Sunday, December 28, 2014

အသက် (၁၀၀)နှင့် အထက် သက်ကြီးဝါကြီး အဘိုးအဘွားများအား ဂုဏ်ပြု ချီးမြှင့်မည်

အသက် (၁၀၀)နှင့် အထက် သက်ကြီးဝါကြီး အဘိုးအဘွားများအား ဂုဏ်ပြု ချီးမြှင့်မည်
----------------------------------------------
နိုင်ငံတစ်ဝန်းရှိ အသက် (၁၀၀)နှင့် အထက် သက်ကြီး ၀ါကြီး အဘိုး ၁၆၉ ဦး၊ အဘွား ၄၀၀ စုစုပေါင်း ၅၆၉ ဦးတို့အား နိုင်ငံတော် သမ္မတက ၂၀၁၅ ခုနှစ် ၊ ဇန်န၀ါရီလ ၄ ရက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဂုဏ်ပြုခံ သက်ကြီးဝါကြီး ပုဂ္ဂိုလ်များ အဖြစ် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ အထောက်အပံ့များ ပေးအပ်သွားမည် ဖြစ်သည်။



ထို့အပြင် အသက် (၁၀၀) ပြည့်ပါက ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် အထောက်အပံ့ပေးခြင်းများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါ၍ အသက် (၁၀၀) ပြည့်မြောက် ပါက အထောက်အထား များနှင့်အတူ မိမိတို့ နေထိုင်သော တိုင်းဒေသကြီး / ပြည်နယ် အစိုးရ အဖွဲ့များမှ တဆင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနသို့ အကြောင်း ကြားနိုင်ရန် မေတ္တာရပ်ခံ ထားကြောင်း (၂၆)ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည် ။

0 comments: