Monday, December 8, 2014

ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ မြေတူးရာ၌ တွေ့ရှိ

ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ မြေတူးရာ၌ တွေ့ရှိ

တနင်္သာရီ - ဒီဇင်ဘာလ (၇)ရက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့ လေသာတောင်စေတီရင်ပြင် ၀ထ္ထကမြေ၌
ရွှေဘုန်းပွင့် စေတီတည်ထားရန် တူးဖော်ရာတွင် ဒီဇင်္ဘာလ(၅)ရက်နေ့ ညနေ(၃)နာရီ အချိန်က ပလ္လင်မှဦးခေါင်းတော်အထိ (၅)လက်မစီရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ရွှေ(၃)ဆူ၊ ငွေ(၁၅)ဆူ နှင့် (၆)လက်မအရွယ်ငွေတစ်ဆူ၊ ကျိုးပဲ့ပျက်စီးနေသည့်(ငွေ)တစ်ဆူ ပေါင်း ရုပ်ပွားတော်(၂၀) တို့ကို မြေသားအုတ် တစ်ထပ် အပေါ်ရွှေသား/ ငွေသား တစ်ထပ်စီသပိတ်ကဲ့သို့ ကွပ်ထားကြောင်း သိရှိရသည်။


၎င်း ဗုဒ္ဓရုပ်ပွားတော်များ တူးဖော်တွေ့ရှိရသည့် မြေနေရာတွင် တနင်္သာရီမြို့ ၀င်္ကပါတောင် ဆရာတော် ဘဒ္ဒန္တဥက္ကံသ ၏ သြ၀ါဒဖြင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချပ်ခင်မောင်ဌေး မှ မတည်၍ တည်ထားလျက် ရှိသော ရွှေဘုန်းပွင့်စေတီ မြေနေရာဖြစ်ပြီး အမှတ်(၅၆၁) ခြေမြန်တပ်ရင်း မှဗိုလ်ကြီးကျော်မျိုးထွဏ်း ဦးဆောင်သောအဖွဲ့က တူးဖော်တွေ့ ရှိခြင်းဖြစ်၍ ဗုဒ္ဓရုပ်ပွားတော်များအား လေသာတောင် စေတီ ဓမ္မာရုံတွင် ယာယီပူဇော်ခံထားရှိရာ လာရောက်ဖူးမြှော်များဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

မြိတ်ပြန်ဆက်

0 comments: