Wednesday, February 22, 2012

အ၀တ်လှန်းသည့်နေရာ ဖြစ်နေသော မြိတ်မြို့ လွတ်လပ်ရေး ကျောက်တိုင်

မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ ဒေသအခေါ် လွတ်လပ်ရေးကျောက်တိုင်(ဘီအိုင်အေ-ကျောက်တိုင်)နဲ့ ပန်းခြံဟာ နှစ်ပေါင်း များစွာ ပြုပြင် မွမ်းမံခြင်း မရှိလို့ အခု ဓာတ်ပုံမှာ မြင်ရတဲ့အတိုင်း အနီးအနား နေအိမ်က ကျောက်တိုင်ပေါ်မှာ အ၀တ်လှန်းနေတာ တွေ့နေရပါ။ ပန်ခြံဟာလည်း ချုံနွယ်ပိတ်ပေါင်းတွေနဲ့ ရှုပ်ထွေး နေတာ တွေ့ရပါတယ်။ မြိတ်မြို့ ပြည်သူလူထုကလည်း အဲဒီ ကျောက်တိုင်နဲ့ ပန်းခြံကို မြို့အင်္ဂါ ရပ်နဲ့ ညီအောင် မွမ်းမံပေးဖို့ လိုလားနေကြပါတယ်။

ယခုဆို မြိတ်မြို့မှာ အနားယူအပန်းဖြေစရာ ပန်းခြံ တစ်ခုမှ မရှိပါဘူး။ ယခင်ဦးမြတ်လေး ပန်းခြံကိုလည်း မြို့လူထု သဘောမတူ ၊ ဆရာတော်ကြီးတွေ ၀ိုင်းဝန်းကန့်ကွက်တဲ့ကြားက အမိန့်အာဏာနဲ့ တိုင်းစည်ပင် အဆောက်အဦးကြီး ဆောက်လုပ်ထားပြီး ဖြစ်ပါတယ်။ စည်ပင်တာဝန်ရှိသူတွေကလည်း တိုင်းစည်ပင် ညွှန်မှူး အိမ်ရှေ့နဲ့ မှာ ပန်းအလှတွေ အရမ်း ပြုပြင်ထားပေမယ့် အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတော့ ဒီအတိုင်း လစ်လျူရှုထားတာ ကြာပီဟု ဆိပ်ငယ်ရပ်ကွက် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

လွတ်လပ်ရေးကျောက်တိုင်သည် မြိတ်မြို့ရှိ လူအစည်ကားဆုံး နေရာတွင် ရှိပြီး ထိုသို့ ပြုပြင်မွမ်းမံခြင်း မရှိသဖြင့် အရုပ်ဆိုးအကျည်းတန်ကြောင်း၊ ယခင်ကလည်း ကျောက်တိုင်ပန်းခြံအတွင်း စည်ဘီယာ ဆိုင် ဖွင့်လှစ်ရန် စည်ပင်က ခွင့်ပြုလိုက်ပြီးနောက် စစ်မှုထမ်းဟောင်း အဖွဲ့က ကန့်ကွက်သဖြင့် ပြန်လည် ရုပ်သိမ်း လိုက်ရကြောင်း သိရှိရသည်။

မြိတ်မြို့ ပြည်သူလူထုများသည် လွတ်လပ်ရေးကျောက်တိုင်နှင့် ပန်းခြံအား သပ်ယပ်လှပစွာ ပြုပြင်မွမ်းမံ ပြီး ပြည်သူ လူထု အပန်းဖြေ နေရာအဖြစ် ဖြစ်စေလိုကြောင်း သိရှိရသည်။







0 comments: