြစ်ကြောင်း၊ NLD ရုံးဖွင့်ပွဲတွင် ငွေ(၁၀)သိန်း လှူဒါန်းပြီး ငွေကြေးအားကိုးဖြင့် NLD ပါတီတွင် နေရရရှိရန် ကြိုးပမ်းနေသူ တစ်ဦးဖြစ်ကြောင်း၊ အကယ်၍ ဦးထင်အောင်ကျော်နှင့် အစိုးရအဖွဲ့တို့ မတရားလုပ်ပါက လွှတ်တော် ဥက္ကဋ္ဌများနှင့် အမြင့်ဆုံး နိုင်ငံတော် သမ္မတ အထိ ထိထိရောက်ရောက် တိုင်ကြားနိုင်ကြောင်း ထိုသို့ တိုင်ကြားခြင်း မပြုပဲ NLD ပါတီအားကိုးဖြင့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့အား ပုတ်ခတ်ခဲ့သည်မှာ ဥပဒေအရ အရေးယူ၍ ရကြောင်း၊ ဝေဖန်ပြောဆိုလျက် ရှိပါသည်။

ဦးအောင်လင်း နှင့် ဇနီး ဒေါ်ရီရီချိုတို့သည် မြိတ်မြို့နယ်အတွင်း ရော်ဘာဧကပေါင်းများစွာနှင့် လယ်ဧက ပေါင်းများစွာအား တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသော တောင်သူလယ်သမားများထံမှ ယခင် အစိုးရလက်ထက် အဆက်ဆက်တွင် လာဘ်ထိုးပြီး အတင်းအဓမ္မ သိမ်းယူထားသော လုပ်ငန်းရှင်တစ်ဦး ဖြစ်ကြောင်း၊ ၄င်းသည် ချမ်းသာကြွယ်ဝသော်လည်း ဒေသအကျိုးပြုလုပ်ငန်းတွင် တစ်ပြားတစ်ချပ်ပါဝင် လှူဒါန်းခဲ့သူမဟုတ်ပဲ NLD ခေါင်းထောင်လာသည့် အချိန်တွင် NLD ပါတီအား ငွေ(၁၀)သိန်း လှူဒါန်းပြီး ဒေါ်စုကြည်နှင့် ရင်းနှီးမှု ရရှိရန် ကြိုးပမ်းနေကြောင်း သိရှိရပါသည်။

ဦးအောင်လင်းအား NLD ရုံးဖွင့်ပွဲတွင် တွေ့ရပုံ


ဦးအောင်လင်းဇနီး ဒေါ်ရီရီချို (အလယ်ပုံ)



0 comments: