Sunday, February 19, 2012

တနင်္သာရီမြို့ NLD ရုံးဖွင့်ပွဲအား အကွဲအပြဲဖြင့် အပြိုင်လုပြီးဖွင့်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ NLD ရုံးဖွင့်ပွဲကို ဖေဖေါ်ဝါရီ (၁၀)ရက်နေ့က အောင်မြင်စွာ ဖွင့်လှစ် လိုက်ပြီး ၄င်းအခမ်းအနားကို ဒေသခံမြို့သူမြို့သား လူထုအင်အား(၁၀၀)ကျော် တက်ရောက်ကြောင်းသိရသည်။ သို့ပါသော်လည်း ၄င်းရုံးကို ဒီချုပ်(ဗဟို) ညွှန်ကြားချက်နှင့်အညီဖွင့်လှစ်ခဲ့ခြင်း မဟုတ်ကြောင်းကို ၄င်းရုံးဖွင့်ပွဲသို့ ကိုယ်တိုင် တက်ရောက်ခဲသူ NLD အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါသည်။

"ဖေဖေါ်ဝါရီ (၄)ရက်ညက ကိုအောင်စိုးက ဖုန်းဆက်တယ် .. ဖုန်းဆက်တဲ့အကြောင်းက ကိုအောင်စိုးနဲ့ ကိုစိုးလွင် နှစ်ယောက် ပေါင်းပြီး ဖေဖေါ်ဝါရီ(၂၄)ရက်မှာ တနင်္သာရီမြို့မှာရုံးဖွင့်မယ် .. ပြီးတော့ (၂၆)ရက်မှာ ဘုတ်ပြင်းရုံး ဖွင့်မယ်လို့ သူက ညွှန်ကြားလိုက်တယ် .. အဲဒီညွှန်ကြားချက်ကို ဦးသန်းထွန်း (တိုင်းအောင်နိုင်ရေး အဖွဲ့ဝင်) က ကြားပြီး လူငယ်တာဝန်ခံ မင်းဇော်တင့်ကိုခေါ်တယ် .. မင်းဇော်တင့်ကို ခေါ်ပြီး (၅)ရက်နေ့မှာ တနင်္သာရီကို တက်ပြီး အိမ်တစ်ဆောင် ငှားလိုက်ကြတယ် ..အိမ်က တနင်္သာရီမြို့ပြင်က မွန်စုရပ်ကွက်ထဲမှာပါ .. အဲဒီလို သွားငှား လိုက်ကြောင်းကို ကျွန်တော်တို့ရဲ့ ဥက္ကဌ ကိုစိုးလွင်က မသိဘူးပေါ့ဗျာ ..(၆)ရက်နေ့ စောစောမှာ ကိုစိုးလွင်တို့ အုပ်စုက တနင်္သာရီကို သွားမယ်လို့ စီစဉ်မှ အဲဒီ သတင်းကိုကြားတယ် .. ကြားကြားခြင်းပဲ ကိုစိုးလွင်က လူငယ်(ဒု)တာဝန်ခံ ဇာနည်ကို ကိုမင်းဇော်တင့်ဆီ လွှတ်ပြီး တရားဝင် မေးခိုင်းတော့ မင်းဇော်တင့်က ဟုတ်မှန်ကြောင်းဝန်ခံတယ် .. အဲဒီတော့ ကိုစိုးလွင်တို့ အုပ်စုက ခရီးစဉ် ဖျက်သိမ်းပြီး တိုင်းအတွင်းရေးမှူး ဖြစ်တဲ့ ကိုအောင်စိုးဆီ ဖုန်းဆက် အကြောင်းကြား လိုက်တယ် .. ကိုအောင်စိုးက ခုလိုပုံစံမျိုးဆိုရင် ဦးစိုးလွင်တို့ အုပ်စု မသွားပါနဲ့တော့လို့ ပြန်တားလိုက်တယ်လို့ သိရတယ် .. ခုရုံးကို ဦးစီးပြီး သွားဖွင့်တဲ့လူတွေက ဦးသန်းထွန်း မင်းဇော်တင့် ၊ ဒေါ်တင်ရီနှင့် အပေါင်းအပါတွေပေါ့ဗျာ .. ဘယ်သူဘယ်ဝါ ဘယ်ပါတီကပဲ ကြားကြား ဒီလို လုပ်ရပ်မျိုးက သိပ်ပြီးတော့ ရှက်စရာ ကောင်းတဲ့ လုပ်ရပ် တွေပါပဲ .. စစ်အစိုးရ အဖမ်းအဆီး ကာလတုန်းက ခုလိုမျိုး အသဲအသန်လုပြီး နိုင်ငံရေး ဘာကြောင့် မလုပ်ကြတာ လည်းလို့ ကျွန်တော့် အနေနဲ့ မေးလိုက်ချင်ပါရဲ့ဗျာ .. ခုတော့မြိတ်၊ ကျွန်းစု၊ တနင်္သာရီ အဲဒီရုံးဖွင့်ပွဲ အားလုံးကို ခုလိုပုံစံမျိုး လုပ်သွားကြတာချည်းပဲ .. အဲဒါကိုကြည့်ခြင်းအားဖြင့် ဒေါ်စုပြောပြောနေတဲ့ ဥပဒေ စိုးမိုးရေး၊ တရာမျှတရေး ဆိုတဲ့အရာတွေဟာ ကျွန်တော်တို့ NLD အဖွဲ့စည်းအထူးသဖြင့် မြိတ်အုပ်စုထဲမှာ မရှိတော့ ဘယ်လိုလုပ်ပြီး လူထုကို စံပြလုပ်လို့ ရမှာတဲ့လဲ? အဲဒါကတော့ သိပ်ဝမ်းနည်းဖို့ ကောင်းတဲ့ အခြေ အနေ တစ်ရပ်ပါပဲဗျာ ." ဟု သူက စိတ်ပျက်လက်ပျက်ရင်ဖွင့်သွားကြောင်းပါဗျား .. ။
















0 comments: