Monday, December 29, 2014

မြိတ်မြို့ ရှိ တော်ဝင်ဆေးရုံနှင့် ပတ်သက်သော သတင်းမှာ မှန်ကန်ခြင်း မရှိပဲ ကောလာဟာလ သာဖြစ်

မကြာမီ ရက်ပိုင်း အတွင်းက မြိတ်မြို့  မြစ်ငယ်ရပ် ဗိုလ်ချုပ်ရုပ်ထု အရှေ့ရှိ တော်ဝင်ဆေးရုံနှင့် ပတ်သက်၍  ပြင်ပတွင် ဖြစ်ပေါ်သော ကလေးမွေးဖွားရာတွင် ပြုတ်ကျပြီး သေဆုံးသည်ဟု  သတင်းမှာ မှန်ကန်ခြင်း မရှိပဲ ကောလာဟာလသာ ဖြစ်ကြောင်း သိရသည်။

ကလေးငယ် ပြုတ်ကျသည် ဆိုသည့် သတင်းစကားသည် တော်ဝင်ဆေးရုံနှင့် ပတ်သက်ပြီး မလိုသူ တချို့၏ မဟုတ်မတရား ပြောကြားလေ့ ရှိသောကောလဟာလ သတင်းစကား တစ်ခုသာဖြစ်ပြီး ထိုအဖြစ်အပျက်မျိုး လုံးဝ (လုံးဝ)မရှိခဲ့ကြောင်းနှင့် ၄င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သူမဆို တိုက်ရိုက် စုံစမ်း မေးမြန်းနိုင် ပါကြောင်းနှင့် ကောလာဟာလ သတင်းစကား ထုတ်လွင့်သူအား စုံစမ်းဖော်ထုတ်ပြီး တရားဥပဒေ အရ ဖြေရှင်းသွားမည် ဖြစ်ပါကြောင်း တော်ဝင် ဆေးရုံ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

0 comments: