Tuesday, February 28, 2012

ကျွန်းစု NLD အဖွဲ့နှင့် ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီတို့ ခွာပြဲပြီ

http://demomyeik.blogspot.com/ မှ ရယူပါသည်။

ကျွန်းစု NLD အဖွဲ့နှင့် လာမဲ့ ကြားဖြတ် ရွေးကောက်ပွဲတွင် ကျွန်းစုမဲဆန္ဒနယ်မှ ၀င်ရောက် အရွေးခံမည့် NLD လွတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်တင်ရီတို့သည် ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့က ကျွန်းစုမြို့နယ် မဲအောင်နိုင်ရေး အတွက် ဘတ်ဂျက်ငွေ အသုံးပြုရေး၊ NLD ရပ်/ကျေး ရုံးခွဲ ဖွင့်လှစ်ရေး တို့ကို မြို့သစ်ရပ်ရှိ ကိုနိုင်ဦးအိမ်၌ တွေ့ဆုံဆွေးနွေးကြရာ ၎င်းဆွေးနွေးပွဲမှာ မအောင်မြင်ဘဲ ပဋ္ဋိပက္ခ များစွာ နဲ့ နောက်ဆုံးခွာပြဲ သွားခဲ့ကြောင်းကို ကျွန်းစုမြို့နယ် NLD ဥက္ကဌ ဦးဖိုးကြည်က ခုလိုပြော ပါသည်။

"ဒေါ်တင်ရီက လွတ်တော် ကိုယ်စားလှယ်လောင်း ရာထူးကိုပဲ အရူးအမူးဖြစ်နေပြီး နိုင်ငံရေးကို နားမလည်ဘူး၊ လုပ်လည်း မလုပ်တတ်ဘူး၊ ကျွန်တော်တို့ တင်ပြ ဆွေးနွေးတာကိုလည်း လစ်လျှုရှုပြီး သူ့သဘောနဲ့သူ လုပ်ချင် သလိုလုပ်တယ်။ ကျွန်တော်တို့က စည်းရုံးရေးအတွက် ငွေဘယ်ရွေ့ ဘယ်မျှပေးပါလို့ ဆိုပြီးသူ့ကို မတောင်း ဆိုဘူး၊ သူ့မှာလည်း ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲ တွေရှိမှာပါပဲ ဆိုတာကို ကျွန်တော်တို့ နားလည်တယ်။ ခုလည်း စည်းရုံးရေးကိစ္စတွေကို ကိုယ့်ဘာသာကိုယ် အိပ်စိုက်ပြီး လုပ်နေတာပဲ။ နိုင်ငံရေး လုပ်တယ် ဆိုကတည်းက အားလုံးကို စွန့်လွတ် ထားပြီးသားပါ။ ခုတော့ဗျာ .. ဒေါ်တင်ရီက သူလွတ်တော် ကိုယ်စား လှယ်လောင်းပဲ ဆိုပြီး သူ့ကိုကြိုးကိုင်ထားတဲ့ လူတွေ အားကိုးနဲ့ ကျွန်တော် တို့ကို ဂရုမစိုက်ဘူး။ ဘောင်ကျော် ပြီး ကျွန်တော်တို့ အဖွဲ့ သိက္ခာ ကျအောင် တမင်တကာ ဖျက်လိုဖျက်ဆီး လိုက်လုပ်နေတယ်။ ပြောရရင်တော့ အများကြီးပဲဗျာ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်မှာစိုးလို့ ပါတီ အတွက် ငဲ့ကွက်ပြီး မပြောတော့ ပါဘူး။ ခုစခန်းသစ်ရွာ ရုံးဖွင့်မဲ့ ဆိုင်းဘုတ်ကိုလည်း အရှည်(၁၂)ပေ ခွဲလုပ်လို့ ကျွန်တော်က ခင်ဗျားဟာ (ဗဟို) ထက် ကြီးနေပြီ ဒါမျိုးလုပ်လို့ မရဘူး ပြောတာကိုလည်း နားမထောင်ဘူး .. အတော်မွှေတဲ့မိန်းမပဲဗျာ . . မြိတ်မြို့ နယ်မှာလည်း နားမလည်ဘဲ သူတို့ အုပ်စု လျှောက်မွှေလို့ နှစ်ခြမ်း ကွဲသွားပြိ .. ကျွန်တော်တို့ ကျွန်းစုမှာတော့ ဒါမျိုးလုံးဝ အဖြစ်မခံနိုင်ဘူး .. ခုသူ့ကို ကျွန်တော်တို့ အုပ်စုက ရွေးကောင်ပွဲ အောင်နိုင်ရေး အတွက် လုပ်မပေးနိုင်တော့ဘူး ဆိုတာ ကိုလည်း (ဗဟို)ကို အသိပေး အကြောင်းကြား လိုက်ပြီးပြီ။ သူပေး ထားတဲ့ ဖုန်းလည်း ပြန်အပ်လိုက်ပြီ .. ဖုန်းဆိုင်ကို လည်းမှာ ထား တယ် ဒေါ်တင်ရီ ဆိုရင် ဖုန်းချလိုက်လို့ .. ပါတီ အတွက်တော့ သိပ်ဝမ်းနည်းဖို့ ကောင်းတာပဲဗျာ .. ဒါနဲ့ ပတ်သက်ပြီး ပါတီက ကျွန်တော်တို့ အုပ်စုကို ထုတ်ပစ်ရင်လည်း မတတ်နိုင်ဘူး .. ကြားဖြတ်ရွေးကောက်ပွဲကို ဒေါ်တင်ရီအုပ်စုနဲ့ လုံဝ တွဲလုပ်လို့ မရတာကြောင့် လက်ရှောင်လိုက်တာ ဆိုပေမဲ့ (၂၀၁၅) ပါတီ အင်အား ခိုင်မာ တောင့်တင်းရေး အတွက်တော့ ကျွန်တော်တို့ အုပ်စု စည်းရုံးရေး လုပ်ငန်းတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမှာပါ .. " ဟု ကျွန်းစုမြို့နယ် NLD ဥက္ကဌ ဦးဖိုးကြည် မှ ပြောဆိုသွားကြောင်း ပါဗျား .. ။

တနင်္ဂနွေသား

2 comments:

ုkochit said...

ခင်ဗျားနောက်ကျနေတယ်၊ တနင်းဂနွေသားနဲ့ ချိတ်လေ

lusoe said...

ဟားဟားရီရတယ်မနာလိုကြပုံများ