Monday, December 8, 2014

အထက(၂)မြိတ် ကျောင်းသား ကျောင်းသူဟောင်းများ မြတ်ဆရာ ပူဇော်ပွဲ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးနှင့် အလှူငွေ ပေးအပ်ပွဲ ပြုလုပ် ကျင်းပ



အထက(၂)မြိတ် ကျောင်းသား ကျောင်းသူဟောင်းများ မြတ်ဆရာ ပူဇော်ပွဲ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးနှင့် အလှူငွေ ပေးအပ်ပွဲ ပြုလုပ် ကျင်းပ

နှစ်စဉ် ကျင်းပမြဲ ဖြစ်သော မြိတ်မြို့ အထက၂ ကျောင်းသား ကျောင်းသူဟောင်း များ၏ ၁၄ ကြိမ်မြောက် မြတ်ဆရာ ပူဇော်ပွဲ ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး တတိယ အကြီမ် ညှိနှီုင်း အစည်းအဝေးနှင့် အလှူငွေ ပေးအပ်ပွဲကို (၇း ၁၂း၂၀၁၄) တနင်္ဂနွေနေ့ နေလည်(၁)နာရီတွင် မြိတ်မြို့ အထက၂ ခမ်းမတွင် ကျင်းပပြုလုပ် ခဲ့ရာတွင် ကျောင်းသား ကျောင်းသူ များ ၅၀ ခန့် တက်ရောက်၍ မြတ်ဆရာ ပူဇော်ပွဲ ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် ဆုံးဖြတ်ချက် အကြံပြုချက်များ ချမှတ် အကောင်အထည် ဖော်ခဲ့ကြ ပါသည်။


၎င်းအစည်းအဝေး မှ (၁၄) ကြိမ်မြောက် မြတ်ဆရာ ပူဇော်ပွဲကို လာမည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ တနင်္ဂနွေနေ့ နေလည် ၁၂ နာရီလည်းကောင်း ။ တဆက်တည်း မှာပင် ကျောင်းသားဟောင်း များ၏ ကံစမ်းမဲ ပျော်ပွဲရွှင်ပွဲ များကို ည ၆နာရီ အချိန်ထိ ကျင်းပသွားမည် ဖြစ်ပါသည် ။ ၎င်း ရက်မတိုင်မီ ဇန်နဝါရီလ ၁၀ ရက်နေ့ စနေ့နေ့တွင် ကွယ်လွန်သော ဆရာကြီး ဆရာမကြီးများ ။ ကွယ်လွန် သွားသော ကျောင်းသားဟောင်း များကို ရည်းစူး၍ ဆွမ်းကျွှေး တရားနာ အမျှအတန်း ဝေခြင်း စုစည်း ညီညွှတ်စွာဖြင့် ကျင်းပသွား ကြမည် ဖြစ်ကြောင်း အတည်ပြု ဆုံးဖြတ်ကြ ပါသည်။

ဆက်လက်၍ အလှူငွေများ ထည့်ဝင် လှူဒါန်းကြရာတွင်
၁။ ဒေါ်သူဇာမြင့် မိသားစု ႀသစေတ်းလ် မွ ၃၀၀၀၀၀ိ/
၂။ ဦးစိုးရီ ဒေါ်မြကြည် မိသားစု ၁၀၀၀၀၀ိ/
၃။ ဦးစိန်မင်း ဒေါ်စန္ဒာဝင်း ၁၀၀၀၀၀ိ/
၎။ကိုအေးစီုး မမြင်မြင့်သန်း မှ ဗွီဒိယိုရီုက်ကူးရေး အတွက်၎င်း
၅။ကိုကျော်နိုင် မမြတ်စန္ဒာ မှ ဆရာကြီး ဆရာမကြီးများ ဧည့်ခံကျွှေးမွှေး ရေးအတွက်၎င်း
၆။ကိုသန်းလှိုင်ဦး မနွယ်နွယ်ဝင်း မှ ကြော်ငြာဗွီနီုင်း များအတွက်၎င်း
၇။ကိုသန်းထွန်းဦး မဇင်မာဝင်း မှ လိုအပ်သောသောက်ရေသန်းဗူးများကို၎င်း
၈။ကိုအော်ကြီး မယုယုခင် မှ ဆရာကြီး ဆရာမကြီးများ ကြို့ပို့ ကား များအတွက်၎င်း
၉။ဦးထွန်းဝင်း ဒေါ်တင်တင်မီုး မိသားစု မှ ငွေပဒေသာပင် တပင် ၅၀၀၀ နှုန်းဖြင့် ၁၀ပင် ၅၀၀၀၀င်္ိ
၁၀။ထိုင်း နိုင်ငံရောက် ၉၉ကျောင်းသူဟောင်း မတူးတူးလတ်မှ အလှူငွေ ၅၀၀၀၀ိ အား လည်းကောင်း တတိယ အကြိမ် အစည်းအဝေးတွင် ပါဝင်လှူဒါန်းခဲ့ကြသည်။


0 comments: